သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောက်မြို့၌ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသောက်ဆိုင်လုပ်ငန်းရှင်များ အား အသိပညာပေးဆွေးနွေးခြင်းကို (၅.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ချောက် မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ရှေးဦးစွာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စား           သောက်ဆိုင်များတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆိုင်တွင်ရောင်းချသည့် ကုန်ပစ္စည်း အမျိုးအစားအလိုက် ဈေးနှုန်းများဖော်ပြထားရှိရေး၊ စားသုံးသူများအား ဝန်ဆောင်မှုပေးရာတွင် စိတ် ကျေနပ်မှုရှိစေရေးများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်သိမ့်ဝါက ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောကာ တက်ရောက်လာသည့် စားသောက်ဆိုင်ပိုင်ရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသည့် စားသောက်ဆိုင်ပိုင်ရှင်များအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် စားသုံးသူရေးရာ အသိပညာပေး လက်ကမ်းစာ‌စောင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

မအူပင်ခရိုင်ဦးစီးမှူးရုံး၏ ၈/၂၀၂၅ ဝန်ထမ်းထုဒါဘာ နှင့် လုပ်ငန်းညှိနိုင်း အစည်းအဝေးပြုလုပ်ဆောင်ရွက်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာမှ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အစည်းအဝေး ၈/၂၀၂၅ ကို (၅-၈-၂၀၂၅) ရက်နေ့ နေ့လည် ၂နာရီအချိန်က မြို့နယ်များနှင့်အတူ Zoom ဖြင့် အစည်းအဝေးပြုလုပ် ကျင်းပဆောင် ရွက်ခဲ့ကြသည်။

           အစည်းအဝေးကို မအူပင်ခရိုင်ဦးစီးမှူးက အဖွင့်စကားပြောကြားရာ မအူပင်ခရိုင်ရုံး ဒါဘာအစည်းအဝေးကို လစဉ် လဆန်း ၇ ရက်အတွင်း Zoom ဖြင့် အစည်းအဝေးပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်တွင်တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများအနေဖြင့် လူအင်အားနည်းသော်လည်း ဌာနခွဲ ၇ခု လုပ်ဆောင်ရမည့် လုပ်ငန်းများကို ရုံးလုပ်ငန်းလိုအပ်ချက် အခက်အခဲရှိက တင်ပြနိုင်ရန်၊ လစဉ် ဝန်ထမ်းစွမ်းဆောင်ရည်သင်တန်း၊ Online ဖြင့်ချိတ်ဆက်ဆောင်ရွက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်ချက်၊ အားသာချက်များကို ဖြည့်စွပ်၍ ဆောင်ရွက်ရန်၊ မြို့နယ်များမှ တင်ပြလာသော အချက်များကို ခရိုင်အနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ပါက ဆောင်ရွက်ပေးပြီး ၊ အထက်သို့ တင်ပြရန် လိုအပ်သောအချက်များကို တင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်၍ စားသုံး/ထုတ်လုပ် လုပ်ငန်းများဆောင်ရွက်ရာတွင် အကြိမ်ရေပြည့်မှိအောင်ဆောင်ရွက်နိုင်ရန်နှင့် မြို့နယ်များ ဆောင်ရွက်ပြီးစီးမှူများကို မှတ်တမ်းထားရှိရန်၊ ကုန်အညွှန်းအမှတ်အသား တစ်လ ၁ကြိမ် တင်ပြနိုင်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရန်၊ ပြည်တွင်း ကုန်သွယ်မှုနှင့် ပတ်သက်၍ ၆၀ရာနှုန်း လုပ်ဆောင်နေရပြီး ၄၀ရာခိုင်နှုန်းမှာ စားသုံးပိုင်းကို ဆောင်ရွက်နေရသဖြင့် ဒေသန္တရဌာနများဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန်၊ ၎င်းဌာနများက တောင်းခံခါသော စားသုံးပိုလျှံ၊ စိုက်အောင်ထွက်နှုန်းများကို သက်ဆိုင်ရာအခြေခံစာရင်းများ တောင်းခံ၍ တွက်ချက်ကူညီ ဆောင်ရွက်ပေးရန်တို့ကို မှာကြားပြောကြားခဲ့သည်။

          ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ်တို့မှ တင်ပြကြရာ ဝန်ထမ်းထုဒါဘာအနေဖြင့် အခက်အခဲတင်ပြမှု မရှိကြောင်းတင်ပြလာပြီး၊ လုပ်ငန်းညှိနှိုင်းအနေဖြင့် တင်ပြလာမှုအပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝန်ထမ်းများအနေဖြင့် တာဝန်နှင့် ဝတ္တရားများကို ကျေပျွန်စွာ ထမ်းဆောင်ကြရန်၊ သတင်းရေးသား ရာတွင် အဆင်ပြေချောမွေစွာ မြေပြင်အချက်အလက်မျာအား ကွင်းဆင်းတောင်းခံရာတွင် ပြည်တွင်းနှင့်ပတ်သက်၍ သီးနှံထွက်ရှိမှုများကို ဝယ်ယူရောင်းချသည့်နေရာ၊ တောင်သူအကြိုးအမြတ်၊ ပို့ကုန်တင်ပို့မှုအထောက်အကူပြုခြင်း၊ အခြေအနေများ၊ ကုန်ဈေးနှုန်း စီးဝင်၊ စီးထွက်၊ ဈေးနှုန်း အတက်အကျ၊ သုံးသပ်ချက်၊ စိုက်ပျိုးထုတ်လုပ်ပါက ကုန်ပစ္စည်းအမျိုးအစားအလိုက်သွင်းအားစု တစ်ဧက ကုန်ကျစရိတ်၊ အထွက်၊ တောင်သူအကျိုးအမြတ် အခြေအနေများ မေးမြန်းနိုင်ရန်၊ ၂၁-၈-၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သတင်းရေးသားမှု သင်တန်းကို ခရိုင်ရှိ ဝန်ထမ်းများ တက်ရောက်ရန် တို့ကို မှာကြားဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးကို ခရိုင်၊ မြို့နယ် ဝန်ထမ်း စုစုပေါင်း ၁၆ဦး တက်ရောက်ခဲ့ကြပြီး ၃၁၅နာရီအချိန်တွင် အစည်းအဝေးရှုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရေနံချောင်းမြို့၊ မြို့မဈေးဝန်းကျင်ရှိ ဆန်ဆိုင်များ၌ သင့်တင့်မျှတသောဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်း၍ ပြည်တွင်း၌ ဆန်ဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်စေရေး၊ ဈေးကစားလိုသည့် ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် လစဉ် သင့်တင့်မျှတသော ဆန်ဈေးနှုန်းများ ထုတ်ပြန်၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်သည် (၄.၈.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ရေနံချောင်းမြို့၊ မြို့မဈေးဝန်းကျင်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းပြီး ဆန်များအား လစဉ်ထုတ်ပြန်ပေးထားသည့် သင့်တင့်မျှတသောဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အမျိုးအစား မတူ/ဈေးနှုန်းမတူသော ဆန်များရောနှောရောင်းချမှုရှိ/မရှိတို့အား စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရ သည်။

DOCA(မကွေး)

ရေနံချောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ‌ရေနံချောင်းမြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅)  ရက်နေ့၊ နေ့လယ်(၁၃း၃၀)အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုရေးအတွက်  ရည်ရွယ်၍ ရေနံချောင်း မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။  

          ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ညွန့်မှ အမှာစကားပြောကြားပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်မှ အစားအစာများ စားသုံးရာ၌ ရွေးချယ် ဝယ်ယူစားသုံးရမည့် အချက်များအကြောင်းအားလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ချိုမီအောင်က စာဖတ်ခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းအားလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ(၁၃)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၂၁၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မဈေးအတွင်းရှိ အချိန်အတွယ်ဖြင့်ရောင်းချသည့် စားသုံးဆီအရောင်းဆိုင်များတွင် ရောနှောဆီ ရောင်းချခြင်းရှိ/မရှိနှင့် အမှတ်တံဆိပ်ပါ စားသုံးဆီများတွင် သက်ဆိုင်ရာဌာနများမှ သတ်မှတ် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ထောက်ခံချက်များ ဖော်ထားခြင်းရှိ/မရှိတို့ကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရောနှောဆီရောင်းချခြင်းမရှိကြောင်းနှင့် အမှတ် တံဆိပ်ပါစားသုံးဆီများတွင် သတ်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း အချိန်အတွယ်ဖြင့် ရောင်းချသည့် စားသုံးဆီအရောင်းဆိုင်များတွင် အမျိုးအမည်နှစ်ခု ရောနှောရောင်းချ၍ မရကြောင်း၊ ရောနှောရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသေးစိတ် ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး(၃/၂၀၂၅)ကျင်းပခြင်း

