ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

  တန်ဆောင်မုန်းပုရစ်စျေးအနည်းငယ်မြင့်တက်

               တန်ဆောင်မုန်းပုရစ်များ မန္တလေးစျေးကွက်သို့ ဝင်ရောက်မှုလျော့နည်းလာသည့်အတွက် ပုရစ်စျေးအနည်းငယ်မြင့်တက်သွားကြောင်း ‌ရေကြည်ညောင်ပင်စျေးရှိ   ပုရစ်စျေးကွက်မှ သိရှိရပါ သည်။   မြစ်ကြီးနား၊ ရွှေကူ၊ ကသာ၊  မတ္တရာနှင့်  ဆည်တော်လေးဒေသတို့မှ ဝင်ရောက်သည့် ပုရစ် အား မိုးပုရစ်နှင့်ဆောင်းပုရစ်နှစ်မျိုးခွဲခြားရောင်းလေ့ရှိပြီး၊မိုးပုရစ်မှာ  အထီးနှင့်အမစျေး ကွာခြားမှု မရှိဘဲရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ဆောင်းပုရစ်မှာ သီးတင်းကျွတ်လဆန်းပိုင်းမှစတင်ဝင် ရောက်လျက်ရှိပြီး၊ပုရစ်အမများတွင် ဥပါဝင်မှုများသဖြင့်  လူကြိုက်များသကဲ့သို့ စျေးအနည်းငယ်မြင့် ကြောင်းသိရှိရပါသည်။ မန္တလေး‌မြို့၊ရေကြည်ညောင်ပင်စျေးရှိဆောင်းပုရစ်စျေးကွက်တွင် ၂၀၂၅ခုနှစ် နိုဝင်ဘာလဒုတိယပတ်အတွင်း လက္ကားစျေးမှာ  ပုရစ်အကောင်ကြီး (၂၀၀ပါ) တစ် ထုပ်လျှင်   ပုရစ် (အမ) ၅၅၀၀၀ ကျပ်နှင့် ၅၉၀၀၀ ကျပ်၊ ပုရစ်(အထီး) ၂၅၀၀၀ ကျပ်နှင့် ၂၇၅၀၀ ကျပ်၊   သဲပုရစ် ခေါ် ပဲပုရစ်(အကောင်သေး)(၂၀၀ပါ)တစ်ထုပ်လျင် ၁၅၀၀၀ကျပ်နှင့် ၁၆၅၀၀ ကျပ်၊ လက်လီစျေးမှာ ပုရစ် အကောင်ကြီး(၁၀၀)လျှင်ပုရစ်(အမ) ၂၈၀၀၀ကျပ်နှင့်၃၂၀၀၀ကျပ်၊ပုရစ်(အထီး)၁၄၀၀၀ ကျပ် နှင့် ၁၅၅၀၀ ကျပ်၊ သဲပုရစ်(အကောင်သေး)(၁၀၀)လျှင် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်စျေးတို့ဖြစ် ပေါ်လျက်ရှိပြီး၊ နိုဝင်ဘာလပထမပတ်စျေးနှင့်နှိုင်းယှဉ်ပါက ပုရစ်ဝင်ရောက်မှုအနည်းငယ်လျော့နည်း လာသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။    

DOCA(မန္တလေး)                                                                                                             

မန္တလေးပန်းကုံးစျေးကွက်အနည်းငယ်မြင့်တက်

          တန်ဆောင်မုန်းလအခါသမယအချိန်ဖြစ်၍ မန္တလေးပန်းကုံးမျိုးစုံစျေးကွက်အတွင်း စျေး အနည်းငယ်မြင့်တက်ပြီး၊အရောင်းသွက်လှျက်ရှိကြောင်းသိရှိရပါသည်။စျေးကွက်အတွင်းသို့မန္တလေးတိုင်းဒေသကြီးအတွင်းပုသိမ်ကြီးမြို့နယ်၊မတ္တရာမြို့နယ်၊အမရပူရမြို့နယ်၊ပြင်ဦးလွင်မြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပားဒေသ)နှင့်စစ်ကိုင်းတိုင်းဒေ သကြီးတို့မှ ကုံးပန်းများ ဝင်ရောက် ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းကုံး လက်လီ ပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ ကုံးပါတစ်တွဲလျှင် ၂၀၀ဝိ/-နှင့် ၂၅၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၂၀၀ဝိ/-နှင့် ၂၇၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါး ပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံး ပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံး လျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့်ပန်းကုံးတစ်တွဲလျှင် ၅၀၀ ကျပ်နှင့်၇၀၀ကျပ်စျေးအထိမြင့်တက်သွားကြောင်း ထနောင်းပင်စျေးရှိ စျေးသည်တစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)                                                                                                             

