ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့ ပွဲရုံဈေးကွက်တွင် မြေပဲဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ အဓိကထား စိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှထွက်ရှိသော မြေပဲအသစ်များ ဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ဝင်ရောက်လာသည့် မြေပဲဆံနှင့်မြေပဲအတောင့် များ ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲ အတောင့်နှင့် အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ် လိုက်ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်း အဝယ်လိုက်ပြီး မြေပဲတောင့်/အဆံမှာ အရည် အသွေးနှင့် ဝယ်လိုအားပေါ် မူတည်၍ ဈေး အနိမ့်၊ အမြင့် ရှိကြောင်း သိရှိရသည်။ ပြည်တွင်း စားသုံးဆီ ဈေးကွက်တွင် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီသန့် သုံးစွဲမှုမြင့်မားလျက်ရှိ၍ ဒေသတွင်း ဆုံ/ ဆီစက်များ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ၍ မြေပဲဆံဝယ်လိုအား ကောင်းပြီး ဈေးကွက် သိသိသာသာ ကျဆင်းခြင်းမရှိ အရောင်းအဝယ်သွက်လျက်ရှိပြီး ပဲဖတ်ဈေးမှာလည်း ပြည်တွင်း မွေးမြူရေးအစားအစာ ဈေးကွက်တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံးမှု အနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီ ထုတ်လုပ်မှုမှ ရရှိသောမြေပဲဖတ်ကို ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြင့် ထုတ်ကုန် နှမ်းဖတ်ချဉ်အဖြစ် ထုတ်လုပ်ရောင်းချရမှာလည်း စားသုံးသူဈေးကွက် ကောင်းမွန် ခြင်းကြောင့် ပဲဖတ်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်ခြင်းအပြင် ပြည်တွင်းဆီစက် လုပ်ငန်းရှင် များမှလည်း မြေပဲဆုံ ပဲဖတ်များကို ပြန်လည်ကြိတ်ပြီး ဆီထုတ်လုပ်ခြင်းအတွက် ပြန်လည် ဝယ်ယူမှုများ၍ ပဲဖတ်ဈေးကွက်မှာလည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရ သည်။

              ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (စတုတ္ထပတ်)တွင် မြေပဲဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြေပဲအတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ် (၄၅၀၀-၄၀၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၈၁၀၀-၈၀၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၈၃၀၀-၈၂၀၀-၈၁၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ် (၈၆၀၀-၇၀၀၀)၊ ဆုံမြေပဲဖတ် (အခွေ) တစ်ပိဿာလျှင် ကျပ်(၆၅၀၀-၆၄၀၀)၊ စက်ပဲဖတ် တစ်ပိဿာ လျှင် ကျပ်(၄၅၀၀-၄၄၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး (ပထမပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါ ကမြေပဲဆံတစ်ပိဿာလျှင် ကျပ်(၁၀၀)ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက် အနေဖြင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်း ရှင်များမှ ဝယ်ယူမှုများခြင်းအပြင် မန္တလေး ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊ ယခုရာသီချိန် ကာလတွင် သီးနှံပေါ်ချိန် မဟုတ်၍ စိုက်တောင်သူများမှ ရောင်းချမှုနည်းပြီး မြို့ပေါ်ရှိ ဝယ်လက် ကုန်သည်ကြီး များမှ ဝယ်ယူသိုလှောင်ထားရှိသော မြေပဲဆံ၊ မြေပဲတောင့်များ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၌ ကွမ်းရွက်နှင့် ကွမ်းသီးဈေးနှုန်းမြင့်တက်လျက်ရှိ

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

          မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက်လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့် ရှိပြီး ကွမ်းစိမ်းနှင့် ကွမ်းရွက်ဝါ()မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပိုအစားများကြကြောင်းသိရသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ကွမ်းရွက်ဝါ()ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၁၅၀၀၀ - ၂၀၀၀၀ -၅၀၀၀)၊ ကွမ်းသီးခြမ်း()ပိဿာလျှင် ကျပ်(၂၈၀၀၀)၊ ကွမ်းသီးစိပ်()ပိဿာလျှင် ကျပ် (၂၉၀၀၀)၊ ကွမ်းစားထုံး()လီတာ()ဘူးလျှင် ကျပ်(၂၈၀၀)၊ ကွမ်းစားနှပ်ဆေး()ထုပ်လျှင် ကျပ်(၀၀)၊ ဗမာ ဆေး()ထုပ်လျှင် ကျပ်(၁၀၀၀)စသည့် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          အရောင်းအဝယ်အနေဖြင့် ()ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချ ရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ()ပိဿာမှ ()ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင်‌နိုဝင်ဘာလ (စတုတ္ထပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်ကျပ်(၅၀၀၀-၇၀၀၀)၊ ကွမ်းသီးခြမ်း ကျပ်(၁၅၀၀)၊ ကွမ်းသီးစိပ် ကျပ်(၁၀၀၀) ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ယခုအချိန်သည် ကွမ်းစိုက်ပျိုးထွက်ရှိရာဒေသများရှိ ကွမ်းခြံများ၌ ကွမ်းအထွက်နှုန်းများ လျော့နည်း သည့်အပြင် သယ်ယူစရိတ်မှာလည်း မြင့်မားလာသောကြောင့် ကွမ်းရွက်နှင့် ကွမ်းသီး ဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင် ပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)

