ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်ဒေသထွက် မေမြို့ပန်းများ လူကြိုက်များ၍ အရောင်းသွက်

     မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင် ၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များသည်။ မေမြို့ပန်းသည် မြန်မာ့ဓလေ့ထုံးတမ်းများတွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ပူဇော်ခြင်း၊ အိမ်တွင်းအလှဆင်ခြင်းများ ပြုလုပ်လေ့ရှိသည်။

     ယခုအခါ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မေမြို့ပန်းများထွက်ရှိကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ရှမ်းစုကျေးရွာတွင်စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေးသို့ လာရောက်ရောင်းချကြောင်း၊ မေလ ပထမပတ်အတွင်း မေမြို့ပန်း(၃)ပင်ပါတစ်စည်းလျှင် (၁၀၀၀)ကျပ်၊ (၁၀)စည်းပါတစ်ထုံးလျှင် (၉၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း လူကြိုက်များသောပန်း ဖြစ်သည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော အညာဒေသထွက် မြေပဲယို ဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်း ချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်တွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ မြေပဲယိုကို မြေပဲ၊ထန်းလျက် စသည့်တို့ဖြင့် ပြုလုပ်ထားသည့်အတွက် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက် ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော အညာဒေသထွက် နှမ်းပျစ်(ခေါ်)နှမ်းကပ်ယို ဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်တွင် ရောင်းချနေသော နှမ်းပျစ်(ခေါ်)နှမ်းကပ်ယို ဈေးနှုန်း မှာ(၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ် နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို နှမ်းလှော်၊ ထန်းလျက် စသည့်တို့ ဖြင့်ပြုလုပ်ထားသည့်အတွက် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက် ၍ အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက် ဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက်ကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်တွင်ရောင်းချနေသော ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက် ဈေးနှုန်း မှာ(၁)ပိဿာလျှင် (၆၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၃၀၀)ကျပ်နှင့် ဇီးတော်ဖီကို ဇီးသီးမှုန့်၊ ထန်းလျက်၊ သကြားစသည့်တို့ဖြင့် ပြုလုပ်ထားသည့်အတွက် ချဉ်ချိုအရသာပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက် ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသော ဂန္ဓမာပန်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာနေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အပိုဝင်ငွေရရှိရန် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးအတွက် အထောက်အကူရရှိ၍ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

    ဂန္ဓမာပန်းများကို နှစ်စဉ်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ပန်းမျိုးအနေဖြင့် စံပယ်ဖြူနှင့် ရွှေဝါဝင်းမျိုးများ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၄)လခန့်အကြာတွင် ဈေးကွက်သို့စတင်ရောင်းချ ကြောင်း၊ မေလ ပထမပတ်အတွင်း ပန်းပွင့်ကြီးလျှင် အခက်ကြီး(၁)ခက်ကို ၈၀၀ကျပ်၊ ပန်းပွင့် သေးလျှင်(၃)ခက်ပါ(၁)စည်းကို ၂၀၀၀ကျပ်ဖြင့် နေ့စဉ် သစ်ရာမြိုင်ဈေးသို့ သွားရောက်ရောင်းချ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

                                                         

ကျွန်းလှမြို့နယ်၌ ရောင်းချလျက်ရှိသော ကောက်ရိုးမှိုဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ နှင့် စားသောက်ကုန်ပစ္စည်းများရောင်းချလျက်ရှိရာ ယခုအခါ တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုများ စိုက်ပျိုးရောင်းချနေကြောင်း သိရသည်။

   ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ် ဘောင်လျှင်(၁၀)ပိဿာထိ ခူးဆွတ်ရကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း  ကောက်ရိုးမှို တစ်ပိဿာလျှင် လက်လီဈေး(၁၅၀၀၀)ကျပ် လက်ကားဈေး(၁၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် ရောင်းချရသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များ ရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ရှိကုန်စုံဆိုင်များတွင် ရောင်းချနေသော ကြံသကာဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

     ယခုအခါ ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်တွင် ရောင်းချနေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၇၀၀ကျပ် ၊ (၅၀)ကျပ်သားလျှင် ၃၅၀၀ ကျပ်ဖြင့်ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော မြေပဲလုံးဆံဈေးနှုန်း အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် မြေပဲလုံးဆံကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၂၁၅၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊  ကျွန်းလှမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ရှိကုန်စုံဆိုင်များ၌ ရောင်းချနေသော ထန်းလျက်ဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ထန်းလျက်သည် ထန်းပင်မှရရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ထန်းလျက်ကို အစား အသောက်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်တွင်ရောင်းချ နေသောထန်းလျက်ဈေးနှုန်းမှာ ကြက်မင်းကြီးထန်းလျက်တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ရိုးရိုးထန်း လျက်တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်ဖြူဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာနှင့် အခြားကျေးရွာ များသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့လည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကြက်သွန်ဖြူ ရှမ်းဥအလုံးကြီး တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ဗမာဖြူတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ရောင်းချ ကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း