
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၅) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း (မြို့မ)ရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။
ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်း မုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
