ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၅/၂၀၂၆ခုနှစ်၊မြင်းခြံမြို့နယ်၏မိုးငရုတ်စိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

         မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ထန်းလုပ်ငန်းစသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ မိုးငရုတ်များကိုလည်းစိုက်ပျိုးထားကြောင်း၊  မိုးငရုတ်ကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် ကာအထိ (၄) လခန့်ကြာမြင့်ကြောင်း သိရှိရသည်။

            ၂၀၂၅-၂၀၂၆ ခုနှစ်၊ မြင်းခြံမြို့နယ်တွင်  မိုးငရုတ်စီမံကိန်းသီးနှံလျာထားချက် (၅၁၀) ဧကတွင် စိုက်ဧက(၇၅၃)ဧကစိုက်ပျိုးထားရှိပြီး၊ လျာထားချက်ထက်(၂၄၃)ဧကကျော် ပိုမိုစိုက်ပျိုးထားရှိကြောင်း၊  မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မိုးငရုတ်များကို နဘူးအိုင်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ အနိမ့်ရွာနှင့် ပတ္တာကျေးရွာများတွင် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့် ထွက်ရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးပတ်တွင် မြင်းခြံမြို့အေးမြ သီတာဈေး၌ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလ နောက်ဆုံးပတ် ငရုတ်သီးစိမ်း တစ်ပိသာလျှင် (၄၀၀၀) ကျပ် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လထက် ငရုတ်သီးစိမ်း တစ်ပိဿာ လျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်း ကျဆင်းခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် မြင်းခြံဈေးကွက်သို့ ပုပ္ပါးမြို့၊ ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့မှထွက်ရှိသော ငရုတ်သီးစိမ်း ဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၌ရောင်းချနေသောရာသီပေါ်ပဲမြစ်ဈေးနှုန်း

         မြင်းခြံမြို့အေးမြသီတာဈေး၌ ရောင်းချနေသော ပဲမြစ်များကို ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးပတ်တွင် ရောင်းချနေ‌သော ပဲမြစ် ၅၀ကျပ်သားလျှင် (၄၀၀၀)ကျပ်၊  တစ်ပိဿာလျှင် (၇၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်ရောင်းချရကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်၍ လူအများစားသုံးမှုများပြားကြောင်း၊ နေ့စဉ် ကုန်ချိန် (၁၅-၂၀) ပိဿာခန့်ရောင်းချရကြောင်း ပဲမြစ်ရောင်းချရောင်းသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။    ပဲမြစ်ကိုစားသုံးခြင်းဖြင့် အာဟာရဓာတ်ကြွယ်ဝပြီး ဗီတာမင်စီ၊ ဗီတာမင်ကေနှင့် ဖောလစ်အက်ဆစ်ကြွယ်ဝ၍ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ကြောင်း၊ အမျှင်ဓာတ်ပါဝင်မှုမြင့်မားသလို အစာခြေလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းမှန်စေကြောင်း၊   ဗီတာမင်စီကြွယ်ဝ စွာ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကိုအားကောင်းစေကြောင်း၊ ကယ်လိုရီနှင့် အဆီဓာတ်အလွန်နည်းသောကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းသူများအတွက် စားသုံးရန်သင့်တော်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

  နိုဝင်ဘာလဒုတိယပတ်ရှိမန္တလေးသစ်အယ်သီးစျေး

                 စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့မှထွက်သည့် သစ်အယ်သီးများနိုဝင်ဘာလဒုတိယပတ်အတွင်း ဝင်ရောက်မှုများပြား လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း သစ်အယ်သီးအား အစိမ်း အတိုင်း ပြည်ချိန် (သို့မဟုတ်)ကီလိုဂရမ်ချိန်၍ ရောင်းချခြင်း၊ လှော်၍ အသင့်စားအစာအဖြစ် ရောင်းချခြင်း တို့တွေ့ ရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်း သစ်အယ် သီး လက်လီစျေးနှုန်းများမှာ ၁ ပြည်လျှင် (လုံးကြီး) ၃၀၀၀၀ ကျပ်နှင့် ၄၀၀၀၀ ကျပ်၊ (လုံးလတ်) ၂၅၀၀၀ကျပ်နှင့်၂၈၀၀၀ကျပ်၊ (လုံးသေး)၂၀၀၀၀ကျပ်နှင့်၂၃၀၀၀ကျပ်စျေးဖြင့် ရောင်းချလျှက် ရှိ ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ရှမ်းစျေးရှိစျေးသည်တစ်ဦး၏ပြောပြချက်အရ ယခင်နှစ် ပေါက် စျေး နှင့်နှိုင်းယှဉ်ပါက သစ်အယ်သီး ၁ ပြည်လျှင် ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်အထိ စျေးနှုန်း မြှင့်တက် သွားကြောင်း သိရှိရပါသည်။

