
ပြည်ဈေးကွက်သို့ ကြက်သွန်နီအသစ်များ ဒီဇင်ဘာနောက်ဆုံးပတ်မှစတင်ပြီး ဝင်ရောက်မှုရှိလာကာ နေ့စဉ် ပိဿာချိန် ၃၀၀၀ ခန့်အဝင်ရှိနေသည်။ ကြက်သွန်နီအသစ်များ ရေနံချောင်းဘက်မှသာစတင်အဝင် ရှိနေပြီး ကျန်မြို့နယ်များဖြစ်သော ဆိပ်ဖြူ၊ အောင်လံ၊ ကျောက်ပန်းတောင်းဘက်များမှ အသစ်များ ဝင်ရောက်မှုမရှိသေးဘဲ ကြက်သွန်နီ အဟောင်းများသာအဝင်ရှိတာ တစ်ရက်လျှင် ပိဿာချိန် ၁၀၀၀၀ ခန့် ဝင်ရောက်မှုရှိနေသည်။ ပြည်ဈေးကွက်အတွင်း ကြက်သွန်နီအဟောင်းရော အသစ်ပါ ဝင်ရောက်မှု ရှိနေသည့် အတွက် ပစ္စည်းလက်ကျန်များလျက်ရှိနေသည်။
အရောင်းအဝယ်အနေဖြင့် ကြက်သွန်နီအဟောင်းမှာ အသစ်ထက် ပိုမိုအရောင်း အဝယ်ဖြစ်လျက်ရှိ နေပြီး ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် ပန်းတောင်း၊ ဥသျှစ်ပင်၊ ပေါင်းတည်၊ နတ်တလင်း၊ သာယာဝတီတို့သို့ နယ်ကျော်စီးဆင်းမှုများအဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။ဈေးနှုန်းမှာပွဲရုံများ၌လက်လီ/လက်ကားတစ်ပိဿာလျှင်(အဟောင်း)ကြီး/လတ်/သေး ကျပ် ၂၀၀၀-၁၈၀၀- ၁၆၀၀/ ၁၄၀၀- ၁၂၀၀နှုန်းတို့နှင့် လက်လီဈေးများတွင် ကျပ် ၂၂၀၀/၂၀၀၀-၁၈၀၀/၁၆၀၀-၁၄၀၀ နှုန်း တို့နှင့် အသီးသီးရောင်းချ လျက်ရှိပြီး ကြက်သွန်နီ (အသစ်)မှာ ပွဲရုံလက်ကားဈေး ကျပ် ၁၈၀၀/၁၆၀၀/၁၂၀၀ နှုန်းတို့နှင့် လက်လီဈေး ကျပ် ၁၉၀၀/၁၇၀၀/၁၃၀၀ နှုန်းတို့ရှိကြောင်း သိရသည်။
DOCA(ပဲခူး)
