မော်လမြိုင်မြို့နယ်၌ သက်တမ်းလွန်ဆေးဝါးများ ဖျက်ဆီးခြင်း

Powered by Drupal

     ၃၀.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်အစား အသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆေးကုမ္ပဏီများမှ တင်ပြလာသော ပျက်စီးရက်လွန်နေသော ဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် ဆေးဆိုင်မှ အပ်နှံထားသော သက်တမ်းလွန်ဆေးဝါးများကို မော်လမြိုင်မြို့၊ မုရောင်းအမှိုက်ကျင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ မီးရှို့ဖျက်ဆီးရာတွင် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးဝါး (Tablet) (၄၃) မျိုး၊ ဆေးဝါး (Capsule) (၉) မျိုး၊ ဆေးဝါး (Suspension) (၅) မျိုး၊ ဆေးဝါး (Injection) (၁၅) မျိုး၊ ဆေးဝါး (Cream) (၅) မျိုး၊ ဆေးဝါး (Syrup) (၆) မျိုး၊ ဓာတ်ဆား (၁) မျိုး၊ Health Care Products (၅) မျိုး၊ Hand Sanitizer (၃) မျိုး စသည်တို့ကို ကြိတ်ချေ၍ မြေမြုပ်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)