
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ( ၇ )ရက်နေ့ နေ့လယ်( ၁၃:၃၀ )နာရီအချိန်တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမိုးညွန့်ဦး၊ ခေတ္တပြည်နယ်ဦးစီးမှူး ဦးဆောင်၍ မိတ်ဖက်ဌာနများ ဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ လွိုင်ကော်မြို့ပေါ်ရှိ သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ရွှေကယား၊ စိမ့်စမ်းမိုး၊ Guardian၊ TPP၊ LK Fresh၊ ရေနီကန် စက်ရုံများတို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် FDA လိုင်စင်မရှိသေးသည့် ရေသန့်လုပ်ငန်းရှင်များ အနေဖြင့် နိုဝင်ဘာ( ၃၁ )ရက်နေ့ နောက်ဆုံးထား၍ လိုင်စင်ရရှိအောင် ဆောင်ရွက်သွားရန်၊ ရေသန့် လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းသွားရန်၊ သက်ဆိုင်ရာဌာန စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်နှင့် ရေသန့်ဗူးအသစ်များ ဝယ်ယူ၍ထုတ်လုပ်ဖြန့်ဖြူးသွားရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)
