ထားဝယ်ဒေသထွက် မုန်လာဥဖြူစျေးနှုန်း

Powered by Drupal

    မုန်လာဥဖြူသည် ဆောင်းရာသီတွင်ထွက်ရှိသော ဆောင်းသီးနှံဖြစ်သောကြောင့် ယခုအချိန် တွင် အရောင်းအဝယ်ပိုမိုဖြစ်ထွန်းလျက်ရှိပါသည်။ ထားဝယ်မြို့ အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် အိမ်ခြံမြေများတွင် မုန်လာဥဖြူများအား အများအပြားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့အတွင်းရှိစျေးများတွင် မုန်လာဥဖြူများ ရောင်းချကြပါသည်။

     ယခု ဒီဇင်ဘာလ ပထမပတ်တွင် မုန်လာဥဖြူများသည် အသင့်အတင့်ပေါများနေသော်လည်း စျေးနှုန်းများမှာ တစ်စည်းလျှင် (၂၅၀၀)ကျပ်နှုန်းဖြင့်‌ ရောင်းချလျက်ရှိရာ ရောင်းချသူများ အနေဖြင့် စျေးကောင်းရရှိနေပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)