သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကျောက်ဆည်ခရိုင်အတွင်းရှိ အလှကုန်ပစ္စည်းများအားကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်”

          မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍  မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး ဇန်နဝါရီလ (၂)ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ကျောက်ဆည်မြို့ ၊ စဉ့်ကိုင်မြို့ ၊ မြစ်သားမြို့ ၊ တံတားဦးမြို့ပေါ်ရှိ အလှကုန်ပစ္စည်းရောင်းချသည့်ဆိုင် များသို့ သွားရောက်၍ အလှကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီး အလှကုန်ပစ္စည်းရောင်းချသည့်ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ  အခန်း (၁၈)ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို  ကုန်ပစ္စည်းများပေါ်၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာ ဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြား ချက်များအားအထူးအလေးထားလိုက်နာဆောင်ရွက်သွားကြရန်  ပြောကြားခဲ့ပြီး အလှကုန်ပစ္စည်း ရောင်းချသည့် ဆိုင်ပေါင်း(၁၀)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်မြို့ရှိအလှကုန်ပစ္စည်းရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ”

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံး၌ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် Beauty Sky Skin Care & Cosmetics အလှကုန် များရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အလှကုန်ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများပေါ်၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြရ မည့်အသေးစိတ်အချက်အလက်များအား ပြည့်စုံစွာထည့်သွင်းဖော်ပြထားရန်လိုအပ်ကြောင်း ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာရောင်းချရန်လိုကြောင်း ၊ လုပ်ငန်းရှင်များကို စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်ရှိကြောင်း ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်မှု ၊ ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် (၂၃.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီ အချိန်တွင် အမှတ်(၂၀) ချောင်းဒေါင်းရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများနှင့်မုန့်မျိုးစုံများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူပြည်သူများ ကုန်အညွှန်းအမှတ် အသားပြည့်စုံသော ကုန်စည်များကို စိတ်ချစွာဝယ်ယူစားသုံးကြစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်၊ အရည်အသွေးကောင်းပြီး အာမခံချက်ပေးနိုင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအား ရွေးချယ်သုံးစွဲနိုင်ရန်၊ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှင် ကုန်အညွှန်းအမှတ် အသားများအား မြန်မာဘာသာဖြင့်ဖော်ပြသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်း စာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

 

မြင်းခြံမြို့ရှိ MSMEs စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဖွံ့ဖြိုးကုန်သွယ် နိုင်ငံကြွယ်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းရှိ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစဉ် တစိုက်ကျိုးပမ်းဆောင်ရွက်နေကြောင်းသိရသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူ အခွင့်အရေးဦးစားပေးဟူသော ဆောင်ပုဒ်ကိုလက်ကိုင်ထား၍ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်သော စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်တိုင်းတွင် အရှိန် အဟုန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။ စစ်ဆေးခြင်းလုပ်ငန်းများကို ကျောင်း ၊ ဈေး ၊ ရပ်ကွက် ကုန်စုံဆိုင် / စတိုးဆိုင်နှင့် စက်ရုံအလုပ်ရုံ ၊ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် အခြား ဟူသော လုပ်ငန်းခေါင်းစဉ်များသတ်မှတ်၍ စားသုံးသူရေးရာဦးစီးဌာနမှခန့်အပ်ထားသော စစ်ဆေးရေးမှူး များက စစ်ဆေးကြပ်မက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထိုသို့စစ်ဆေးခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၌ ၂၃-၁-၂၀၂၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် MSMEs စားသောက်ကုန်လုပ်ငန်းများသို့ ခွဲဝေချထားပေးသော စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ အမှန်တကယ်အကျိုးရှိစွာ အသုံးချမှုရှိ / မရှိနှင့်၎င်းလုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိသော ထုတ်ကုန်များ ဈေးကွက်သို့မတင်ပို့မီ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များဖြစ်စေရေး နှင့် စားသုံးသူဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များထုတ်လုပ်နိုင်ရေးကိုဦးတည်၍ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် စစ်ဆေးရေးမှူးများ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရပြီး စစ်ဆေးမှုလုပ်ငန်းစဉ်အား နံနက် ၁၁:၃၀ နာရီတွင်ပြီးစီးခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

 

 

ဆီထွက်သီးနှံနှင့် ဆီစက်များဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

          စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးအစည်းအဝေးခန်းမ၌ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့လည် (၁၀)နာရီတွင် ဆီထွက် သီးနှံနှင့်ဆီစက်များ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများ၊ ဆီစက်လုပ်ငန်းများရှင်များနှင့် ဝန်ထမ်းများ (၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။  မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုနောက်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးဦးမင်းကြည်က မန္တလေးတိုင်းအတွင်း ဆီထွက်သီးနှံတိုးမြင့်စိုက်ပျိုးမည့် အစီအစဉ်များအား PowerPointဖြင့်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇောစိုးက ဆီစက်ကဏ္ဍနှင့် ဆီစက် ချေးငွေကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှလည်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဟန်သက်ဦးမှ စားသုံးဆီနှင့် ပတ်သတ်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ်ချက်များအား အပိုင်း(၄) ပိုင်းခွဲခြား၍ (၁)အမိန့်နှင့်ဥပဒေ(၁)FDA ထောက်ခံချက်လျှောက်ထားရန် အချက်အလက်များ (၃)ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(၄)အမှတ်တံဆိပ်သတ်မှတ်ချက်များဟူ၍ PowerPoint ဖြင့် အကျယ်တဝင့်ချပြရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ အပိုင်း(၃)ပိုင်းခွဲ၍ (၁)ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရန် (၂)ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် (၃)ဆီထွက်သီးနှံနှင့်စားသုံးဆီကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး တို့ကို PowerPoint ဖြင့် ရှင်းလင်းဆွေးနွေး ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။ထိုနောက် တက်ရောက်လာကြသော ဆီစက်ပိုင်ရှင်များမှာ သိရှိလိုသည်များ အားမေးမြန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ (၁၄:၃၀)နာရီတွင်အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

DOCA(မန္တလေး)

 

“ပြည်ပဈေးကွက်အတွက် ခြံပြက်ဝယ်ယူမှုရရှိနေတဲ့ မန္တလေးသရက်”

သရက်သီးသည် အပူပိုင်းဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အသီးမျိုးဖြစ်ပြီး မြန်မာပြည်အတွင်း ဒေသအလိုက် သရက်သီးအမျိုးအစား အမျိုးမျိုးတွေ့ရှိရပါသည်၊ အရည်အသွေးကောင်းမွန်ပြီး လတ်ဆတ်သည့်သရက်သီး၏ အနံ့အရသာမှာ ထူးကဲကောင်းမွန်ခြင်းကြောင့် “ အသီးမှာသရက်၊ အရွက်မှာ လက်ဖက်၊ အသားမှာဝက် ” ဟူ၍ပြောစမှတ်ပြုကြပါသည်။

သရက်သီးသည် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပြီး အစိမ်းစားလျှင် အချဉ်ဓါတ်ရရှိပြီး အမှည့်စားလျှင် အချိုဓါတ်ရရှိခြင်းကြောင့် အချိုဓါတ်နှင့်အချဉ်ဓါတ် (၂)မျိုးစလုံးတစ်ပြိုင်တည်း ပေးစွမ်းနိုင်သည့် သီးနှံတစ်မျိုးဖြစ်ပါသည်။သရက်သီးသည် အရသာရှိယုံမျှသာမက ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေသော ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ကယ်စီယမ် အစရှိသည့် အာဟာရဓါတ်များပါဝင်သည့်အပြင် အလွယ်တကူချေဖျက်နိုင်သည့် အမျှင်ဓါတ် (၄၀)ရာခိုင်နှုန်းလည်းပါဝင်ပါသည်။ သရက်သီးသည် အသီးသာမက အရွက်နှင့်အစေ့တို့သည်လည်း ဆေးဖက်ဝင်ကြောင်း သိရှိရပါသည်။

သရက်သီးကို စားသုံးခြင်းဖြင့် ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း၊ ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေခြင်း၊ သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း အစရှိသည့်ကောင်းကျိုးများရရှိစေပြီး အစားလွန်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်း၊ ဆီးချိုသွေးချို ရောဂါရှိသူများအတွက် သွေးတွင်းသကြားဓါတ်တက်နိုင်ခြင်း သရက်သီးအစေးကြောင့် အရေပြား လောင်ခြင်း၊ ကယ်လိုရီများခြင်းကြောင့် ကိုယ်အလေးချိန် တက်ခြင်း၊ သရက်သီးအစိမ်းကို အစားများ ခြင်းကြောင့် အစာမကြေဖြစ်ခြင်း၊ မိတ်ထွက်ခြင်း၊ အရေပြားယားယံခြင်းများအစရှိသည့် ဆိုးကျိုးများ လည်း ရရှိနိုင်ပါသည်။

