ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငရုတ်သီးစိမ်းစျေးငြိမ်လျက်ရှိသည့်ဒီဇင်ဘာလပထမပတ်

   မန္တလေးစျေးကွက်တွင် ဒီဇင်ဘာလပထမပတ်အတွင်း ငရုတ်သီးစိမ်းစျေးငြိမ်နေကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင် ငရုတ်သီး စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ ရိတ်သိမ်း မှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၀ တင်း၊ အထွက်ပေါင်း ၂၇၆၄၉၄၁၀ တင်းထွက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ငရုတ်သီးစိမ်းအမျိုးအစားများမှာ ကုလား အော်ငရုတ်၊ လျှာဂျွန်းထိုး ငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီး များတွေ့ရှိရပြီး၊ အလေးချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေး များအား အလုံးအရွယ်အစားအလိုက်ရောင်းချကြောင်း တွေ့ရှိရ ပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လပထမပတ်အတွင်း ဖြစ်ပေါ်သည့် ငရုတ်သီးပွ (လုံးသေး) စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကား စျေး ၆၀၀၀ကျပ်နှင့် ၇၀၀၀ကျပ်၊ လက်လီစျေး ၈၀၀၀ ကျပ် နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ (လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ် ၊ မိုးထောင် ငရုတ်ရှည် ၁ပိဿာလျှင် လက္ကား စျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ကချင်သီးငရုတ်မှာ လက္ကား စျေး ၅၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နဂါးမောက်သီးစျေးမြင့်တက်လျက်ရှိသည့်မန္တလေးစျေးကွက်

   စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နဂါးမောက်သီးများ ဝင်ရောက်မှုအနည်းငယ်လျော့နည်းပြီးစျေး မြင့်တက်သွားကြောင်း သိရှိရပါသည်။ စျေးကွက်တွင် နဂါးမောက်သီးအတွင်း သားအဖြူ ရောင်၊ခရမ်းရောင် နှင့်မရမ်းရောင် တို့တွေ့ရှိရပြီး၊အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သစ်သီးရောင်းချသည့်စျေးတန်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ  (လုံးကြီး) (အတွင်းသားဖြူ) ၂၀၀၀၀ ကျပ်နှင့်၃၅၀၀၀ ကျပ်၊ (လုံးလတ်) ၁၅၀၀၀ကျပ်နှင့်၂၀၀၀၀ကျပ်၊ (လုံးသေး) ၉၀၀၀ကျပ်နှင့် ၁၂၀၀၀ ကျပ် စျေး၊ အတွင်း သားခရမ်းရောင်နှင့် မရမ်းရောင်စျေးတို့မှာ အလုံးကြီး ၁၅၀၀၀ ကျပ်နှင့် ၂၀၀၀၀ ကျပ်၊ အလုံးသေး ၉၀၀၀ ကျပ်နှင့် ၁၁၀၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း ရတနာပုံစျေးရှိ သစ်သီးရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

ဂန္ဓမာပန်းအမျိုးမျိုးစျေးနှုန်းကျဆင်းလျက်ရှိ

   ဒီဇင်ဘာလပထမပတ်အတွင်း ဂန္ဓမာပန်းအမျိုးမျိုးဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်း မန္တလေးပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံ ခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှ ထွက်ရှိ သည့်ဂန္ဓာမာပန်းများဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံး တွေ့ ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊ လပ်ကီးဝါ၊ လပ်ကီးနီ၊ ရွှေစိမ်း၊ကီလို၊ကြွေဖြူ၊ကြွေဝါ၊ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုးတစ်ပွင့် (၁၀ ခက်ပါ) တစ်စီး လျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်းနှင့် ပုလဲဖြူတစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ပုရစ်ဝင်ရောက်မှုကျဆင်းကာစျေးမြင့်တက်လျက်ရှိ

