သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံခရိုင်၊ ဘီးလင်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

        မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၂၁.၁၂.၂၀၂၄) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ(ယာဉ်အမှတ် 7J-9124) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၁၅)ပေပါနှင့် (၂၂.၁၂.၂၀၂၄) ရက်နေ့ နံနက် (၇:၃၀) နာရီတွင် (ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၂၉)ပေပါ စုစုပေါင်း (၄၄) ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ စားအုန်းဆီများကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး‌ရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် လက်လီ/လက်ကား ဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူ့များထံသို့ ၂%အမြတ်ဖြင့်ပြန်လည်ရောင်းချနေခြင်းအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့် သတ်မှတ်ခွဲတမ်းများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

တာမွေ(ကျောက်မြောင်းစတိုး) ရှိ ကော်ဖီမစ်အမျိုးမျိုးအားကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခြင်း

၂၆.12.2024 ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)၊ ဒေါ်ယုယုလွင်(အငယ်တန်းစာရေး) နှင့် ဝန် ထမ်းများသည် တာမွေ(ကျောက်မြောင်းစတိုး) ရှိ ကော်ဖီမစ်အမျိုးမျိုးအား သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အ တွက် ဈေးကွက်အတွင်း ရောင်းချနေသော ကော်ဖီမစ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်များပါဝင်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် BEST PLATINUM HAPPY PREMIER Lovita အစရှိသည့် ကော်ဖီမစ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တာမွေ (United Living Mall) အတွင်းရှိငရုပ်ဆီအမျိုးမျိုးအားကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခြင်း

၂၆.12.2024 ရက်နေ့၊ နံနက် (၁၁:၁၅) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး) ၊ ဒေါ်ယုယုလွင်(အငယ်တန်းစာရေး) နှင့် ဝန်ထမ်းများသည် တာမွေ (United Living Mall) အတွင်းရှိ ငရုတ်ဆီအမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်ဆီများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များပါဝင်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင်  ငရုတ်ဆီအမျိုးမျိုးတို့ တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တာမွေ(Orange ) အတွင်းရှိ အလှကုန်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခြင်း

၂၆.12.2024 ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး) ၊ ဒေါ်ယုယုလွင်(အငယ်တန်းစာရေး) နှင့် ဝန်ထမ်းများသည် တာမွေ(Orange) အတွင်းရှိ အလှကုန်အမျိုးမျိုးအား သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များပါဝင်မှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် BellaDoaruNow How၊  OLAY NOURISHING NIGHT OIL(NNO) အစရှိသည့်  အလှကုန်အမျိုးမျိုးတို့တွင် အမျိုးအမည်၊ အသားတင်အလေးချိန်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း   သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Super One (ကျိုက္ကဆံ) အတွင်းရှိ ဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခြင်း

၂၆.12.2024 ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇင်မင်းထွန်း( လ/ထ ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် Super One (ကျိုက္ကဆံ)  အတွင်းရှိ ဆီအမျိုးမျိုးအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များပါဝင်မှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် ငွေသဇင်မင်း၊ ရန်ကုန် ပဲဆီသန့် ၊ အမေထွား ၊ ဧရာဝတီအစရှိသည့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကံမမြို့နယ်၊ ရေနံ့သာကျေးရွာရှိ YYပဲကြော်လုပ်ငန်းရှင်အား စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဆွေးနွေး

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၄-၁၂-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ကံမမြို့၊ ရေနံ့သာကျေးရွာရှိ YYပဲကြော်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ကံမမြို့နယ်တာဝန်ခံမှ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် YYပဲကြော် ပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များသာရောင်းချရန်နှင့် မြန်မာ ဘာသာဖြင့်ဖော်ပြရမည့်အချက်များအား မဖြစ်မနေထည့်သွင်း ဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချနေကြောင်း စစ်ဆေး တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံး သူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊  ကုန်စည်များ နှင့် စပ်လျဉ်း၍အာမခံချက်ပေးခြင်းကို အသေးစိပ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့တွင် ပင်စင်စားများအတွက် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးမှုအား ပူးပေါင်းဆောင်ရွက်

