လားရှိုးမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် အလို့ငှာ ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမရှိ စေရန် (သို့မဟုတ်) ဈေးကွက်အတွင်းမှ ပပျောက်စေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းများ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:00) အချိန်တွင် စည်ပင်သာယာရေးဌာန၊ မြို့မဈေးကော်မတီအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့စသည့် ဌာနဆိုင်ရာများ နှင့်ပူးပေါင်း၍ လားရှိုးမြို့ပေါ်ရပ်ကွက်များနှင့် လားရှိုးမြို့မဈေးအတွင်းရှိ ဆေးဆိုင်နှင့် ကုန်စုံဆိုင် များအား ကွင်းဆင်း၍ ဖြည့်စွက်စာအမျိုးမျိုးကိုသွားရောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)