   ၂၀၂၅ ခုနှစ်၊ သြဂုတ် ၇ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး(၃/၂၀၂၅)ကို စာသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသ ကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

     တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာကော်မတီ(၃/၂၀၂၅)အစည်းအဝေး၌ ကော်မတီ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ(၂/၂၀၂၅)အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ထားရှိမှု အခြေအနေ နှင့်အမှာစာများတင်ပြခြင်း၊  လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများဖြင့် ဆွေးနွေးတင်ပြခဲ့သည်။

    အဆိုပါအစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များက အကြံပြုချက်များတင်ပြခြင်း၊ ရှေ့ဆက် လက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင်လည်း အဖွဲ့ဝင်များအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂  ခုနှစ် ၊ သြဂုတ် ရက်နေ့ ၊ ၀၈း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အစား အသောက်နှင့်ဆေးဝါးကွပ်ရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

 ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေး ဝါးများ ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေး ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံဆေးဝါးရောင်းချမှု လိုင်စင်များ ရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးပြတ်လတ်မှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေ အနေများ မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်        

DOCA(တနင်္သာရီ)     

အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနစ်၊ သြဂုတ်လ (၇)ရက်နေ့၊ မွန်းလွဲ(၁း၀၀)အချိန်တွင် မြိတ်မြို့၊ လမင်းရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းကျောင်း၌ကျင်းပပြုလုပ်သောသင်တန်း၌ သင်တန်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    အသိပညာပေးဟောပြောရာတွင် စားသုံးသူ‌ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းပြောကြားပြီး စားသုံးသူများအတွက် စားသုံးသူအခွင့်အရေးရှိကြောင်း၊ အခွင့်အရေးရှိသလို တာဝန်လည်းရှိကြောင်း၊ အန္တရာယ်ရှိသောအစားအစာများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊စားသုံးသူနစ်နာမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ အွန်လိုင်းမှတဆင့်စျေးဝယ်ပါကသတိထားသင့်သည့်အကြောင်းနှင့် အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများ ရောင်းချမည်ဆိုပါက အွန်လိုင်းမှတ်ပုံတင်လျောက်ထားရန်လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ Moon သောက်ရေသန့်လုပ်ငန်းအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး

     (၈.၇.၂၀၂၅)ရက်၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ဖြင့်ပူးပေါင်း၍ လမင်းရပ်၊ ရေပုန်းကျေးရွာအုပ်စု၊ မြိတ်မြို့ရှိ Moon သောက်ရေသန့်လုပ်ငန်းအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် (၂၀)လီတာနှင့်  (၁)လီတာသောက်ရေသန့်များရှိ ကုန် အညွှန်းအမှတ်အသားဖော်ပြမှုအားစစ်ဆေးခဲ့ပြီး သောက်ရေသန့်ဘူးများတွင်ဖော်ပြရန် လိုအပ်သောအချက်အလက်များအား အသိပညာပေးခြင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်များကို လိုက်နာဆောင်ရွက်ရန်နှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

မြိတ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြိတ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၆)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီ အချိန်တွင် မြိတ်မြို့၊ မြစ်ငယ်ရပ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမတို့အား ကျန်းမာရေးဆိုင်ရာဗဟုသုတများနှင့် စားသုံးသူ များဘေးအန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါ  သည်။

  အသိပညာပေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များနှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများအကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် နစ်နာမှုရှိပါကတိုင်ကြားနိုင်သော နည်းလမ်း များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနက ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေး စစ်ဆေးပေးခြင်နှင့် ရာသီပေါ်ရောဂါများအကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆို ပါအသိပညာပေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမဦးရေ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