
မန္တလေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံအဓိကစိုက်ပျိုးသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ပြည်တွင်းစားဆီဖူလုံရေးနှင့် ပြည်ပပို့ကုန်ဖြစ်သည့် မြေပဲနှင့် နှမ်းသီးနှံများအား ရောင်းချသည့်အချက်အခြာ ကျသောဒေသတစ်ခုဖြစ်ပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် မြေပဲနှင့် နှမ်းသီးနှံပေါက်စျေးများအား ယခင်နှစ်နှင့် ယခုနှစ်ကာလတူ နှိုင်းယှဉ်ပါက အရောင်းအဝယ်ဖြစ်မှုအပေါ်မူတည်၍ စျေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပေါက်စျေးများမှာမြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၈၅၀၀ ကျပ်နှင့် ၈၈၀၀ကျပ်၊S1 ဆီဆန် ၈၃၀၀ ကျပ် နှင့် ၈၆၀၀ကျပ်၊ Mတွဲလုံးဆန် ၈၅၀၀ ကျပ်နှင့် ၈၈၀၀ကျပ်၊ Mတွဲဆီဆန် ၈၄၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊ အနီလုံးဆန် ၈၂၀၀ ကျပ်နှင့် ၈၄၀၀ ကျပ်၊အနီဆီဆန် ၈၁၀၀ကျပ်နှင့် ၈၂၀၀ကျပ်၊ ပြန့်ဆီဆန် ၈၄၀၀ကျပ်နှင့် ၈၆၀၀ကျပ်၊ ပြန့်လုံး ဆန် ၈၆၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နိုဝင်ဘာလကုန်ကာလတူ တစ်ပိဿာစျေးမှာ S1 လုံးဆန် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊S1 ဆီဆန် ၇၅၀၀ကျပ်နှင့် ၇၇၀၀ ကျပ်၊Mတွဲလုံးဆန် ၈၁၀၀ ကျပ်နှင့် ၈၃၀၀ကျပ်၊ Mတွဲဆီဆန် ၇၅၀၀ ကျပ်နှင့် ၇၈၀၀ ကျပ်၊ အနီလုံးဆန် ၈၁၀၀ ကျပ်နှင့် ၈၃၀၀ ကျပ်၊ ပြန့်လုံးဆန် ၇၉၅၀ ကျပ်နှင့် ၈၀၀၀ကျပ်၊ ပြန့်ဆီဆန် ၇၅၅၀ ကျပ်နှင့် ၇၇၅၀ကျပ် တို့ဖြစ်ပြီး၊ ကာလတူပေါက်စျေးနှိုင်းယှဉ်ပါကမြေပဲဆန်စျေးမှာ တစ်ပိဿာလျှင် ၃၀၀ကျပ်နှင့်၉၀၀ကျပ်အတွင်း စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ်(၄၅ပိဿာပါ)တစ်အိတ်လျှင် နှမ်းဖြူ(ဂျပန်) ၂၈၅၀၀၀ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊ နှမ်းဖြူ (ဗမာ)၂၇၀၀၀၀ကျပ်နှင့် ၂၇၅၀၀၀ကျပ်၊ နှမ်းညို ၂၆၇၀၀၀ ကျပ်နှင့် ၂၇၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၃၃၃ကျပ်နှင့် ၆၄၄၄ ကျပ်၊ နှမ်းဖြူ(ဗမာ)၆၀၀၀ကျပ်နှင့် ၆၁၁၁ကျပ်၊ နှမ်းညို ၅၉၃၃ကျပ်နှင့် ၆၁၁၁ကျပ် စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။ ယခင်နိုဝင်ဘာလကာလ တူပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၆၀၀၀ကျပ်နှင့် ၆၂၂၂ကျပ်၊ နှမ်းဖြူ (ဗမာ) ၅၇၇၈ ကျပ် နှင့်၅၈၈၉ ကျပ်၊ နှမ်းညို ၅၈၈၉ကျပ်နှင့် ၆၁၁၁ ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်)နှင့်နှမ်းဖြူ(ဗမာ)စျေးမှာ ၂၂၂ ကျပ်အသီးသီး မြင့်တက်လျက်ရှိပြီး၊ နှမ်းညိုစျေးမှာ ငြိမ်နေကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
