ကော့သောင်းမြို့အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး        ဟောပြောခြင်းနှင့် ကျောင်းမုန့်စျေးတန်းများ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၀၂ ခုနှစ်၊ နိုဝင်ဘာ၁၀ ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် ကော့သောင်းမြို့ ‌ရွှေဟင်္သာရပ်ကွက်၊ အလက(၃)စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒေါ်မြသီတာ (ဦးစီး အရာရှိ) မှ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၈၀)ဦးအား စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင် မှုများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး အလက(၃)စာသင်ကျောင်းရှိ ကျောင်းမုန့်စျေး တန်းများတွင်  သက်တမ်းလွန်စားသောက်ကုန်များနှင့်စားသုံးရန်မသင့်သောစားသောက်ကုန်များ အားစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန် နှင့် ဘေးအန္တာရာယ်ကင်းရှင်းသော စားသောက်ကုန်များရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(တနင်္သာရီ)