ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖျာပုံခရိုင်၏ ဆေးနှင့်ဆေးပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဆေးနှင့်ဆေးပစ္စည်းများ၏  ဈေးနှုန်းများ မြင့်တက်မှုနှင့် ပစ္စည်းပြတ်လတ်မှု မရှိစေရေးအတွက် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍  ကွင်းဆင်းစိစစ်ဆေးခဲ့ရာ ယခုလ အောက်တိုဘာ( တတိယပတ် )တွင် ဖြစ်ပေါ်နေသော ဆေးဈေးနှုန်း( ၁ )ကဒ်အခြေအနေမှာ Metformin( ၆၅၀ )ကျပ်၊ Livolin Forte          ( ၁၀၀၀၀ )ကျပ်၊ Biogesic( ၃၀၀၀ )ကျပ်၊ Dexanethasone( ၅၀၀ )ကျပ်၊ Betax( ၉၅၀၀ )ကျပ်၊ Amoxicillin( ၁၃၀၀ )ကျပ်၊ Becozinc( ၈၀၀၀ )ကျပ်၊ Decolgen( ၄၃၀၀ )ကျပ်၊ Gofen( ၆၂၀၀ )ကျပ်၊ Enervon-c(၈၅၀၀)ကျပ်၊ Hepalucky(၅၈၀၀)ကျပ်၊ Air-x(၂၄၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိရာ အောက်တိုဘာလ( ဒုတိယ )ပတ်တွင်  Metformin( ၆၅၀ )ကျပ်၊ Livolin Forte  ( ၁၀၀၀၀ )ကျပ်၊ Biogesic( ၃၀၀၀ )ကျပ်၊ Dexanethasone( ၅၀၀ )ကျပ်၊ Betax( ၉၅၀၀ )ကျပ်၊ Amoxicillin( ၁၃၀၀ ) ကျပ်၊ Becozinc(၈၀၀၀)ကျပ်၊ Decolgen(၄၃၀၀)ကျပ်၊ Gofen(၆၂၀၀)ကျပ်၊ Enervon-c(၈၅၀၀) ကျပ်၊ Hepalucky( ၅၈၀၀ )ကျပ်၊ Air-x( ၂၂၀၀ )ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။  

          အောက်တိုဘာ တတိယပတ်နှင့် ဒုတိယပတ်ကို နှိုင်းယှဉ်လျင် ယခု(  တတိယ  )အပတ်တွင်  Air-x(၁)ကဒ်လျှင် (၂၀၀)ကျပ် ဈေးနှုန်းအနည်းငယ် မြင့်တက်နေကြောင်းနှင့် ကျန်ဆေးပစ္စည်းများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

   မန္တလေးပဲကြီးစျေးပိုမိုရရှိ

            ပဲကြီးသီးနှံမှာ ပြည်တွင်း ၌စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင်  ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၄၄၀၀၀၀ကျပ်နှင့် ၄၅၀၀၀၀ကျပ်၊ ပဲကြီး (လတ်)၃၇၀၀၀၀ကျပ်နှင့်၄၂၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၃၀၀၀၀ကျပ်နှင့်၃၅၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာပဲကြီး (ကြီး) ၇၉၆၄ကျပ်နှင့် ၈၁၄၅ ကျပ်၊ ပဲကြီး(လတ်)၆၆၉၇ကျပ်နှင့် ၇၆၀၂ကျပ်၊ ပဲကြီး (သေး)၅၇၉၃ကျပ်နှင့်၆၃၃၅ကျပ်ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပဲကြီး(ကြီး)၅၀၆၈ကျပ်နှင့်၅၇၉၂ကျပ်၊ပဲကြီး(လတ်)၄၅၂၅ကျပ်နှင့်၄၈၈၇ကျပဲကြီး(သေး)၄၉၈၂ကျပ်နှင့် ၄၂၅၃ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

