သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ် စားသုံးသူကာကွယ်ရေးအသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၄.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ဆောင် ရွက်ခဲ့ပါသည်။

        အဆိုပါအစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့် ကုန်စည်တွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်၊ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်းတူညီစွာပါရှိခြင်းတို့ကို ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူ အပေါ်အာမံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့် ကာလအတွင်း အသုံးပြုနိုင်ရန် ကုန်စည် ကို အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ခြင်းမပြုလျှင်ဖြစ်စေ၊ သတင်းအချက်အလက်ပြည့်စုံစွာ ဖော်ပြ ခြင်းမရှိလျှင်ဖြစ်စေ၊ စားသုံးသူအနေဖြင့် အာမခံချက်နှင့် ညီသော အရည်အသွေးတူကုန်စည်ရရှိရန်၊ ရောင်းချ သူမှ ငွေပြန်ပေးခြင်း၊ ပြင်ဆင်ပေးခြင်း၊ လဲလှယ်ပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး၊ အာမခံချက် ပေးထားသည့်အတိုင်း အမှန်တကယ်မရရှိပါက လျော်ကြေးရရှိရန် စသည့် စားသုံးသူက တောင်ဆိုနိုင်သည့် အခွင့်အရေးများကိုလည်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။   

DOCA(ဧရာဝတီ)  

၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးသို့ တိုင်းဒေသကြီးဦးစီးမှူးမှတက်ရောက်

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နေ့လည်(၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၊ ၃ ထပ်ဆောင် အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေး နေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပ ပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက် ခဲ့ပါ သည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ (၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ ပြခန်း၊ ပြိုင်ပွဲ၊ ဖျော်ဖြေမှုများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညွှန်ကြားခဲ့ပြီး တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များမှလည်း တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နေ့လည်(၁၄း၃၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

        ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက် (၁၀း၄၅) နာရီအချိန်တွင်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ) အစည်းအဝေးအား (Virtual) စနစ်ဖြင့်ပြုလုပ်ခဲ့ရာ ထားဝယ်တိုင်းရုံးဝန်ထမ်းများ၊ မြိတ်ခရိုင်ရုံးဝန်ထမ်းများ၊  ကော့သောင်းခရိုင် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဦးစီးမှူးဦးစိုးဦးမှ ဝန်ထမ်းများအား ရုံးချုပ်၏ လမ်းညွှန်ချက်များအား ပြောကြား၍ သက်ဆိုင်ရာခရိုင်မှူးများက မိမိတို့ ဆောင်ရွက်နေသော လုပ်ငန်းများ၏ ဆောင်ရွက်ချက်များ အားတင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှ ခရိုင်များ တွင် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။

      ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင် ရာခရိုင်များမှ မိမိတို့ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူး ကလိုအပ်သည်များ ကိုညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအ‌‌ဝေးအား နေ့ခင်း (၁၂း၀၀)နာရီအချိန်တွင် ပြီးမြောက် ခဲ့ကြောင်း သိရှိရပါသည်။     

DOCA(တနင်္သာရီ)

၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် တနင်္သာရီတိုင်းဒေသကြီးမှ အောင်နိုင်ဆုများ ရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုသည့်အခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူးမှတက်ရောက်

      ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၊ ၃ ထပ်ဆောင် အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်တွင် တနင်္သာရီတိုင်းဒေသကြီးမှ အောင်နိုင်ဆုများ ဆွတ်ခူးရရှိခဲ့သည့် အားကစား သမား များအား ဂုဏ်ပြုသည့်အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါ သည်။

     အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဂုဏ်ပြုချီးမြှင့် စကားပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဆုရအားကစားသမားများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကာ အခမ်းအနားအား နံနက် (၁၀း၃၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကျင်းပပြုလုပ်

    ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၆  )ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

    အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် တင်ပြထားသည့် အမှာစာများအား ဖတ်ကြားရှင်းလင်းပြီးနောက် တက်ရောက်လာသော အဖွဲ့ဝင် အသီးသီးက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ပုသိမ်မြို့ လူစီးသုံးယာဉ်ပြုပြင်ထိန်းသိမ်းခြင်း ပညာဒါန(အခမဲ့) သင်တန်း တွင် စားသုံးသူအသိပညာပေးဟောပြော

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် BAJAJ အမှတ်တံဆိပ် လူစီးသုံးဘီးကုမ္ပဏီမှ တာဝန်ယူစီစဉ်သော လူစီးသုံးဘီးယာဉ် ပြုပြင်ထိန်းသိမ်းခြင်း ပညာဒါန (အခမဲ့)သင်တန်းကို ၁၆.၁၂.၂၀၂၄ ရက်နေ့မှ ၂၆.၁၀.၂၀၂၄ ရက်နေ့ထိ ဖွင့်လှစ်လျက်ရှိပါသည်၊၊

