ထားဝယ်မြို့တွင်ရောင်းချနေသော မန်ကျည်သီးအစိမ်း၊ အမှည့်စျေးနှုန်း

Powered by Drupal

     မန်ကျည်းသီးသည် အပူပိုင်းဒေသများများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် များစွာ ပေါက်ရောက်ကြပါသည်။ သစ်မာပင်အမျိုးအစာြဖစ်ပြီး အသီးမှာအမျှင်ဓါတ်ကြွယ်ဝသောကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားပျံကျစျေး၊ စည်ပင်သာယာစျေးနှင့်ရပ်ကွက်ကုန်စုံဆိုင်များတွင် ဒေသထွက် အသီးအရွက်များဖြစ်သည့် မန်ကျည်းသီးအစိမ်းနှင့် အမှည့်များရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

      ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ထားဝယ်မြို့ကမ်းနားပျံကျစျေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းစျေးနှုူန်းမှာ နို့ဆီဗူး(၁)ဗူးလျှင် (၂၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီး အမှည့်အစေ့လွတ်(၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)