   ဝင်ရောက်မှုများပြီးအရောင်းသွက်သည့်သစ္စာပန်း

                တန်ဆောင်မုန်းရာသီအခါသမယအတွင်း ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့် ပန်း များ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်သစ္စာပန်းများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ သစ္စာပန်းအပွင့် အရောင်မှာ အဖြူ၊ကြက်သွေးနီ၊မိတ်ကပ်ရောင်၊ပန်းရောင်၊ အဝါရောင်တို့တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီ စျေးနှုန်းများမှာ သစ္စာပန်း(၅ခက်ပါ)၁စီးလျှင် (ပန်းပွင့်ကြီး)၂၅၀၀ကျပ်နှင့်၃၅၀၀ကျပ်၊ (ပန်းပွင့်သေး) ၂၀၀၀ကျပ်နှင့်၂၃၀၀ကျပ်စျေးတို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရှိရပါသည်။ တန်ဆောင်မုန်းလရာသီအခါသမယအတွင်း ဘုရားပွဲနှင့် အလှူ ပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ သစ္စာပန်းမှာစျေးကွက်အတွင်း ဝယ်ယူမှုများပြား လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                                                             

တန်ဆောင်မုန်းလရှိနှင်းပန်းစျေးကွက်

            တန်ဆောင်မုန်းလရာသီအခါသမယအတွင်း ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှ ထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်နှင်းပန်းများ ဝင် ရောက်လျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလဒုတိယပတ် အတွင်းဖြစ်ပေါ်သည့်လက္ကားစျေးအစီးကြီးတစ်စီးလျှင် ၁၀၀၀၀ကျပ်နှင့် ၁၃၀၀၀ကျပ်၊ လက်လီစျေးမှာနှင်းပန်း(၅ခက်ပါ) ၁ စီးလျှင် ၁၅၀၀ကျပ်နှင့်၂၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။တန်ဆောင်မုန်းလရာသီချိန်အတွင်းဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်အချိန် ဖြစ်၍ နှင်းပန်းမှာစျေးကွက်အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                                                             

အရောင်းသွက်သည့်မန္တလေးသခွားသီးဈေးကွက်

           သခွားသီးကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများမှ ရာသီမရွေးဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ သခွားသီးမှာအသားအရေကိုအေးမြစေပြီး၊ဘတ်တီးရီးယားပိုးမွှားများကိုသေစေနိုင်ခြင်း၊ဝက်ခြံနှင့် အဖုအပိမ့် များ၊ချွေးပေါက်ကျယ်ခြင်းများကို သက်သာစေခြင်း၊နေလောင်ဒဏ်ကာကွယ်ပေးခြင်းတို့ကြောင့် အလှ အပ ထိန်းသိမ်းသည့်နေရာတွင် အသုံးများသည့် ကျန်းမာရေးအဟာရအစားအစာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်း၊ ကမ်းနားလမ်း၊ ကုန်စိမ်းဈေးတွင် ၂၀၂၅ခုနှစ် နိုဝင်ဘာလပထမ ပတ်တွင်သခွားသီးစက်တွန့်မျိုးအလုံးကြီးလက္ကားစျေး(၁၀)လုံးလျှင်၆၀၀ဝိ/-နှင့်၇၀၀ဝိ/-လက်လီစျေး (၁၀)လုံးလျှင် ၇၅၀ဝိ/-နှင့် ၈၀၀ဝိ/-စျေး၊ သခွားသီးအခွံစိမ်းမျိုး အလုံးလှလက္ကားစျေး(၁၀)လုံးလှျင် ၂၀၀ဝိ/-နှင့်၂၅၀ဝိ/-၊လက်လီစျေး(၁၀)လုံးလျှင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-စျေး ဖြစ်ပေါ်လျှက်ရှိပြီး၊ အသီး ဝင်ရောက်မှုအပေါ် မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိကြောင်းသိရှိကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး ၏ပြောပြချက်အရ သိရှိရပါသည်။

 DOCA(မန္တလေး)                                                             