မင်းဘူးမြို့၏ ဒီဇင်ဘာလ(ဒုတိယပတ်) စက်သုံးဆီဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)ဆိုင် များအားလုံး ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် စက်သုံးဆီ ဈေးနှုန်းမှာ တစ်လီတာလျှင် 92 Octance ကျပ်(၂၆၁၀) 95 Octance (၂၆၉၀)၊ ဒီဇယ်(ရိုးရိုး) ကျပ်(၂၆၃၅)၊ ဒီဇယ်(ပရီမီယံ) ကျပ်(၃၁၅၀)ဖြင့် ရောင်း ချခဲ့ကြောင်း သိရသည်။

   ဒီဇင်ဘာလ(ဒုတိယပတ်)တွင် တစ်လီတာလျှင် 92 Octance ကျပ်(၂၆၄၅) 95 Octance ကျပ်(၂၇၃၀)၊ ဒီဇယ်(ရိုးရိုး) ကျပ်(၂၄၅၀)၊ ဒီဇယ်(ပရီမီယံ) ကျပ် (၂၉၂၅ဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် 92 Octance ကျပ်(၃၅)၊ 95 Octance ကျပ်(၄၀) ဈေးတက်ပြီး ဒီဇယ် (ရိုးရိုး) ကျပ်(၁၈၅)၊ ဒီဇယ်(ပရီမီယံ) ကျပ်(၁၂၅) ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ ဖြစ်ပေါ်နေသော ငါးသလဲထိုးငါးဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ငါးသလဲထိုးငါးများကို မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် ရေပုတ်၊ ပေါက်ကုန်း၊ သနပ်ပင်စုကျေးရွာများမှ လာရောက် ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ငါးသလဲထိုးငါးဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် ကျပ် (၃၅၀၀) ()ပိဿာဈေးနှုန်းမှာ ကျပ်(၃၃၀၀၀)ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ငါးသလဲထိုးငါးမှာ အသားနုပြီး အာဟာရဓါတ်အလွန်ပြည့်ဝ၍ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရိုးပါမကျန် စားသုံးနိုင်သော ငါးဖြစ်သည့်အတွက် ငါးသလဲထိုးငါးများကို ငါးလေးအိုးကပ်ဟင်းအဖြစ် စားသုံးကြပါသည်။ ယခုအချိန် တွင် ခေတ်နှင့်အညီ ငါးသလဲထိုးငါးများကိုကြော်ကာ ထုတ်ပိုးရောင်းချနေမှုများကိုလည်း တွေ့ရသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့နယ်၌ ဇီးဖြူသီးမှုန့်လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တရုတ်ကောအုပ်စု၊ သဖန်းကုန်း ကျေးရွာတွင် ရာသီပေါ်ဇီးဖြူသီးအမှုန့်လုပ်ငန်း လုပ်ကိုင်ကြသူများစျေး ကောင်းရရှိ၍ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

