
၁၂.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ပေါင်) ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့ရာ မော်လမြိုင်-သထုံခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူး၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးတင်ထွန်း၊ ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မော်လမြိုင်-သထုံခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာများကို ဟောပြောပြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် ပညာပေး video clip ပြသခြင်းများပြုလုပ်ခဲ့သည်။
ဆက်လက်၍ သထုံခရိုင်သစ်တောဦးစီးဌာနမှ ပေါင်မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းသို့ မိဘဆရာအသင်း ရန်ပုံငွေများပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများက သစ်တောထိန်းသိမ်းရေး တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး ဆိုင်ရာ အသိပညာပေးနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မော်လမြိုင်-သထုံခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးမှ ပြန်လည်ဖြေကြားခဲ့သည်။ထို့နောက် အထက(ပေါင်)ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
DOCA (မွန်)
