
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၁၃.၁၁.၂၀၂၅) ရက်နေ့ (၁၀:၀၀)အချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းမ၌ စားသုံသူကာကွယ်ရေးအသိပညာပေး Talk Show ပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေစတင်ပေါ်ပေါက်လာပုံ၊ စားသုံးသူ ဆိုသည်မှာ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေး ဝမ်းကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော် လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်း ခံရသူများကို ဆိုလိုကြောင်း၊ရည်ရွယ်ချက်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ တိုင်ကြားလျှင် လိုအပ်သော အချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် 1535 Call Center လိုင်းခွဲ(1)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားနိုင်မည့် နည်းလမ်းများအားရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(ကချင်)
