၂၀၂၅ခုနှစ်၊ အောက်တိုဘာလအတွင်း ပြည်ခရိုင်ရှိ ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

           စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် တိုးချဲ့စက်မှုဇုန်လမ်း၊ နဝဒေးရပ်ကွက် “TMS” သောက်ရေသန့်လုပ်ငန်းသို့ လည်းကောင်း၊ ကုန်သည်လမ်း၊ ကျောင်းအိုးရပ်ကွက်ရှိ “ကြယ်စင်သစ်” ခေါင်းလျှော်ရည် လုပ်ငန်း သို့လည်းကောင်း၊ (၃)လမ်း၊မြို့သစ်ရပ်ကွက်ရှိ “ရွှေကျေး” အမှုန့်ကြိတ်လုပ်ငန်း သို့လည်းကောင်း၊ တိုးချဲ့စက်မှုဇုန်၊ နဝဒေးရပ်ကွက်ရှိ “မြင့်မိုရ်” အမှုန့်ကြိတ်လုပ်ငန်း သို့လည်းကောင်း၊ ဗိုလ်ချုပ်လမ်း၊ နဝဒေးရပ်ကွက်ရှိ “စူပါ” အမှုန့်ကြိတ်လုပ်ငန်း သို့လည်းကောင်း၊ ဆင်စုရပ်ကွက်ရှိ “မြသရဖူ” ဖျော်ရည်လုပ်ငန်းသို့လည်းကောင်း၊ နဝဒေးစက်မှုဇုန်ရှိ “ချယ်ရီ” အမှုန့်ကြိတ်လုပ်ငန်းသို့ လည်းကောင်း၊ စက်မှုဇုန်(၁)ရှိ “ပတ္တမြား” အမှုန့်ကြိတ်လုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့ တွင်ဥသျှစ်ပင်ဒေသရှိ “Ever Cool” သောက်ရေသန့်လုပ်ငန်းသို့လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း များသည်သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည် များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)