  မန္တလေးစျေးကွက်သို့ ပုရစ်ဝင်ရောက်မှုကျဆင်းလာသည့်အတွက် စျေးမြင့်တက်သွားကြောင်း ‌ရေကြည်ညောင်ပင်စျေးရှိ   ပုရစ်စျေးကွက်မှ သိရှိရပါ သည်။   မြစ်ကြီးနား၊ ရွှေကူ၊  ကသာ၊   မတ္တရာ နှင့် ဆည်တော်လေးဒေသတို့မှ ဝင်ရောက်သည့်ပုရစ်အား မိုးပုရစ်နှင့်ဆောင်းပုရစ်နှစ်မျိုးခွဲခြားရောင်း လေ့ရှိပြီး၊မိုးပုရစ်မှာ အထီးနှင့်အမစျေး ကွာခြားမှု မရှိဘဲ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဆောင်းပုရစ်မှာ သီးတင်းကျွတ်လဆန်းပိုင်းမှစတင်ဝင် ရောက်လျက်ရှိပြီး၊ပုရစ်အမများတွင် ဥပါဝင်မှု များသဖြင့်  လူကြိုက်များသကဲ့သို့ စျေးအနည်းငယ်မြင့် ကြောင်းသိရှိရပါသည်။ မန္တလေး‌မြို့၊ရေကြည် ညောင်ပင်စျေးရှိဆောင်းပုရစ်စျေးကွက်တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်း လက္ကား စျေး မှာ  ပုရစ်အကောင်ကြီး (၂၀၀ပါ) တစ်ထုပ်လျှင်   ပုရစ် (အမ) ၅၈၀၀၀ ကျပ်နှင့် ၆၀၀၀၀ ကျပ်၊ ပုရစ် (အထီး) ၂၆၀၀၀ ကျပ်နှင့် ၃၀၀၀၀ ကျပ်၊   သဲပုရစ် ခေါ် ပဲပုရစ်(အကောင်သေး) (၂၀၀ပါ) တစ်ထုပ် လျင် ၁၅၀၀၀ကျပ်နှင့် ၁၇၀၀၀ ကျပ်၊ လက်လီစျေးမှာ ပုရစ် အကောင်ကြီး(၁၀၀)လျှင်ပုရစ်(အမ) ၃၀၀၀၀ကျပ်နှင့်၃၃၀၀၀ကျပ်၊ပုရစ်(အထီး)၁၅၀၀၀ ကျပ် နှင့် ၁၆၀၀၀ ကျပ်၊ သဲပုရစ်(အကောင်သေး) (၁၀၀)လျှင် ၈၀၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလဆန်းတွင် ပန်းကုံးမျိုးစုံအရောင်းသွက်လျက်ရှိ

   နတ်တော်လအတွင်း ဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့် အချိန်ဖြစ်၍ မန္တလေးစျေးကွက်တွင် ပန်းကုံးမျိုးစုံ အရောင်းသွက်လှျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့ နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကုံးပန်းများ ဝင် ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ပန်းကုံး လက်လီ ပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ကုံးပါတစ်တွဲလျှင် ၂၀၀ဝိ/-နှင့် ၂၅၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၂၀၀ဝိ/-နှင့် ၂၇၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါး ပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံး ပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း   သိရှိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်မန္တလေးသစ္စာပန်းအမျိုးမျိုးစျေးကွက်

  စျေးကွက်အတွင်းသို့ နတ်တော်လရာသီချိန်တွင် သစ္စာပန်းအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ အရောင်းသွက်ကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်သစ္စာပန်းအမျိုးမျိုးဝင် ရောက်မှုများပြားလျက် ရှိကြောင်း သိရှိရပါသည်။သစ္စာပန်းအပွင့်အရောင်မှာ အဖြူ၊ကြက်သွေးနီ၊မိတ်ကပ်ရောင်၊ပန်းရောင်၊ အဝါရောင်တို့တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်သည့် လက်လီစျေးနှုန်း များမှာသစ္စာပန်း(၅ခက်ပါ)၁စီးလျှင် (ပန်းပွင့် ကြီး)၂၅၀၀ကျပ်နှင့်၃၅၀၀ကျပ်၊ (ပန်းပွင့်သေး) ၂၀၀၀ ကျပ်နှင့်၂၃၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ နတ်တော်လအတွင်း ဘုရားပွဲ နှင့်အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ သစ္စာပန်းမှာ  စျေးကွက်အတွင်း ဝယ်ယူမှုများပြား လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဆောင်းဦးရာသီချိန်တွင်နှင်းပန်းများအရောင်းသွက်

