သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ဆန်စပါးမှတ်ပုံတင်ခြင်း MyRO ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်”

           ကျောက်ဆည်ခရိုင်မြို့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စဉ့်ကိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဩဂုတ်လ(၂၀)ရက်နေ့တွင် စဥ့်ကိုင်မြို့ လူထုအခြေပြု Community Center ခန်းမ၌ ဆန်စပါး မှတ်ပုံတင်ခြင်း MyRO ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့၊ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက ဆန်စပါးမှတ်ပုံတင်ခြင်း MyRO နှင့်ပတ်သက်၍ ဆွေးနွေး မေးမြန်းခဲ့ရာ  စားသုံးသူ ရေးရာဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်က MyRO နှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်ကို(၂၄-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာ စာအမှတ်(၈၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ဆန်တန်ချိန်(၂၅)တန်နှင့် အထက် (သို့မဟုတ်)စပါးတင်း(၂၅၀၀)နှင့်အထက်သိုလှောင်ရုံ တစ်မျိုးမျိုးပိုင်ဆိုင်သူသည်www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး (၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် လျှောက်ထားမှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဦးစီးဌာနအနေဖြင့် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား စာဖြင့်သတိပေးခြင်း၊ ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်သောလုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ လုပ်ကိုင်ခွင့် ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင်သက်ဆိုင်ရာ အစိုးရဌာနက ပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်း

         ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်သည် ၁၅.၈.၂၀၂၅ ရက်နေ့၊ မြို့နယ်ဦးစီးမှူးရုံးတွင် (၂၀၂၅-၂၀၂၈) သက်တမ်းကာလ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အသစ်ရွေးချယ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်ဦးစီးမှူးမှ မြို့နယ်ဆန်စက် လုပ်ငန်းရှင် များအသင်း ပြန်လည်ဖွဲ့စည်းရာတွင် အသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်း အခန်း(၇)၊ ရွေးချယ်တင်မြှောက်ပုံ နည်းစနစ်များနှင့်အညီ အသင်းဝင်များ အကျိုးအတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးနိုင်မည့် အမှုဆောင်ကိုယ်စားလှယ်များကို အမှုဆောင်ကိုယ်စားလှယ်များကို နည်းလမ်းကျစွာ ရွေးချယ်ရန်၊ ဖွဲ့စည်းပုံစည်းမျဉ်းအရ တရားဝင် ဆန်စက်ပိုင်ဆိုင်သူဖြစ်ရန်၊ ဆန်စက်လုပ်ငန်းရှင်အသင်းဝင်များ၏ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြည့်စုံရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းအား အမှုဆောင်အဖွဲ့ဝင် (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

 

 

“ Online Sale မြေပြင်ကွင်းဆင်းဆောင်ရွက်”

          ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သြဂုတ်လ (၂၀)ရက်နေ့တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန (FDA)စသည့်အဖွဲ့များနှင့် ပူးပေါင်း၍ ပြင်ဦးလွင်မြို့နယ်တွင် Online Sale နှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယခုအပတ်တွင် Online မှတစ်ဆင့် ရောင်းဝယ်လုပ်ကိုင်နေသော နောင်လိုင်ကျေးရွာ၊ လင်းထက်အမည်ရှိ ကလေးအသုံးဆောင်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊ အခြားသုံးပစ္စည်းများရောင်းချနေမှုအပေါ် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးမှုအပေါ် လုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌန၏ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည့် မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ် လျှောက်ထားလိုသူများသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင်လာရောက်ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတဆင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အွန်လိုင်းရောင်းချသူများအနေဖြင့် ကုန်စည်ဝန်ဆောင်မှုအတွက် စားသုံးသူကပေးချေရန်နည်းလမ်းနှင့်ပတ်သက်၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးရန်၊ အရောင်းပြေစာပေးအပ်ရန်၊ ပွင့်လင်းမြင်သာမှုရှိစွာရောင်းချရန်၊ လုပ်ငန်းရှင်မှတင်ပြလာသောအချက်အလက်များ၊ အမှတ်တကယ်ဆောင်ရွက်ခြင်းရှိ/ မရှိကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ပြင်ဦးလွင်မြို့နယ်အနေဖြင့် Online Sale လျှောက်ထားသူ ယနေ့အထိ (၁၆)ဦးရှိပြီး၊ Online Sale လုပ်ငန်း(၁၆)ခုအားလုံး မြေပြင်ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ပြင်ဦးလွင် မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်း၊ အစားအသောက်ရောင်းချနေသော ဆိုင်များသို့ အသိပညာပေးဟောပြော”

       ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သြဂုတ်လ(၂၀)ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ မြို့မဈေးကော်မတီရုံးခန်း၌ အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနအဖွဲ့တို့နှင့် ပူးပေါင်းပြီး ဈေးအတွင်းရှိ အလှကုန်ပစ္စည်း၊ အစားအသောက်ရောင်းချနေသော လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် အစားအသောက်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်မှ အလှကုန်၊ အစားအသောက်များနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေး ၊ အရည်အသွေး ကောင်းမွန်ရေး၊ အကျိုးအာနိသင်ကောင်းရရှိနိုင်သော အလှကုန်ပစ္စည်းများ ရွေးချယ်ရောင်းချစေရေး အချက်များဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးသက်လွင်ထူးမှ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြရောင်းချနိုင်ရေးနှင့် ကုန်ပစ္စည်းများအား Online မှတစ်ဆင့် ရောင်းချသည့်အခါ www.ecomreg.gov.mm Online Registration လျှောက်ထားဖို့ လိုအပ် ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည် ။ ၄င်းအသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနားသို့ လုပ်ငန်းရှင်(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ပြင်ဦးလွင်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

          ပြင်ဦးလွင်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကူသရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ သြဂုတ်လ(၂၂) ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁) ကျောက်တိုင်ကွင်းအတွင်း၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  အမဲသား (၁)ပိဿာလျှင်(၂၅၀၀၀/-)ကျပ်ဖြင့် (၃၀)ပိဿာ၊ ဝက်သား (၁)ပိဿာလျှင်(၂၆၀၀၀/-) ကျပ်ဖြင့် (၃၀)ပိဿာ၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-) ကျပ်ဖြင့် (၁၅)ပိဿာ၊ ကြက်သား(၁)ပိဿာလျှင်(၂၄၀၀၀/-)ကျပ်ဖြင့်(၁၅)ပိဿာ၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၄၁၀/-) ကျပ်ဖြင့် (၄၅၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင်(၃၅၀/-)ကျပ်ဖြင့် (၃၅၀၀)လုံးနှင့် ဆန်(၁)ပြည်လျှင် (၂၈၀၀/-)ကျပ်ဖြင့် (၄၀၈)ပြည်တို့အား ပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှူဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ သောဆေးနှင့်ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၁၉..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းတို့သည်ပခုက္ကူမြို့၊ အမှတ်(၁၁)နှင့် ()ရပ်ကွက် ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ဆေးဆိုင် များတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများအား ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ၊ တရားဝင်တင်သွင်းထားသောဆေးဝါးများရှိ/မရှိ၊ ဆေးဝါးများတွင် ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍မြန်မာဘာသာဖြင့်ဖော်ပြထားခြင်း ရှိ/မရှိစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

မြေပဲဆုံဆီ ထုတ်လုပ်သည့်လုပ်ငန်းရှင်များထံသို့ ထုတ်ကုန်လုံခြုံစိတ်ရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီးလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကိုသတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၈.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ မြေပဲဆုံဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များမှ ထုတ်လုပ်သည့်ကုန်စည် များ၏ထုတ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရပြီး ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်းအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူဒေသထွက်ကုန် မြေပဲဆားလှော်လုပ်ငန်းများသို့ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ဈေးနှုန်း/ဈေးကွက်များကွင်းဆင်းမေးမြန်း

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ရှိ ဒေသထွက်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ပခုက္ကူမြို့ အမှတ်()ရပ်ကွက်ရှိ သန်းကျော် နှင့် ကြည်ဖြူ အမှတ်တံဆိပ် မြေပဲဆားလှော် လုပ်ငန်းများသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ဈေးနှုန်း၊ ဈေးကွက်များကွင်းဆင်း မေးမြန်းခဲ့ကြောင်း သိရသည်။