 DOCA(မန္တလေး)               

နိုဝင်ဘာလဒုတိယပတ်ရှိပန်းဂေါ်ဖီစိမ်းစျေး

              မန္တလေးကုန်စိမ်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည် နယ်တောင်ပိုင်းဒေသများမှ  ထွက်ရှိသည့်ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ ဝင်ရောက်မှုမှာ နိုဝင်ဘာလဒုတိယပတ်အတွင်း အနည်းလျော့နည်းသွားသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့်ပန်းဂေါ်ဖီပွင့်စိမ်းမှာ အရောင်း သွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက်စျေးပိုမိုရရှိကြောင်း သိ ရှိရပါသည်။ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ခုနှစ် နိုဝင်ဘာလဒုတိယပတ်အတွင်း ပန်း ဂေါ်ဖီစိမ်းတစ်ခုလျှင် လက္ကားစျေး  ၁၅၀ဝိ/-နှင့် ၁၇၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းရောင်းချသည့် သီရိမာလာစျေး (ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့်ပန်းဂေါ်ဖီ စိမ်းကားဝင်ရောက်မှုမှာ နေ့စဉ်တစ်ရက်လျှင် Center () ဘီးကား (၈)စီးနှင့် (၁၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

 DOCA(မန္တလေး)               

စျေးကွက်အတွင်းအရောင်းသွက်လျက်ရှိသည့်စကားဝါ

        မန္တလေးမြို့၊ရေနီမြောင်းစျေးတွင်‌ ဆောင်းဦးရာသီချိန်ဖြစ်၍ စကားဝါပန်းကုံးများ ဝင်ရောက် မှုများ ပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင် မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပားဒေသ) တို့မှထွက်ရှိသည့်ပန်းများနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်စကားဝါပန်းနှင့်စကားဖြူပန်းများဝင်ရောက်မှုများပြားကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်  နိုဝင်ဘာလဒုတိယပတ်အတွင်း စျေးနှုန်းများမှာ စကားဝါပန်းနှင့် စကားဖြူပန်း ၁၀ ကုံးလျှင် လက္ကားစျေး၂၅၀ဝိ/-နှင့် ၂၈၀ဝိ/- ၊လက်လီစျေး ၃၀၀၀ ကျပ် နှင့် ၃၅၀၀ကျပ်စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)                                                                                                             

 မန္တလေးစျေးကွက်တွင်ငရုတ်သီးစိမ်းစျေးငြိမ်လျက်ရှိ

                 မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင် တို့မှထွက်သည့်ကုန်စိမ်းများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့် ငရုတ်ပွနှင့် ငရုတ်သီးစိမ်းများစျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိပြီး၊ စျေးငြိမ်နေကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင် ငရုတ်သီး စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ ရိတ်သိမ်း မှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၀ တင်း၊ အထွက်ပေါင်း ၂၇၆၄၉၄၁၀ တင်းထွက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ငရုတ်သီးစိမ်းအမျိုးအစားများမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုး ငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီး များတွေ့ရှိရပြီး၊ အလေးချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေး များအား အလုံးအရွယ်အစားအလိုက်ရောင်းချကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာ စျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်း စျေးကွက်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ် ပေါ်သည့် ငရုတ်သီးပွ (လုံးသေး) စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီ စျေး ၈၀၀၀ ကျပ် နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ(လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ် ၊ မိုးထောင် ငရုတ်ရှည် ၁ပိဿာလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ကချင်သီးငရုတ်မှာ လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                                                             