   ဇီးဖြူသီး ပေါ်ချိန်ဖြစ်သော သီတင်းကျွတ်လဆန်းမှ တပေါင်းလအထိ ဇီးဖြူသီးအမှုန့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းကိုလုပ်ကိုင်ကြကြောင်း၊ ကုန်ကြမ်း ဖြစ်သော ဇီးဖြူသီးအလုံး (၁)တင်းလျှင် ကျပ် (၁၀၀၀၀)ပေးဝယ်ရကြောင်း၊ မောင်းထောင်းခအနေဖြင့် (၁)တင်းလျှင် ကျပ်(၄၀၀၀)၊ အစေ့ကွဲ ရွေးခ (၁)ရက်လျှင် ကျပ်(၅၀၀၀)ပေးရကြောင်း၊ ဇီးဖြူသီးအမှုန့် ပြုလုပ်ရာတွင် ပထမဆုံးအနေဖြင့် ဇီးဖြူ သီးအလုံးများကို အနုအရင့်ရွေးပြီး စက်မောင်းစင်ဖြင့် အမှုန့်ဖြစ်အောင်ထောင်းရကြောင်း၊ ထောင်းပြီး သားအမှုန့်များကို အရည်ညှစ်ပြီး၊ အမှုန့်များတွင် အစေ့ကွဲ‌များကို ရွေးရပြီး ကြာရှည်စားနိုင်ရန်အတွက် ဆားပတ်ဖြန်းပြီး အရိပ်ထဲတွင် လှန်းရပါကြောင်း၊ (၂)ရက်ခန့် လှန်းပြီးပါက စျေးကွက်အတွင်းသို့ ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ဇီးဖြူသီးအမှုန့် (၁)တင်းလျှင် ကျပ်(၄၀၀၀၀)ဖြင့် တောင်တွင်းကြီးမြို့နယ် အပြင် မကွေးမြို့၊ အောင်လံမြို့၊ မြို့သစ်မြို့၊ နတ်မောက်မြို့နယ်များအထိ ဖြန့်ဖြူးရောင်းချကြောင်း၊ သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့်အတွင်း ပိုမိုအရောင်းသွက်လျက်ရှိပြီး နတ်တော် လမှ တပေါင်းလအတွင်း အလှူအတန်း နည်းပါးသဖြင့် အနည်း ငယ်သာရောင်းချရကြောင်း၊ ဇီးဖြူ သီးအမှုန့်လုပ်ငန်း လုပ်ကိုင်သူများမှာ အဆင်ပြေလျက်ရှိကြောင်း သဖန်းကုန်းကျေးရွာနေ ဇီးဖြူသီး အမှုန့်ဖြန့်ဖြူးရောင်းချသူ ဒေါ်ခင်မာဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ထားဝယ်မြို့၏ ချဉ်ပေါင်စျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ခြံမြေများရှိ နေရာလွတ်များတွင် တစ်နိုင် တစ်ပိုင်နှင့်မြို့အနီးရှိ ကျေးရွာများတွင် ချဉ်ပေါင်ပင်များအား စိုက်ပျိုးလျက်ရှိပြီးဒေသတွင်း ဈေးကွက် အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့်  ဝင်ငွေများရရှိလျက်ရှိသည်။

     ဒေသတွင်းထွက်ရှိသော ချဉ်ပေါင်ရွက်များအား ကျေးရွာစျေးများနှင့် ထားဝယ်မြို့ပေါ်ရှိ ကိုယ်ပိုင်စျေးများ၊ စည်ပင်သာယာစျေးများတွင် ‌ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ တစ်စီးလျှင်(၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ကျွဲကောသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကျွဲကောပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်သည့် စျေးနှုန်းများမှာကျွဲကောသီး ၁ လုံး လျှင် အလုံး(ကြီး) ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊ အလုံး(သေး) ၂၅၀၀ ကျပ်နှင့် ၂၇၀၀ ကျပ်စျေးတို့ ဖြင့် အလုံးအရွယ်အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ သစ်သီးမျိုးစုံစျေး ကွက်အတွင်းမော်လမြိုင်ကျွဲကောသီးမှာအရည်ရွှမ်းကာ အချဉ်ဓါတ်လျော့နည်းသည့်အတွက်စားသုံး သူများကြိုက်နှစ်သက်ကာ အရောင်းသွက်လျက်ရှိကြောင်း   သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပခုက္ကူမြို့၏ “ဝါ” ဈေးနှုန်းဈေးကွက်နှင့်ရောင်းချမှု အခြေအနေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် “ဝါ”သီးနှံကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့ နယ်အတွင်းရှိ ရွာများမှ “ဝါ”ကို အဓိကစိုက်ပျိုးကြပါသည်။ ထွက်ရှိသော“ဝါ”များကို ပခုက္ကူမြို့ပေါ်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့ “ဝါ”စိုက်ဧကမှာ ယခင်က (၅၀၀၀ မှ ၆၀၀၀)ရှိခဲ့ပြီး ယခုအခါတွင် စိုက်ဧက(၂၅၀၀) ဝန်းကျင်ခန့်သာ စိုက်ပျိုးကြောင်း သိရှိရပါသည်။“ဝါ”စိုက်ပျိုးရာတွင်အဓိကချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါများကို စိုက် ပျိုးကြပါသည်။ “ဝါ” စတင်ပေါ်စတွင် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၃၈၀၀)ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ကုန်ချိန်(၃၀ မှ ၅၀ ထိ) ဝင်ရောက်လျက်ရှိကြောင်း “ဝါ”ကုန်သည် များထံမှ သိရှိရပါသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်မှ ထွက်ရှိသော“ဝါ”များကို မန္တလေးတိုင်းဒေသကြီး နှင့် သရက်၊ အောင်လံခရိုင်များသို့လည်း တင်ပို့ရောင်းဝယ်လျက်ရှိပါသည်။ ယခု နိုဝင်ဘာလ အစော ပိုင်းတွင် “ဝါ”ဝင်ရောက်မှုမှာ အလွန်းနည်းပါးကြောင်း၊ ဒီဇင်ဘာလ(ပထမပတ်)တွင် “ချည်မျှင်ရှည်ဝါ” တစ်ပိဿာလျှင် ကျပ်(၄၄၀၀-၄၈၀၀)၊ “ချည်မျှင်တိုဝါ” တစ်ပိဿာလျှင်ကျပ်(၄၁၅၀-၄၆၅၀)ဖြစ်ပြီး ဝါကြိတ်ဖတ် တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ဝါစေ့တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ဝါစေ့ဆီတစ် ပိဿာလျှင် ကျပ်(၉၀၀၀)ဈေးဖြင့်  အရောင်းအဝယ်ဖြစ်ကြောင်း၊ “ဝါ”ဝင်ရောက်မှုမှာ နည်းပါးနေကြောင်း “ဝါ” ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ

   အညာဒေသ၏ အစားအစာ တစ်ခုဖြစ်သော ရာသီစာ ထန်းပင်မြစ်များ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အညာဒေသသည် ထန်းပင်များလှိုင်လှိုင်ပေါသော အရပ် ဒေသတစ်ခုလည်းဖြစ်ပါသည်။ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထန်းပင်များကို ယာမြေ များ၏ ဘေးပတ်ပတ်လည်တွင် စိုက်ပျိုးထားကြပြီး စည်းရိုးအဖြစ်လည်း အသုံးပြုကြ ပါသည်။ ထန်းပင်မြစ်များကို ပခုက္ကူအတွင်းရှိ မြိုင်မြို့နယ်၊ ကမ္မ၊ ပေါက်ပခုက္ကူမြို့နယ်အတွင်းရှိ ကန်တော်၊ ကန်ရပ်၊ ချောက်ကန်အုပ်စု ရွာများမှ အများအပြားစိုက်ပျိုးကြပြီး ပခုက္ကူမြို့ပေါ်သို့ တင်ပို့ရောင်း ချလျက် ရှိပါသည်။ ယခုအချိန် ထန်းပင်မြစ်များကို ပခုက္ကူမြို့နယ်ရှိရွာများသာမက အခြား ဒေသများမှ လည်း တင်ပို့ ရောင်းချလျက်ရှိကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

          ထန်းပင်မြစ်များကို တော်သလင်းလ ထန်းသီးရင့် မှည့်ချိန်မှ စ၍ သီတင်းကျွတ်လဆန်းပိုင်း တွင် သဲမြေများ၌ ကျင်း အနက် (၁) တောင်ခန့်တူး၍မြုပ်ကြပြီး သီတင်းကျွတ်လကုန် တန်ဆောင်မုန်းလ ဆန်း တွင် စတင်တူးဖော်ကြောင်း၊ ပြာသိုလ် လဆန်းပိုင်းတွင် ထန်းမြစ်များရင့်ပြီး လှိုင်လှိုင် ပေါ်လျက် ရှိကြောင်း ထန်းစိုက်တောင်းသူများထံမှသိရှိရပြီး ဈေးနှုန်းအနေဖြင့်  ထန်းပင်း အချောင်း(၂၅) ချောင်းပါ တစ်စည်းလျှင် ကျပ် (၂၅၀၀-၂၀၀၀) ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ကန်စွန်းဥဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်အတွင်းရှိကျေးရွာများနှင့်မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကန်ဇွန်းဥ ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ 

   ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ထားဝယ်မြို့၊ စည်ပင်သာယာဈေးနှင့် ညနေဈေးတို့တွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၅၀၀) ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၃၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ကြောင်း ကန်စွန်းဥရောင်းချသူများထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း