 ကြက်ဥ၊ဘဲဥနှင့်ငုံးဥစျေးအနည်းငယ်မြင့်တက်

        မန္တလေးစျေးကွက်ရှိ ကြက်ဥ၊ဘဲဥနှင့်ငုံးဥများ တန်ဆောင်မုန်းလအခါသမယတွင် ဝယ်ယူမှု များပြားခြင်းနှင့် ဝင်ရောက်မှုအနည်းငယ်လျော့ကျသွားခြင်းတို့ကြောင့်  စျေးအနည်းငယ်မြင့်တက် သွားကြောင်းသိရှိရပါသည်။မန္တလေးစျေးကွက်အတွင်းပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ မွေးမြူ ရေးခြံထွက်ကြက်ဥများ ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်းသိရှိရပါသည်။ ဘဲဥနှင့်ငုံးဥမှာအမရပူရ၊ပုသိမ်ကြီး၊မတ္တရာ၊စဉ့်ကိုင်၊ကျောက်ဆည်မြို့နယ်များရှိ မွေးမြူရေးခြံတို့မှ ဝင်ရောက်ကြောင်း သိရှိရ ပါသည်။၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာကြက်ဥ (၃၀လုံးပါ ၁၀ကဒ်)တစ်ဆွဲလျှင်၁၃၅၀၀ဝိ/- နှင့်၁၃၈၀၀ဝိ/-၊လက်လီစျေးအနေဖြင့် ကြက်ဥ တစ်လုံးလျှင် ၄၅ဝိ/-နှင့်၅၀ဝိ/- ၊ ဘဲဥတစ်လုံးလျှင် ၅၈ဝိ/-နှင့် ၆၀ဝိ/- ၊ငုံးဥ(၁၀)လုံးလျှင် ၂၃၀ဝိ/- နှင့် ၂၅၀ဝိ/-  စျေးဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း စျေးသည်တစ်ဦး၏ပြောပြချက်အရ သိရှိရ ပါသည်။

DOCA(မန္တလေး)                                                                                                                      

  တန်ဆောင်မုန်းလအခါသမယရှိ မန္တလေးမှိုစျေးနှုန်းများ

          တန်ဆောင်းမုန်းလရာသီအခါသမယအချိန်မန္တလေးစျေးကွက်အတွင်းကိုက်လံဟင်းရွက်ကုန်စိမ်းများဝင်ရောက်မှုများလျက်ရှိပြီး အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း ကိုက်လံဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး (၁၀စီးပါ) တစ်စည်း လျှင် ၅၅၀၀ကျပ်နှင့် ၆၅၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၇၀၀ကျပ် နှင့် ၉၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀)စီး နှင့်(၆၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                                          

  အရောင်းသွက်သည့်မန္တလေးငါးနှင့်ပုဇွန်အမျိုးမျိုးစျေးကွက်

            တန်ဆောင်မုန်းလအခါသမယတွင် မန္တလေးမြို့၊  သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင်   ငါးနှင့် ပုဇွန်အမျိုးမျိုး ရေထွက်ပစ္စည်းများ  အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။   ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ် အတွင်းဖြစ်ပေါ်ခဲ့သည့်တစ်ပိဿာစျေးနှုန်းများမှာငါးသလောက်၂၀၀၀ဝိ/နှင့် ၄၀၀၀ဝိ/၊ငါးကြင်းဖြူ၁၂၀၀ဝိ/- နှင့်  ၁၇၀၀ဝိ/-၊ ငါးကြင်းမျက်စံနီ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/- ၊ငါးအုံတုံ ၁၀၀၀ဝိ/-နှင့် ၁၄၀၀ဝိ/-၊ငါးမြစ်ချင်း၊ငါးပတ်နှင့်ငါးရံ့များမှာ ၁၃၀၀ဝိ/- နှင့်၁၈၀၀ဝိ/-၊ တီလားဗီးယား (ဂျပန်ငါး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ကတ်ကတစ်ငါး ၃၀၀၀ဝိ/- နှင့် ၄၃၀၀ဝိ/၊မွေးမြူရေးပုဇွန်စျေးမှာ အမျိုးအစားအလိုက်တစ်ပိဿာလျှင်၁၂၀၀ဝိ/-နှင့်၁၄၀၀ဝိ/-၊ပုဇွန်ကြားနှင့်ရေချိုပုဇွန်တုတ်မှာ ၄၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊ ဂဏန်း ၁၁၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊ ကင်းမွန် ၂၀၀၀ဝိ/-နှင့် ၃၅၀၀ဝိ/- ၊ရေဘဝဲ ၂၀၀၀ဝိ/-နှင့် ၄၅၀၀ဝိ/- စျေး တို့ဖြင့်  ရောင်းချ လျက်ရှိ ကြောင်း မန္တလေးမြို့၊ သီရိမာလာစျေးရှိ ရေထွက်ပစ္စည်းအရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။  

DOCA(မန္တလေး)