      အဆိုပါသင်တန်းတွင် စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီမှ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၉) ဥပဒေပုဒ်မ (၁၉)နှင့် (၂၀)တွင် ပြဋ္ဌာန်းထားသော စားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ထုတ်ပြန်ထားသော အခွင့်အရေးနှင့် တာဝန်များကို အသိပညာပေးဟောပြောခြင်း၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံး၊ ဒုကြီးကြပ်ရေးမှူး ဦးဝင်းမြင့်မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်၊ ထုတ်ပြန်ပြီး မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်၊ အခွင့်အာဏာအပ်နှင်းသည့်အမိန့်များနှင့် သတိပြုရမည့် အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ စားသုံးသူဦးစီးဌာနမှ ဆောင်ရွက်နေ သည့် လုပ်ငန်းစဉ်များနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များအကြောင်း‌ ဟောပြောပြီး သင်တန်းသားဦးရေ (၃၇)ဦးတက်ရောက်ပါသည်၊၊

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဌာနခွဲများအလိုက် အလှည့်ကျရုံးလုပ်ငန်း တွေ့ဆုံဆွေးနွေးပွဲ virtual ဖြင့် တက်ရောက်

       စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ရုံးချုပ် ဌာနခွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများရှိ မူဝါဒလေ့လာရေးနှင့်စီမံကိန်း စာရင်းအင်း ဌာနခွဲ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲနှင့် သတင်းအချက်အလက် နည်းပညာ နှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၁.၁၂.၂၀၂၄ ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီတွင် virtual ဖြင့် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနခွဲတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်၊၊

     အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် မှ ကုန်စည်ဒိုင် အသင်းအဖွဲ့များ အသက်ဝင် စေရေး၊ ဝန်ထမ်းများဓာတ်ပုံမှတ်တမ်းနှင့် Short Video များ ပြုလုပ်စေရေး အဖွင့်မှာစကား ပြောကြားခြင်း၊ ရုံးချုပ် ၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်း စာရင်းအင်းဌာနခွဲ၊ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲနှင့် သတင်းအချက်အလက် နည်းပညာ နှင့် အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ မှ မိတ်ဆက် စကားပြောကြားခဲ့ပါသည်၊၊

      တက်‌ရောက်လာသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ အသင်းအဖွဲ့များဖွဲ့စည်းထားမှု၊ အသင်းအဖွဲ့များ သက်ဝင်မှုရှိ/မရှိ အခြေအနေ၊ Commerce Journalနှင့် အခြားဂျာနယ်မျာတွင် သတင်းနှင့် ဆောင်းပါးပါဝင်မှု ၊ Website တွင် သတင်းပါဝင်မှု၊ MyRoတွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားရှိမှု ၊ ICT ဆက်စပ်ပစ္စည်းများစာရင်း၊ short video နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက် ကျွမ်းကျင်သည့် ဝန်ထမ်းစာရင်းများ ကို အလှည့်ကျ ဆွေးနွေးမှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် မှ လိုအပ်သည်များကို ညွှန်ကြားပြီး အစည်းအဝေးကို ညနေ (၁၆:၃၀) တွင် အစည်းအဝေး ရုတ်သိမ်းခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဆန်ရည်ညွှန်းဈေးနှုန်းဖြင့် လိုက်နာရောင်းချရေး အသိပညာပေးဆွေးနွေး

       ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်မှ တာဝန်ရှိ သူများနှင့်အတူ မြို့မစည်ပင်ဈေးအတွင်းရှိ ဆန်ရောင်းချသူလုပ်ငန်းရှင်များအား ၂၀.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးရုံးခန်းတွင် တွေ့ဆုံ၍ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဆန်ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျုံပျော်မြို့နယ်ရှိ ဓာတ်မြေဩဇာဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ကျုံပျော်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်အတွင်း (၂၃.၁၂.၂၄) ရက်နေ့၊ နေ့လည် (၂:၃၀) အချိန်တွင် စိုက်ပျိုးရေးအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်း ရှိ/မရှိ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော တရားမဝင်ဓါတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ ရောင်းချမှုမရှိစေရေးအတွက် ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်ယူရီးယားဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့နှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးဆိုင်များတွင် ဆေးပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်ဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၉.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းရှိ ဆေးပစ္စည်းများရောင်းချလျက်ရှိသော ဆေးဆိုင် များတွင် ဆေးပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းများမြင့်တင်ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အများပြည်သူများသုံးစွဲရာတွင် အချို့သော ဆေးပစ္စည်းများပြတ်လပ်သော်လည်း အခြားသောကုမ္ပဏီများမှ အာနိသင်တူညီသော ဆေးဝါးများ အစားထိုးတင်သွင်းသည့်အတွက် ဆေးဝါးပြတ်လပ်မှုမရှိကြောင်းနှင့် ဆေးပစ္စည်းများအား ဈေးနှုန်း မြင့်တင်ရောင်းချခြင်းများ မတွေ့ရှိပါကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