အောက်တိုဘာလတတိယပတ်ရှိကုလားပဲစျေး

            ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများမှာ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2)၂၄၅၀၀၀ကျပ်နှင့် ၂၄၈၀၀၀ကျပ်၊ကုလားပဲ(V-7) ၂၂၈၀၀၀ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၂၃၀၀၀၀ကျပ်၊ ကုလားပဲ (929) ၂၃၅၀၀၀ ကျပ်နှင့် ၂၃၈၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2) ၄၂၇၉ကျပ်နှင့် ၄၃၃၂ကျပ်၊ ကုလားပဲ(V-7) ၃၉၈၃ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၀၈၉ကျပ်၊ကုလားပဲ(929)၄၁၇၈ကျပ်နှင့် ၄၂၃၁ကျပ်တို့ဖြစ်ပြီး၊ယခင်နှစ် ကာလ တူ တစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၅၃၈၀ကျပ်၊ကုလားပဲ(V-7)၅၅၉၀ကျပ်နှင့်၅၆၇၇ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၉၇၈ ကျပ်နှင့် ၅၀၁၃ကျပ်၊ကုလားပဲ(929) ၅၁၅၆ ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်းသွား ကြောင်း သိရှိရပါသည်။      

DOCA (မန္တလေး)

   မန္တလေးပဲထောပတ်စျေးနှုန်းစျေးကွက်

       ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲထောပတ်(ဂေါက်) ၂၉၅၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊ ပဲထောပတ် (ကြီး)၂၈၀၀၀၀ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲထောပတ်(ဂေါက်) ၅၂၄၄ ကျပ်နှင့် ၅၃၃၃ကျပ်၊ ပဲထောပတ် (ကြီး) ၄၉၇၈ကျပ်နှင့် ၅၁၅၆ကျပ်တို့ဖြစ်ကြောင်း သိရှိရ ပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲထောပတ်(ကြီး) ၇၄၆၇ ကျပ် စျေးဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲထောပတ်စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA (မန္တလေး)

အောက်တိုဘာလတတိယပတ်ရှိပဲတီစိမ်းစျေးကွက် 

    ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့်ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း (၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရှိရပါ သည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာ လတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲတီစိမ်း(ညာ)၃၂၅၀၀၀ ကျပ်နှင့် ၃၄၀၀၀၀ကျပ်၊ပဲတီစိမ်း(ပဲခွဲ) ၂၇၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ) ၅၇၇၈ကျပ် နှင့်၆၀၄၄ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၄၈၀၀ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာ စျေးမှာ ပဲတီစိမ်း(ညာ) ၃၅၅၆ကျပ်နှင့် ၄၂၆၇ကျပ်၊ပဲတီစိမ်း (ပဲခွဲ) ၂၆၆၇ ကျပ်နှင့် ၃၃၇၈ကျပ်တို့ဖြစ် ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲတီစိမ်းစျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 အောက်တိုဘာလတတိယပတ်ရှိမတ်ပဲစျေး

          ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ် ပေါ်လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ(ကျောက်စရစ်)၂၅၅၀၀၀ ကျပ်နှင့် ၂၅၇၀၀၀ကျပ်၊မတ်ပဲ(ရေသွင်း)၂၂၀၀၀၀ ကျပ်နှင့် ၂၃၀၀၀၀ကျပ်၊မတ်ပဲ ၁၅၀၀၀၀ကျပ်နှင့် ၂၀၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၂၅၀ ကျပ်နှင့် ၄၂၈၃ ကျပ်၊မတ်ပဲ(ရေသွင်း) ၃၆၆၇ ကျပ်နှင့် ၃၈၃၃ ကျပ်၊မတ်ပဲ၂၅၀၀ ကျပ်နှင့် ၃၃၃၃ကျပ် ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာ စျေးမှာ မတ်ပဲ(သစ်)၅၃၃၃ကျပ်၊ မတ်ပဲ (ဟောင်း) ၅၈၃၃ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါကမတ်ပဲစျေးမှာအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)

