ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် မြေပဲဆံနှင့် အစေ့ထုတ်ပြောင်းဈေးနှုန်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ  မိုးသီးနှံ အစေ့ထုတ်ပြောင်းနှင့် မြေပဲသီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

         ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၂၄၀၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း မြေပဲလုံးဆံ(၁)အိတ်လျှင် (၁၇၆၂၅၀) ကျပ်တို့ဖြင့်ရောင်းချကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)