
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံများအပါအဝင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ပဲတောင့်ရှည် (ခေါ်) တစ်လပဲ သီးနှံကို စိုက်ပျိုးကြကြောင်း ပဲတောင့်ရှည်(ခေါ်)တစ်လပဲသီးကို ရာသီမရွေး စိုက်ပျိုး နိုင်ပြီး တစ်လ ခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင်မျိုးများကိုသာစိုက်ပျိုးပြီး ဘောင်ခတ်စနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကြပြီး ပဲညွန့်များ ထွက်ပေါ်ချိန်တွင် တိုင်ထောင်ပေးရကြောင်း၊ မြေပြုပြင်ခ၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧက လျှင် ၄ သိန်းကျပ်ခန့် ကုန်ကျပြီး ပိဿာချိန် ၃၀၀-၃၅၀ ပိဿာခန့်ထွက်ရှိရာ သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်း များ ကွာခြားမှုရှိကြောင်း၊ ဈေးကွက် အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူမှု များရှိသည့်အပြင် အချို့ တောင်သူများမှ လည်း ကျောက်ဆည်မြို့ရှိ ကုန်စိမ်းလက်ကားဆိုင်များသို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက် ရှိကြောင်း၊ ယခုဈေးထဲ၌ ဖြစ်ပေါ်နေသော ပဲတောင့်ရှည် (ခေါ်) တစ်လပဲတစ်ပိဿာ လျှင် (၂၀၀၀/-) ကျပ်ဈေးများဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