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၃.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကံမမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများ လစာထုတ်ယူချိန်တွင် Than Thar Trading Co.,Ltd  သရက်မြို့ကိုယ်စားလှယ် ပြည့် ဆီအရောင်းဆိုင် မှ စားအုန်းဆီ ပိဿာ(၁၈၅)ပိဿာအား‌ရောင်းချရာတွင် ပင်စင်စား(၁)ဦးလျှင် စားအုန်းဆီ (၅၀) ကျပ်သား ဘူးအပါအဝင် (၁)ဘူးလျှင် ကျပ်(၄၄၀၀)ဈေးနှုန်းဖြင့် စုစုပေါင်း ပင်စင်စား (၃၇၀)ဦးအား သက်ဆိုင်ရာ ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ အဖွဲ့စုံဖြင့်  ‌ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

သရက်မြို့နယ်တွင် အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံသည် (၂၀-၁၂-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် သရက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာကြည့်တိုက်ခန်းမ၌ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက်  အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့နယ်တာဝန်ခံသည် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်နှင့်အညီ မျှော်မှန်းချက် ရည်မှန်းချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ဗဟုသုတများအား ဟောပြောခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက ဆက်သွယ်တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC) မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline (1535) သို့ နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူး ရုံးတွင် လိုင်းခွဲ(၃)သို့လည်းကောင်း ဖွင့်လှစ်ထားရှိပြီး ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များဖြင့် ဆက်သွယ်တိုင်ကြားလျှင် တိုက်ရိုက် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း စားသုံးသူ ပြည်သူများသိရှိစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့နယ်ရှိ ဆန်စပါးကြားပွဲစားများအား စျေးကစားမှုမရှိစေရေး အသိပညာပေးဟောပြော

          မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး၌ (၂၁.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးမှ တောင်တွင်းကြီးမြို့နယ်ရှိ ကြားပွဲစားများကို စျေးကစား မှုမရှိစေရေးနှင့် စျေးကစားပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          တိုင်းဒေသကြီးဦးစီးမှူးမှ ကြားပွဲစားမှတ်ပုံတင်များ ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ကြားပွဲစား ကတ် များကိုင်ဆောင်၍ စပါးဝယ်ယူရမည်ဖြစ်ကြောင်း၊ စပါးများကိုဝယ်ယူရာတွင် တစ်လတစ်ကြိမ် ထွက်ရှိသော ဆန်ရည်ညွှန်းစျေးကို လေ့လာချင့်ချိန်၍ ဝယ်ယူရမည်ဖြစ်ကြောင်းနှင့် ဆန်ရည်ညွှန်း စျေးထက် ပိုမို၍ ဝယ်ယူလျှင် တရားစွဲမည်ဖြစ်ကြောင်း၊ စပါးကြားပွဲစားကတ်မရှိဘဲ စပါးဝယ်ယူလျှင် ဒေသန္တရ အမိန့်အရ ရာဇသတ်ကြီးပုဒ်မ (၁၈၈)ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိ ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား (တတိယအကြိမ်)သက်သာသော စျေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ ဝန်ထမ်းအငြိမ်းစား (ပင်စင်စား)များအား ပင်စင်လစာထုတ်ယူသည့် နေ့ရက်တွင် သက်သာသော စျေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက် လျှက်ရှိရာ မကွေးမြို့နယ်တွင် တတိယအကြိမ် သက်သာသောစျေးနှုန်းဖြင့် ဆန်/ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအား ပင်စင်လစာစတင်ထုတ်ယူသည့် (၂၃.၁၂.၂၀၂၄) ရက်နေ့ မှ လကုန်ရက်အထိ ရုံးပိတ်ရက်မပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          မကွေးမြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား) (၂၅၀၀)ဦးခန့်ရှိပြီး ပင်စင်လစာ စတင်ထုတ်ယူသည့် (၂၃.၁၂.၂၀၂၄)ရက်နေ့မှစတင်ပြီး မြန်မာ့စီးပွားရေးဘဏ်၌ပင် အခမဲ့ဆေးကုသပေး ခြင်း၊ ပင်စင်စားတစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ (၁)ပိဿာ ရောင်းချပေးပြီး ပင်စင်စား၏ ဆန္ဒအရ ဆီ (၅၀)ကျပ်သား ဝယ်ယူလိုပါကလည်း အဆင်ပြေစေရန် ဆန်(၃)ပြည်ထုပ်၊ ဆီ (၅၀)ကျပ်သားဘူးများဖြင့် စီစဉ်ဆောင်ရွက်ထားပြီး အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆန်၊ ဆီများ သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးရာသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