 

MSMEလုပ်ငန်းဖြစ်သောတို့ဟူးစိမ်းထုတ်လုပ်ပုံနှင့် ဈေးနှုန်းဈေးကွက်

           မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ မိသားစုတစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် MSME လုပ်ငန်းဖြစ်သော တို့ဟူးစိမ်းထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း၊ တို့ဟူးကျိုရန်အတွက် ကုန်ကြမ်းပဲမှုန့်အစိမ်းတစ်ပိဿာလျှင်(၈၀၀၀)ကျပ်ခန့်ဝယ်ယူရကြောင်း သိရှိရသည်။ တို့ဟူး ကျိုချက်ရာတွင် ပဲစိမ်းမှုန့်ကို အသုံးပြုကြောင်း၊ ပဲစိမ်းမှုန့်တစ်ဆ၊ ရေနှစ်ဆရောစပ်၍ ပဲစိမ်းမှုန့် အလုံးအခဲလေးတွေ   မကျန်အောင် သေချာဖျော်ထားပြီး နာရီဝက်လောက် ခဏထားကြောင်း ၎င်းနောက် တို့ဟူးကျိုမည့်အိုးထဲသို့ ဇကာလေးနဲ့စစ်ထည့်ပြီး နနွင်းမှုံ၊ ဆား၊ ဆီအနည်းငယ်ထည့်ပြီး မီးအနေတော်ဖြင့်ကျိုရကြောင်း၊ စကျိုသည့်အချိန်မှစ၍ နှစ်မိနစ်ခန့်ကြာလျှင် အလုံးအခဲလေးတွေ စဖြစ်လာပါက အဆက်မပြတ်မွှေပေးရကြောင်း၊ စကျိုသည့်အချိန်မှစ၍ ဆယ်မိနစ် ခန့်ကြာလျှင် ကြွက်မြီးတန်းလာပါက မီးဖိုပေါ်မှချရကြောင်း၊ ထို့နောက် အဆင်သင့်ဆီသုပ်ထားတဲ့ လင်ပန်း (သို့)ခွက်တစ်ခုထဲသို့ လောင်းထည့်ပြီး မျက်နှာပြင်ကိုညီအောင် ဆီသုတ်ထားသည့်ဇွန်းနှင့်ညှိ ပေးရကြောင်း၊ ပြီးနောက် သုံးနာရီအအေးခံ ထားပြီးပါက တို့ဟူးစိမ်းများရရှိ၍ ဈေးကွက်သို့ရောင်းချကြောင်း၊ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ၂၀၂‌၅ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်၌ ရောင်းချနေသော တို့ဟူးစိမ်းလက်လီ၂၅ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ လက်ကား တစ်ပိဿာ လျှင်(၅၅၀၀) ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ နေ့စဉ် တို့ဟူးစိမ်း အချိန် (၁၀-၁၅) ပိဿာခန့်ရောင်း ကုန်ကြောင်း၊  စားသုံးမှုများပြီး လူကြိုက်များကြောင်း၊ အရောင်းအဝယ်ကောင်းပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း တို့ဟူးစိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်ရှိ နဂါးမောက်သီးစျေး

              စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နဂါးမောက်သီးများ ဝင်ရောက်မှုအနည်းငယ်လျော့နည်းသွားပြီး၊ နဂါးမောက်သီးစျေးမှာ အနည်းငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။ စျေးကွက်တွင် နဂါးမောက်သီးအတွင်း သားအဖြူ ရောင်၊ခရမ်းရောင်နှင့်မရမ်းရောင်တို့တွေ့ရှိရပြီး၊အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိ ကြောင်း တွေ့ရှိရပါသည်။မန္တလေးမြို့၊သစ်သီးရောင်းချသည့်စျေးတန်းတွင်၂၀၂၅ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်းဖြစ်ပေါ်သည့်နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ  (လုံးကြီး) (အတွင်းသားဖြူ) ၂၀၀၀၀ ကျပ်နှင့်၃၀၀၀၀ ကျပ်၊ (လုံးလတ်) ၁၅၀၀၀ကျပ်နှင့်၁၈၀၀၀ကျပ်၊ (လုံးသေး) ၉၀၀၀ကျပ်နှင့် ၁၀၀၀၀ ကျပ် စျေး၊ အတွင်းသားခရမ်းရောင်နှင့် မရမ်းရောင်စျေးတို့မှာ အလုံးကြီး ၁၅၀၀၀ ကျပ်နှင့် ၁၈၀၀၀ ကျပ်၊ အလုံးသေး ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း ရတနာပုံစျေးရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)                                                                                                             

