မြင်းခြံမြို့၏ခရမ်းချဉ်သီးဈေးနှုန်းများဆက်လက်မြင့်တက်လာခြင်း

Powered by Drupal

                              မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေး၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိရာ စားဖိုဆောင်ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချ ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ရောင်းချနေသော ခရမ်းချဉ်သီး(ရှယ်စ) တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ခရမ်းချဉ်သီး(ကြီးစ) တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ခရမ်းချဉ်အလတ်စတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ခရမ်းချဉ် သီးအသေး စတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ခရမ်းချဉ်သီးအစစုံ တစ်ပိဿာလျှင် (၅၀၀-၁၀၀၀)ကျပ်ခန့် ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ဒေသတွင်းစိုက်ပျိုး ထားရှိသော ခရမ်းချဉ်သီးများ မှာထွက် ပေါ်မှုမရှိသေးကြောင်း၊ ဈေးကွက်၌ ရောင်းချနေသော ခရမ်းချဉ်သီးများ ရှမ်းပြည်နယ် တောင်ပိုင်းရှိ အောင်ပန်းမြို့မှ ကုန်ဝင်ရောက်မှုနည်း၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမြင့် တက်သော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းပွဲရုံများမှ သိရှိရသည်။

DOCA(မန္တလေး)