          လုပ်ငန်းရှင်များမှ မြေပဲဆားလှော် လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်ကြမ်းဖြစ်သော မြေပဲကို ပခုက္ကူမြို့ပေါ်ရှိ ပဲပွဲရုံများမှ တစ်ပိဿာလျှင် ကျပ်(၉၅၀၀)ဖြင့် ဝယ်ယူရကြောင်း၊ ပဲလေး(ကျွန်းပဲ)ကို သာ သုံးစွဲကြောင်း၊ မြေပဲကိုသန့်စင်ပြီးရေနွေးဖျောပြီးလျှင် ဂျင်း၊ ကြက်သွန်ဖြူ၊ ဆားဖြင့် သမ အောင် ရောမွှေ၍ ခဏအခြောက်ခံကြောင်း၊ ထို့နောက်နယ်ပြီးသောမြေပဲများကို ဒယ်အိုးထဲထည့်၍ စက်ဖြင့် လှော်ကြောင်း၊ ပဲအမျိုးအစားအပေါ်မူတည်၍ (၂၅)ပိဿာဝင် တစ်အိတ်လှော်လျှင် (၂၇-၂၉)ပိဿာ ကုန်ချောထွက်ရှိကြောင်း၊ လုပ်သားဦးရေ(၁၂)ဦးရှိပြီး တစ်နေ့လျှင် အမျိုးသားတစ်ဦး ကျပ်(၁၅၀၀၀)၊ အမျိုးသမီးတစ်ဦး ကျပ်(၁၀၀၀၀)ပေးကြောင်း၊ တစ်ရက်လျှင် (၁၈-၂၀)အိတ်ခန့် လှော်ရပြီး တစ်လ ပျမ်းမျှ(၂၀)ရက်ခန့်လုပ်ကိုင်ရကြောင်း၊  အိမ်နီးနားပတ်ဝန်းကျင်ရှိပြည်သူများအား အလုပ်အကိုင်အခွင့် အလမ်းများပေးနိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် မြေပဲဆားလှော်တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၁၁၀၀၀) ဖြင့် လက်လီ/လက်ကားရောင်းချကြောင်း၊ မြို့တွင်း၌ ရောင်းချမှုနည်းပြီး ရန်ကုန်မြို့သို အဓိကထား တင်ပို့ကြောင်း၊ (၂၃-၂၅)ပိဿာဝင် အိတ်အသီးသီးဖြင့်တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်အိတ်လျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)ခန့်ရရှိကြောင်း၊လက်ရှိအချိန်မှာ နားရက်မရှိတွင်ကျယ်စွာ တင်ပို့ နေရကြောင်း လုပ်ငန်းရှင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ကံမမြို့ပေါ်ရှိ တိုင်းရင်းဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်(၁၅--၂၀၂၅) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်ရှိ တိုင်းရင်းဆေးဆိုင်များသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပူးပေါင်း၍ စားသုံးသူများဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၄)ရပ်ကွက်ရှိ တိုင်းရင်းဆေးအမျိုးမျိုးရောင်းချ လျက်ရှိသော ဆိုင်များ၌ တိုင်းရင်းဆေး အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များအား မဖြစ်မနေ ထည့်သွင်း ဖော်ပြခြင်းရှိ/မရှိနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဦးသာရင် အမှတ်တံဆိပ် လေငန်းဆေးပြား (၂၅၀)မီလီဂရမ်တွင် အဆိုပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အခြားရောင်းချသည့် ကုန်စည်များသည်လည်း ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိသည့် ကုန်စည်များသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ကံမမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြောပွဲဆောင်ရွက်

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၈.၈. ၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ဦးဆောင်သော ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြောပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တာဝန်ခံမှ ဆေးဝါးရောင်းချသူများ လိုင်စင်လျှောက်ထားခြင်းအကြောင်းအရာများ၊ တားမြစ်ချက်များ၊ ဥပဒေများ အကြောင်းအားလည်းကောင်း၊ ကံမမြို့နယ် တာဝန်ခံ ဒေါ်နွဲ့ယဥ်ဝင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် Certificate ရရှိထားသည့် လုပ်ငန်းရှင်များ၏ တာဝန်(၁၅)ချက် အကြောင်း အရာများ၊ ၎င်းလုပ်ငန်းရှင်၏ တာဝန်များဖောက်ဖျက်ကြူးလွန်ခဲ့လျှင် အရေးယူဆောင်ရွက်ရမည့် ပြစ်မှု ပြစ်ဒဏ်များ၊ Online Sale နှင့်ပတ်သက်ပြီး အငြင်းပွားမှုတိုင်ကြားမှုများ များပြားလာသည့်အတွက် စနစ်ပိုမိုလုံခြုံမှုရှိစေရန်နှင့် လုပ်ငန်းများလွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် Two Factor Authentication (2FA) စနစ်ကို ထည့်သွင်းဆောင်ရွက်လျက်ရှိသည့်အကြောင်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့် အကြောင်းအရာများအားလည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် စီးပွား‌ရေးလုပ်ငန်းရှင်နှင့် ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း(၂၅)ဦးအား လက်ကမ်း စာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