ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း မေမြို့ပန်းများအရောင်းသွက်လျက်ရှိ

Powered by Drupal

         ပန်းမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်မေမြို့ပန်းများ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်းဖြစ်ပေါ်သည့် ရောင်စုံမေမြို့ပန်းစျေးနှုန်းများမှာ လက္ကားစျေး (အစီးကြီး)၁စီးလျှင် ၁၀၀၀၀ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ (အစီးသေး) ၁စီးလျှင်၂၀၀၀ကျပ်နှင့် ၂၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးပန်းမျိုးစုံစျေးကွက်အတွင်း  ဘုရားပွဲနှင့် အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ အရောင်အသွေးစုံသည့် မေမြို့ပန်းမှာ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)