သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၀.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် အလှကုန်ပစ္စည်းများရောင်းချလျက်ရှိသော စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      အဆိုပါ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အလှကုန် ပစ္စည်းများတွင် သုံးစွဲသူများနားလည်စေရန် မြန်မာဘာသာစကားနှင့် ဖော်ပြထားရှိမှု၊ ကုန်အညွှန်း အမှတ်အသားဖော်ပြထားရှိမှု၊သုံးစွဲရန်အညွှန်းဖော်ပြထားရှိမှု၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး ရက်စွဲတို့ ဖော်ပြထားရှိမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်းကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသော အလှကုန်ပစ္စည်းများသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော အလှကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ချောက်မြို့မစျေး၌ ပလတ်စတစ်လျော့ချရေးနှင့် ရောနှောဆီရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလပ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ ကြီးကြပ်မှုဖြင့် (၂၃.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ချောက်မြို့မစျေးအတွင်းနှင့်အပြင်၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေ ရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေးအသိပညာပေးခြင်း၊  ဈေးအတွင်းရောနှောဆီရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ် ဆေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီးဦးစီးမှူး မအူပင်ခရိုင်ခရီးစဉ် ဝန်ထမ်းများနှင့် တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ  ၂၃ ရက်နေ့နှင့် ၂၄ရက်နေ့များတွင်   မအူပင်ခရိုင်အတွင်းသို့ ကွင်းဆင်းလှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခြင်း၊ မအူပင်ခရိုင်အတွင်း သိုလှောင်ရုံများနှင့် ပန်းတနော်မြို့ နယ်ရှိ Globle Earth စက်ရုံသို့ သွားရောက်၍ ကုမ္ပဏီတာဝန်ရှိသူနှင့် တွေ့ဆုံ၍ လုပ်ငန်းအခြေအနေများအား စစ်ဆေးဆောင်ရွက်ကြည်ရှုခဲ့သည်။

        တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်ထွန်း က မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များသို့ လှည့်လည်ကြည်ရှုပြီး မြို့နယ် ဝန်ထမ်းများနှင့် ရင်းနှီဖော်ရွှေစွာ တွေ့ဆုံခြင်း၊ ပန်းတနော်မြို့နယ်ရှိ Globle Earth စက်ရုံသို့ ၂၃.၁၂.၂၀၂၄ရက်နေ့ နေလည်ပိုင်းက သွားရောက်၍  Globle Earth Agro & AquaCo,Ltd မှ Gasifler တည်ဆောက် ပြီးစီမှု အခြေအနေကို ကြည့်ရှုလေ့လာခြင်း၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သော လုပ်ငန်းများ (ငါးအစာ၊ ငါးပေါင်မုန့်၊ ငါးဆီ) ဆောင်ရွက်နေသည့် လုပ်ငန်းသို့  ကြည့်ရှု စစ်ဆေးခြင်း တိုင်းဒေသ ကြီးဦးစီးမှူး က အဆိုပါလုပ်ငန်း၏ တည်ဆောက်ရေးကာလ တိုးမြှင့်ပေးနိုင်ရန်အတွက် လုပ်ငန်းလို အပ်ချက်များ ကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် နှင့် Gasifier စနစ်ဖြင့် လျှပ်စစ်ဓါတ်အား​ပေးစက်ရုံ လုပ် ငန်း အကောင်ထည်ပေါ်လာပြီဖြစ်၍ လိုအပ်သည့်စပါးခွံများကို လည်း ကြိုတင်စု‌​ဆောင်းရန် ဆန်စက် လုပ်ငန်းရှင်များနှင့် စပါးခွံဝယ်ယူ ရရှိနိုင်ရေး ချိတ်ဆက်ဆောင် ရွက်ပေးနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက် ပေးသွားဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

        ဆက်လက်၍ မအူပင်ခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများနှင့် ၂၄.၁၂.၂၀၂၄ ရက်နေ့ နံနက် (၀၈၀၀) နာရီက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ဝန်ထမ်းတစ်ဦးခြင်း ရင်းနှီဖော်ရွေစွာ မိတ်ဆက်ပြီး ဝန်ထမ်းတစ်ဦးခြင်းအား လုပ်ငန်းအခက်အခဲရှိပါက မိသားစုကဲ့သို့ တင်ပြကြရန် ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စများကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ အထက်သို့ တင်ပြ ဆောင်ရွက် ရန် လိုအပ်ပါက တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ မိမိကိုယ်ရည် အသွေး ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ထားကြရန်၊ အထက်နှင့် အောက် ဆက်ဆံရေး ရင်းနှီး လေးစားစွာ ပေါင်းသင်းဆက်ဆံနိုင်ရန်နှင့် ဌာနမှ လမ်းညွှန်ချက်များကို သိရှိလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မအူပင်ခရိုင်ရုံးဝန်းအတွင်း ရှိ ထုတ်ပိုးပစ္စည်းသိုလှောင်ရုံ နှင့် စက်ပစ္စည်း သိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးခဲ့ပြီး (၀၉၀၀)အချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဖျာပုံခရိုင်ဦး စီးမှူးရုံးသို့ ထွက်ခွာသွာကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်၏ ဒီဇင်ဘာလအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေ

          စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စား သုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲမျာကို ကန့်ဘလူ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ (အ.ထ.က)(၂)ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် လုပ်ငန်းရှင်များအားလည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်အနေဖြင့် ကျွန်းလှမြို့နယ် ၊အင်းကောင်းကျေးရွာရှိ (အ.လ.က)ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း ၊ အသိပညာပေးဟောပြော ပွဲများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကို သေချာစိစစ်ကြ ရန်လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာ ဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application ၊ ဌာန၏ Website ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့်(CICC)များကို လူကိုယ်တိုင်လာ ရောက်၍လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိ ပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၏ ဒီဇင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန် ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်ကွင်း ဆင်းတွေ့ဆုံ၍ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေ ရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ထားမှုဆိုင်ရာ တို့ကိုဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာရှိ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည် တို့ကိုဆွေးနွေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ဒီဇင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာနများ နှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန် စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေး အန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များအားလည်း ကောင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည်ဖြင့်စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၂)ကြိမ်၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ  ဆေးနှင့်ဆေးပစ္စည်းအ ရောင်းဆိုင်နှင့် ကုန်စုံဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်နှင့် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်၊ ကျွန်းလှမြို့၊ သစ်ရာမြိင်ရပ်ကွက်ရှိ  စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း(၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် ကုန်စည်များ၊ စံမညီဆေးဝါးများစသည်တို့ကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် မွန်းလွဲ ၁၅:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့မရဲစခန်း၊ မြို့နယ်မီးသတ်စသည့် ပူးပေါင်းအဖွဲ့သည်  ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အားကွင်းဆင်း၍ စက်သုံးဆီ ရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စက်သုံးဆီဆိုင်များအနေဖြင့် တရားမဝင် စက်သုံးဆီများရောင်းချခြင်းမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ် ရန်နှင့် စက်သုံးဆီများလွယ်ကူစွာဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီဆိုင်များကိုပုံမှန်ဖွင့်လှစ် ရောင်းချပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၀၉:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန် ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်း ချနေသည့် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သား တို့ကို ဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောစားသုံးဆီများ ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချ ခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

          DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဒီဇင်ဘာလ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် ထုတ်ကုန်မျးလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ် အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန် စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထား သော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၃)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ()ရက်နေ့ နံနက် (၀၈;၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့၊ သစ်ရာမြိုင် ရပ်ကွက်အတွင်းရှိ သာထက်စံ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်တွင်ရောင်းချနေသော ကလေး အဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့၊ နံနက် (၀၉;၀၀)နာရီ အချိန်တွင် ကျွန်လှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ လင်းရောင်ဝင်း စက်သုံးဆီအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင် နှင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက် နေ့ နံနက် (၀၉;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ ကုန်စုံဆိုင်တွင် နို့နှင့် နို့ ထွက်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အဖွဲ့စုံဖြင့် ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့ ပေါ် ရပ်ကွက်များအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား  ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးရောင်းချခြင်း ရှိ/မရှိနှင့် တရားမဝင် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ  နေ့စဉ် သတ်မှတ် ထုတ် ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်း များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့်အညီ ကုန်စည် အုပ်စု အလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များ အတိုင်း ပြည့်စုံစွာ ထည့်သွင် ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက် ပါရှိသော ကုန်စည် များကိုသာ ရောင်းချရန် လိုအပ်ကြောင်းအသိပညာပေး ဆွေးနွေးခဲ့ပြီး ဌာန ဥပဒေနှင့် ညွန်ကြားချက်များ ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဒီဇင်ဘာလ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း ဆောင်ရွက်နိုင်မှု

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

          ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များ အားတွေ့ဆုံးခြင်း (၁)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက်(၁၀;၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းစံပြ ကျေးရွာရှိ မိသားစုဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံဆန်/စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက် ဈေးနှုန်းဖြင့် ဆန်များ ဖြန့်ဖြူးရောင်းချ နိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပါယ်ဖွင့်ဆိုချက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်သည့် အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