   အရောင်းသွက်သည့်မန္တလေးစားတော်ပဲ

           စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊  ပြင်ဦးလွင်၊  မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊  ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာ လတတိယပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ  ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ) ၃၂၀၀၀၀ကျပ်နှင့် ၃၃၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၄၈၀၀၀၀ ကျပ်နှင့် ၅၁၀၀၀၀ ကျပ်၊ တစ်ပိဿာ လျှင်စားတော်ပဲ (ကနေဒါ) ၅၄၀၁ကျပ်နှင့် ၆၅၈၂ကျပ်၊စားတော်ပဲ(ကျွန်း)၈၁၀၁ကျပ်နှင့် ၈၆၀၈ ကျပ် တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စျေးမှာ စားတော်ပဲ(ကနေဒါ) မှာ ၉၇၈၉ကျပ်နှင့် ၉၈၇၃ကျပ်၊စားတော်ပဲ (ကျွန်း) ၆၀၇၆ ကျပ်နှင့် ၆၂၃၉ကျပ်ဖြစ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက စားတော်ပဲ(ကနေဒါ)စျေးမှာကျဆင်းသွား ပြီး၊စားတော်ပဲ(ကျွန်း)စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

အစေ့ထုတ်ပြောင်းစျေးအနည်းငယ်ကျဆင်း

            ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း ၄၉.၅၅တင်း၊အထွက်တင်းစုစုပေါင်း၆၆၀၅၉၁တင်းဖြစ်ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ် သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့် ပြောင်းဖူးစေ့(စီပီ) ၇၁၀၀၀ကျပ်နှင့်၇၃၀၀၀ ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ) ၁၃၁၅ ကျပ် နှင့် ၁၃၅၂ ကျပ်စျေး တို့ဖြစ် ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)နှင့်(စီပီ) ၁၃၇၀ ကျပ်၊ ပြောင်းဖူးစေ့(ဗမာ) ၁၃၁၅ကျပ်နှင့် ၁၃၃၃ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်စျေးနှင့် ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

အရောင်းသွက်လျက်ရှိသည့်ဆီကြိတ်ဖတ်

           မန္တလေးစျေးကွက်အတွင်း ဆီကြိတ်ဖတ်အမျိုးမျိုးအရောင်းသွက်လျက်ရှိပြီး၊ စျေးနှုန်းမြင့် တက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်း စားဆီကြိတ်ခွဲခြင်းတွင်အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့တင်ပို့သည့်ကုန်စည်အမယ်များဖြစ် ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရ ပါ သည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့် စားဆီတစ်ပိဿာပေါက်စျေးများမှာမြေပဲဆီ၁၃၀၀ဝိ/- နှင့် ၁၄၅၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ် ကြောင်း သိရှိရ ပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၅၄၀ဝိ/- နှင့် ၅၄၅ဝိ/-၊နှမ်းဖတ် ၃၄၀ဝိ/-နှင့်၃၅၀ဝိ/-၊နေကြာဖတ် ၂၉၀ဝိ/-နှင့် ၃၀၀ဝိ/-၊မုန်ညင်းဖတ် ၂၉၀၀ကျပ်နှင့် ၃၀၀၀ကျပ် တို့ဖြင့် ရောင်းချလျှက်ရှိပြီး၊ကြိတ်ဖတ်စျေးမှာ ယခင်ပတ်ပေါက်စျေးထက် တစ်ပိဿာလျှင် ၁၀၀ ကျပ် စျေးပိုမိုမြင့်တက်လျှက်ရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

အရောင်းသွက်သည့်မြေပဲဆန်စျေးကွက်

                 မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျှက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ် အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၇၈၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊S1 ဆီဆန်  ၇၂၀၀ကျပ်နှင့် ၇၆၅၀ကျပ်၊ အနီလုံးဆန် ၇၆၀၀ ကျပ်နှင့် ၈၂၀၀ကျပ် တို့ဖြစ် ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆန် ၇၈၀၀ ကျပ်နှင့် ၈၂၀၀ ကျပ်၊ S1 ဆီဆန် ၆၅၀၀ကျပ်နှင့် ၇၂၀၀ ကျပ်၊S1 ရွေးဆန် ၇၅၀၀ကျပ်နှင့် ၇၆၀၀ကျပ်၊ အနီလုံးဆန် ၇၄၀၀ ကျပ်၊အနီဆီဆန် ၆၇၀၀ကျပ်နှင့်၆၈၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင်နှစ်နှင့် ယခု နှစ်ကာလတူ မြေပဲဆန်ပေါက်စျေးနှိုင်းယှဉ်ပါက  စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း