မြင်းခြံမြို့၏ပဲနီပြားပင်ပေါက်ဈေးနှုန်း

            မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် ပဲနီပြားပင်ပေါက်လုပ်ငန်းများလုပ်ကိုင်ကြကြောင်း၊ ပဲပင်ဖောက်ရာတွင် ပဲများကို တစ်ညရေစိမ်ရကြောင်း၊ ထို့နောက်ပဲခင်းကို အလျား ၅ ပေအရှည်၊ အနံ ၂ ပေခန့်၊ အနက် ၇ လက်မခန့်တူးထားသော ကျင်းထဲသို့ သဲများထည့်ရကြောင်း၊ အဆိုပါကျင်းထဲသို့ ပဲစေ့များထည့်ပြီး သဲများဖြင့်ဖုံးအုပ်၍ ပဲစေ့ကိုအညှောင့်ဖောက်ရကြောင်း၊ ပဲခင်းကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပေးရကြောင်း၊ (၄-၅) ရက်ခန့်ကြာသော် ပဲစေ့များအညှောင့်ထွက်လာကြောင်း၊ သဲခင်းထဲတွင် ပျိုးထားသော ပဲပင်ဖောက်များကို တူးဖော်ကာ ပဲပင်ဖောက်များရရှိကြောင်း၊ ပဲခင်းများမှထွက်ရှိသော ပဲပင်ပေါက်များကို ဈေးကွက်သို့ လက်လီ၊ လက်ကားရောင်းချရကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပဲပင်ဖောက် လက်လီဈေးနို့ဆီ တစ်ဗူး လျှင်(၈၀၀) ကျပ်၊ လက်ကားဈေး နို့ဆီတစ်ဗူးလျှင် (၇၅၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း၊ ရောင်းချမှုအနေဖြင့် နေ့စဉ်  (၁၅-၂၀) ပြည်ခန့်ရောင်းချရကြောင်း၊ ဒေသတွင်းစားသုံးမှုများ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲပင်ဖောက်ရောင်းချသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကျေးလက်ဓလေ့ သရက်သီးခြောက်

          မြန်မာနိုင်ငံအလယ်ပိုင်း၏ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာရှိသော ရွာများသည် မိုးတွင်းကာလ ဝါဆို၊ ဝါခေါင်လများမှာ တစ်နယ်လုံး ရေလွှမ်းမိုးသည့် အခြေအနေသည် နှစ်စဉ်အမြဲ ကြုံတွေ့နေရသည့် အခြေအနေဖြစ်သည့်အားလျော်စွာ  တနည်းအားဖြင့် ဒေသအခေါ် ရေကြီးသည်ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ထိုကဲ့သို့ ရေကြီးသည့်အချိန်တွင် လှေများဖြင့်သာ သွားလာနေရပြီး တောင်သူလုပ်ငန်းများ ရပ်နားထားရသဖြင့် ဝင်ငွေရပ်တန့်နေရသည့်အချိန်အခါ ဖြစ်သည်။ ရှေးလူကြီးများ၏ အမြော်အမြင်ရှိမှုအရ ရေကြီးချိန်တွင် ဟင်းလျာအဖြစ် စားသုံးနိုင်ရန်အတွက် သရက်သီးများ ထွက်ပေါ်ချိန် တန်ခူး၊ ကဆုန်၊ နယုန်လများကတည်းက သရက်သီးစိမ်း အချို့ကို ဓားဖြင့်ပါးပါးလှီးဖြတ်ကာ နေပူလှန်းအခြောက်ခံ၍ လုံခြုံစွာထုတ်ပိုးသိမ်းဆည်းထားတတ်ကြလေသည်။ ရေကြီးချိန်တွင် ၎င်းသရက်သီးခြောက်များကို အသား၊ ငါးများဖြင့် ရောချက်ခြင်းဖြင့်လည်းကောင်း၊ ငရုတ်သီးစပ်စပ်ထည့်ကာ ငပိချက်ချက်စားခြင်းဖြင့်လည်းကောင်း၊ ကြိုက်နှစ်သက်သလို ချက်ပြုတ်စားသောက်လေ့ရှိကြသည်။

            သရက်သီးခြောက်များကို မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများမှ မြင်းခြံမြို့ပေါ်ရှိဈေးများသို့ လာရောက်ရောင်းချလေ့ရှိကြပြီး ဈေးနှုန်းအနေနဲ့ ၂၅ကျပ်သားလျှင် ၂၀၀၀ ကျပ်နှုန်း၊ တစ်ပိဿာ လျှင် ၇၅၀၀-၈၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကျေးလက်ပြည်သူများအတွက် အပိုဝင်ငွေရရှိနေကြောင်း တင်ပြလိုက်ပါတယ်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း