   ဆောင်းဦရာသီချိန်တွင် ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦး လွင်ခရိုင်၊ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်နှင်းပန်းများ ဝင် ရောက်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။၂၀၂၅ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်းဖြစ်ပေါ် သည့် လက္ကားစျေးအစီးကြီးတစ်စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ၁၃၀၀၀ကျပ်၊ လက်လီစျေး မှာ နှင်းပန်း (၅ခက်ပါ) ၁ စီးလျှင် ၁၅၀၀ကျပ်နှင့်၂၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။ နတ်တော်လရာသီချိန်အတွင်း ဘုရားပွဲနှင့်အလှူပွဲတော်များ ကျင်းပသည့် အချိန် ဖြစ်၍ နှင်းပန်းမှာ  စျေးကွက်အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ငှက်ပျောသီးအရောင်းသွက်သည့်နတ်တော်လ

  မန္တလေးစျေးကွက်တွင် နတ်တော်လအတွင်း ဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့် ကာလဖြစ်ခြင်းကြောင့် ငှက်‌ပျောသီးများအရောင်းသွက်လျက်ရှိကြောင်း စျေးချိုတော်ရှိ ငှက်ပျော သီးဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျော သီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊အထွက်နှုန်း ၁၀၅၅.၈၂ နှင့် အထွက်တင်း ၁၃၅၅၁၄၄၀ တင်းဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ပထမ ပတ်အတွင်း ငှက်ပျော ဖီးစျေးနှုန်းများ အနေဖြင့် တစ်ဖီးလှျင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊ သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ ရခိုင်ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး(တောင်ငူသီး)မှာ၅၀၀ဝိ/-နှင့်၈၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ဂျင်းတက်စျေးငြိမ်လျက်ရှိ

   မန္တလေးစျေးကွက်သို့ ဒီဇင်ဘာလပထမပတ်အတွင်း ရှမ်းပြည်နယ်မှ စားဖိုစောင်သီးနှံ ဂျင်းများဝင် ရောက်မှုများပြားပြီး၊ စျေးငြိမ်လျက်ရှိကြောင်း စျေးချိုတော်ရှိ ပွဲရုံတန်းမှ သိရှိရပါသည်။  မန္တလေးစျေးကွက်အတွင်း ၂၀၂၅ခုနှစ်ဒီဇင်ဘာလလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောဂျင်း ပေါက်စျေးမှာ တစ်ဆွဲခေါ် ၃ တင်းအိတ်(၃၀ ပိဿာပါ)တစ်အိတ်လျှင် ၇၃၀၀ဝိ/-  နှင့် ၇၅၀၀ဝိ/-၊ တစ်ပိဿာပေါက်စျေးမှာ လက္ကားစျေး၃၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ လက်လီစျေး ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ယခင်လစျေးနှုန်းနှင့်နှိုင်းယှဉ်ပါကဂျင်းစျေးမှာ ပြောင်း လဲမှု မရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် အာလူးစျေးအနည်းငယ်မြင့်တက်လျက်ရှိ

   မန္တလေးစျေးကွက်သို့ ဒီဇင်ဘာလပထမပတ်အတွင်း ရှမ်းပြည်နယ်မှ အာလူးသီးများ ဝင် ရောက်မှုအနည်းငယ်ကျဆင်းပြီးပေါက်စျေးအနည်းငယ်တက်သွားကြောင်း စျေးချိုတော်ရှိ အာလူး ပွဲရုံတန်းမှ သိရှိရပါသည်။  မန္တလေးစျေးကွက်အတွင်း ၂၀၂၅ခုနှစ်ဒီဇင်ဘာလလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အာလူးသီးတစ်ပိဿာပေါက်စျေးမှာ  အလုံးကြီးလက္ကားစျေး၇၀၀ဝိ/-၊ လက်လီ စျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/- ၊လုံးလတ်လက္ကားစေျး ၆၀၀ဝိ/-၊လက်လီစျေး ၆၅၀ဝိ/-နှင့် ၇၀၀ဝိ/-၊အလုံး သေးလက္ကား ၂၅၀ဝိ/-၊ လက်လီစျေး ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်လစျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အာလူးစျေးနှုန်းမှာအနည်းငယ်မြင့်တက်သွား ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း