 နိုဝင်ဘာလဒုတိယပတ်ရှိဂန္ဓမာပန်းစျေး

                  တန်ဆောင်းမုန်းလအခါသမယအတွင်း ဂန္ဓမာပန်းအမျိုးမျိုးဝင်ရောက်မှု အနည်းငယ်လျော့ ကျပြီး၊ စျေးအနည်းငယ်မြင့်တက်သွားကြောင်း မန္တလေးပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်၊ တောင်ကြီး ဒေသတို့မှထွက်ရှိသည့်ဂန္ဓာမာပန်းများဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံးတွေ့ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊ လပ်ကီးဝါ၊ လပ်ကီးနီ၊ရွှေစိမ်း၊ကီလို၊ကြွေဖြူ၊ကြွေဝါ၊ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုးတစ်ပွင့် (၁၀ခက်ပါ) တစ်စီး လျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ချက်စိမ်းနှင့်ပုလဲဖြူတစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်းမန္တလေးမြို့၊ သိရီမာလာပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)                                                                                                             

 

  

 

 

၂၀၂၅/၂၀၂‌၆ခုနှစ်မြင်းခြံမြို့၏ ဆောင်းကုလားပဲစိုက်ပျိုးထားရှိမှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

            မြင်းခြံခရိုင်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်လမ်းတွင် တည်ရှိပြီး ဆည်မြောင်း၊ ကန်ချောင်းများအသင့်အတင့်ရှိသဖြင့် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းကုလားပဲသီးနှံကိုလည်း  အဓိကထား စိုက်ပျိုးကြောင်း သိရှိရသည်။ ဆောင်းကုလားပဲများကို အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့၌ ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ရက်ပေါင်း(၉၀/၁၂၀)ရက် ကြာမြင့်ကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်တွင် ဆောင်းကုလားပဲ စီမံကိန်းဖြင့် (၂၇၉၇၃) လျားထားဧကတွင်(၂၄၆၁)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန စာရင်းများအရသိရှိရသည်။ စိုက်ပျိုးရန်ကျန်ရှိသောဧက များအား ဆက်လက်စိုက်ပျိုးနေကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် (၁၂/၁၃)တင်း ထွက်ရှိခဲ့ကြောင်း၊ ယခုစိုက်ပျိုးထားရှိသော ဆောင်းကုလားပဲများ ရာသီဥတုကောင်းမွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်ကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလစတုတ္ထပတ်၌ ကုလားပဲ V2တစ်တင်းလျှင်(၇၇၉၀၀)ကျပ်နှင့် ကုလားပဲ929တစ်ပိဿာလျှင် (၇၇၄၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာနောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက ယခုလတွင် ကုလားပဲ  V2 တစ်တင်း လျှင်(၂၀၀၀)ကျပ်ခန့်ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ ကုလားပဲ929ဈေးနှုန်းများမှာ ယခင်လဈေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိခဲ့ကြောင်း၊  ကုလားပဲ အရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်ကွာခြားကြောင်း၊ ပွဲရုံများ၌ ယခင်နှစ်ထွက်ရှိသော ပဲဟောင်းများကိုသာ အရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ယခုအချိန်တွင် ကုလားပဲဆောင်းအသစ်များ ထွက် ပေါ်မှုမရှိသေးကြောင်း၊  မြင်းခြံမြို့ရှိပွဲရုံများ အနေ ဖြင့် တစ်ပတ်လျှင် အိတ်(၁၀၀-၁၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်းနှင့် ဆောင်းကုလားပဲများ ဈေးကွက်၌လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ရန်ကုန်၊မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပဲအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း