ဈေးနှုန်းကျဆင်းလာသောမြင်းခြံမြို့၏ပိန်းဥဈေးကွက်အခြေအနေ

မြင်းခြံမြို့အေးမြသီတာဈေးတွင် သစ်သီးဝလံမျိုးစုံရောင်းချလျက်ရှိရာ ပိန်းဥသီးနှံများကို လည်း ရောင်းချကြောင်း၊ ထိုပိန်းဥများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ ကုန်စိမ်းဈေးတို့မှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ရောင်းချနေသော ပိန်းဥအကြီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ပိန်းဥအလတ်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ပိန်းဥအသေး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လ အောက်တိုဘာလ၌ ပိန်းဥအကြီးတစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ပိန်းဥ အလတ်တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ပိန်းဥအသေးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင်ပိန်းဥအစ စုံတစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ဈေးနှုန်း ကျဆင်းခြင်းမှာ ရာသီပေါ်ပိန်းဥ သီးနှံများ ဈေးကွက်တွင်ပေါများစွာ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းခြင်းဖြစ် ကြောင်း စားသုံးမှုများ၍ အရောင်းအဝယ်ကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှသိရှိရသည်။
DOCA(မန္တလေး)









