သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

၂၃.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ Regency ဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခဲ့ရာ စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုရန်၊ စက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ကော်မတီမှ သတ်မှတ် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင်ဖြန့်ဖြူး ရောင်းချခြင်းများရှိ/မရှိကို စစ်ဆေးခဲ့ရာ စက်သုံးဆီများလည်းပြတ်လပ်မှုမရှိပါကြောင်း၊ သတ်မှတ်ဈေးနှုန်းဖြင့်လည်း ရောင်းချပါကြောင်း၊ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းများလည်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ သိုလှောင်ထားခြင်းများမပြုကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးပြော ကြားခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

ဥက္ကံသကြားစက် ဖွင့်ပွဲအခမ်းအနားတက်ရောက်

          တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကံသကြားစက်ဖွင့်ပွဲအား ၂၀.၁၂.၂၀၂၄ ရက်နေ့ နံနက် (၉:၃၀)အချိန်တွင် ဥက္ကံသကြားစက်(ပင်မစက်ရုံ)ဖွင့်လှစ်ခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ စက်ရုံတာဝန်ရှိသူများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ကြိတ်ဝါး ရာသီကို ၂၀.၁၂.၂၀၂၄ မှစတင်ကြိတ်၍  (၃၁.၁.၂၀၂၅)ရက်နေ့၌ ကြိတ်ဝါးရာသီပြီးဆုံးပါမည်။ စက်ရုံမှ ကြံစိုက်ပျိုးတောင်သူများအတွက် ၂၀၂၄-၂၀၂၅ ကြံရာသီတွင် စိုက်စရိတ်ချေးငွေ (၁)ဧကလျှင် စိုက်ပျိုးချိန်၌ (၃၀၀၀၀၀)ကျပ်၊ ဘောင်လုံးချိန်(အပင်ပြုစုချိန်)တွင် (၁၅၀၀၀၀) ကျပ်၊  စိုက်ဧက (၁)ဧကလျှင် (၄၅၀၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေစာချုပ် ချုပ်ဆိုဆောင်ရွက် ပေးကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်၊ အ.မ.က(ဆင်ကူး)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ တိုက်ကြီး မြို့နယ်ခွဲ တာဝန်ခံသည် ၁၉.၁၂.၂၀၂၄ ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် တိုက်ကြီးမြို့နယ်၊ အ.မ.က(ဆင်ကူး) ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူများအား အစားအသောက်များဝယ်ယူ စားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားပါသော အစားသောက်များသာ ဝယ်ယူစားသောက် ရန်၊ သက်တမ်းကုန်ဆုံးရက်စွဲပါ ရှိ/မရှိ၊ ပါဝင်ပစ္စည်းနှင့် ဓါတ်မတည့်မှုများ မဖြစ်ပေါ်စေရန် ပါဝင်ပစ္စည်း ဖော်ပြထားမှုရှိ/မရှိကို စစ်ဆေးပြီးမှ ဝယ်ယူစားသောက်ရန် ကျောင်းသား/ ကျောင်းသူများအား ပြောကြားခဲ့ပြီး ဆရာ/ဆရာမအား ကျောင်းမုန့်ဈေးတန်းတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော အစားအသောက်များနှင့် သန့်ရှင်းလတ်ဆတ်သော အစားအစာများသာ  ရောင်းချစေရန် စိစစ်ကြပ်မတ်ရန်လိုအပ်ကြောင်း အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ (၆)ဦး၊ ကျောင်းသား/ကျောင်းသူ (၉၆)ဦး စုစုပေါင်း (၁၀၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ်ခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းရှင်ဒေါ်အေးဇင်ထိုက်နှင့်( ၁၈.၁၂.၂၀၂၄ ) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀) ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ‌စောင်ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် သာယာဝတီမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၁၇.၁၂.၂၀၂၄ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင်မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များအား ကုန်စည်များ၌ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/ မရှိ စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော  ကုန်စည်ဝန်ဆောင်မှုများ  ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့ ကြွေပြားထုတ်လုပ်သည့်စက်ရုံ၌ အသိပညာပေးဟောပြောခြင်း

 

          ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့ အင်းရွာရှိ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းရှိ အမှတ် (၃၄)အကြီးစားစက်ရုံ၏ ကြွေပြားထုတ်လုပ်မှုလုပ်ငန်းအား   (၁၆..၁၂..၂၀၂၄)ရက်နေ့ နံနက်   (၁၀ :၀၀) နာရီ အချိန်တွင်  ခရိုင်ဦးစီးမှူး  ဦးသန်းစိုး၊  စားသုံး/ ထုတ်လုံ   တာဝန်ခံဒေါ်ခိုင်ခိုင်ရီ တို့သည် ကြွေပြားစက်ရုံ၏ စက်ရုံကုန်ထုတ်မန်နေဂျာ ဦးမြင့်ဦး၊ သုတေသနနှင့်အရည်အသွေးထိန်းသိမ်းရေးတာဝန်ခံ ဒေါ်အေးအေးသန့်တို့နှင့်တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအားဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးဦးသန်းစိုးမှ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသောကုန်စည်များ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့်  စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာတီခရိုင်အတွင်းရှိမြို့နယ်များတွင် ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းခြင်း

           နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ နှစ်ပတ်လျှင် (၁)ကြိမ် ဆေးနှင့် ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများ ကိုဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို‌ ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်   ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများရှိ/ မရှိနှင့် ဆေးများ ပြတ်လပ်ခြင်းရှိ / မရှိ၊ ဈေးကွက်အတွင်း၌ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိ တို့ကို စားသုံးသူရေးရာ ဦးစီးဌာနဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်အတွင်းရှိလက်ပံတန်းမြို့နယ်များတွင်ဘိလပ်မြေရောင်းချမှု ကွင်းဆင်းစစ်ဆေးခြင်း

          ပဲခူးတိုင်း‌ဒေသကြီး၊သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အပတ်စဉ်အင်္ဂါနေ့တိုင်း ဘိလပ်မြေဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက် ရှိရာသာယာဝတီခရိုင်အတွင်း မြို့နယ်အလိုက်အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်းဆောင်ရွက်လျှက် ရှိရာ (၁၇.၁၂.၂၀၂၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် လက်ပံတန်းမြို့နယ်မှ ပြုံးမောင်မောင်အိမ်ဆောက် ပစ္စည်းဆိုင်နှင့် ဖိုးချစ်ဘိလပ်မြေဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေအမျိုးအစားအလိုက် ဈေးနှုန်းများ မြေပြင်လက်ကျန်အခြေအနေများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည်  (၁၉.၁၂.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် မင်းလှမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါ သည်။

          ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချ လျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ်မှန်ကန် စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများ တွင်မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့် တွေ့ဆုံအသိပညာပေးဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒီဇင်ဘာလ ၁၇ ရက် နေ့ မွန်းလွဲပိုင်းက ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တောင်ငူမြို့ရှိ စားသုံးဆီလက်လီလက်ကား ရောင်းချသူများအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် အွန်လိုင်းဝန်ဆောင်မှု နှင့်ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးက စားသုံးဆီရောင်းချရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် စားသုံးဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချရန်ကိစ္စ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း အမှန်တကယ်နေထိုင်သည့် အိမ်ထောင်စုတိုင်းအား အညီအမျှရောင်းချပေးနိုင်ရေးကိစ္စ၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူစရိတ်ပေါင်းပြီး နှစ်ရာခိုင်နှုန်းထက်မပိုဘဲအမြတ်တင်ရောင်းရန် ညွှန်ကြားချက်အား တိကျစွာလိုက်နာဆောင်ရွက်ရန် ကိစ္စများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

       ဆက်လက်၍ ခရိုင်ဦးစီးမှူးသည် အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းကို မှတ်ပုံလက်မှတ်ရရှိမှသာ ဆောင်ရွက်ရန် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီးဖြစ်ရာ အွန်လိုင်းဖြင့်ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားကြရန်နှင့် အွန်လိုင်းမှဝယ်ယူသူများအနေဖြင့်လည်း မှတ်ပုံတင်လက်မှတ်ရရှိသူများထံမှသာ ဝယ်ယူကြရန် အွန်လိုင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို အသိပညာပေး ပြောကြားခဲ့ပါသည်။

          ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူမြို့မှ စားသုံးဆီလက်လီလက်ကားရောင်းချသူ ၂၃ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