သရက်သီးကို သရေစာအဖြစ် စားလေ့ရှိသကဲ့သို့ သရက်ပြင်၊ ဖျော်ရည်၊ ယို၊ ရေခဲမုန့်၊ ရေခဲချောင်း၊ သကြားလုံး၊ ကျောက်ကြော၊ ဂျယ်လီ၊ ပူတင်းအဖြစ်လည်းကောင်း သရက်သီးသုတ်၊ ဆားရေစိမ်၊ သနပ် (ကုလားသည်)၊ အေးခဲသရက်များအဖြစ်လည်းကောင်း ပြုလုပ်စားသုံးကြကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ်များအသီးသီးတွင် သရက်သီးစိုက်ပျိုးမှုများ ရှိကြသော်လည်း ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် အများအပြားစိုက်ပျိုးကြောင်း တွေ့ရှိရပါသည်၊၊

မန္တလေးတိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် သရက်သီးအမျိုးအစားများအနက် ကျောက်ဆည် ခရိုင်မှထွက်ရှိသော စိန်တလုံးသရက်သည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပသို့ အဓိကတင်ပို့လျက် ရှိပါသည်။ သရက်စိုက်တောင်သူများအနေဖြင့် ခေတ်မီနည်းစနစ်များဖြင့် အကွက်ကျစိုက်ပျိုးမှုများ ရှိလာပြီး သွင်းအားစုအနေဖြင့် တစ်ပင်ခြင်းပြုပြင်ခြင်း၊ သရက်သီးတစ်လုံးခြင်း အိတ်စွတ်ခြင်း၊ ဆေးဖြန်းခြင်း၊ မြေဩဇာကျွေးခြင်းများပြုလုပ်ကြပြီး တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ်၍လည်း ပြည်တွင်းသာမက ပြည်ပသို့လည်း တင်ပို့ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ပြည်ပပို့ကုန်

မြှင့်တင်ရေးစားသုံးသူများထံ လတ်ဆတ်သောအသီးများရောင်းချရာတွင် ဈေးကောင်း ရရှိရန်အတွက် အရည်အသွေးကောင်းမွန်သော သရက်မျိုးများတိုးချဲ့စိုက်ပျိုးခြင်း၊ ရင့်မှည့်ချိန်မှသာခူးဆွတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ထုတ်ပိုးခြင်းများပြုလုပ်ရာတွင် အရည်အသွေးမထိခိုက်စေရန် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ 

မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ ပုသိမ်ကြီး မြို့နယ်များတွင် စိန်တလုံးနှင့် ဟင်္သာသရက်မျိုးများ အဓိကစိုက်ပျိုးကြပါသည်။ မန္တလေးတိုင်းမှ ထွက်ရှိသည့်စိန်တလုံးသရက်ကို တိုင်းအတွင်းသာမက အခြားမြို့ကြီးများကပါ ကြိုက်နှစ်သက်ကြပါ သည်။ သီးနှံကုန်သည်/ပွဲစားများသည် မန္တလေးမြို့နှင့်အနီးတဝိုက်ရှိ သရက်ခြံများသို့ သရက်ပင် ပန်းပွင့်သည့်အချိန် ဇန်နဝါရီလမှစ၍ ခြံရှင်များထံကြိုပွင့်အနေနှင့် စရံငွေများပေးကာ ခြံပြတ် ဝယ်ယူမှုများလည်းရှိကြောင်း သိရှိရပါသည်။သရက်သီးများစတင်ပေါ်သည့် မေလ လဆန်းပိုင်းတွင် စိန်တလုံးသရက်များ ရောင်းဝယ်မှုအားကောင်းပြီး စိန်တလုံးသရက်ရာသီတွင် မန္တလေးတိုင်းမှ ထွက်ရှိသည့်သရက်ကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြပါသည်။ မန္တလေးတိုင်းအနေနှင့်စိန်တလုံး သရက် ရာသီကုန်ခါနီးတွင် ရွှေဟင်္သာသရက်များက လှိုင်လှိုင်ပေါ်ထွက်ပြီး ရွှေဟင်္သာသရက်သည် စိန်တလုံး သရက်လောက်လူကြိုက်မများသော်လည်း စားကောင်းသည့်အရသာကြောင့် ရောင်းအားကောင်းသည့် အမျိုးအစားတွင်ပါဝင်သည်။ မန္တလေးအတွင်းရှိသရက်ခြံများအနေနှင့် စိန်တလုံးနှင့် ရွှေဟင်္သာ ကိုသာ အဓိကဦးစားပေးစိုက်ပျိုးပြီး အခြားသရက်များကို သရက်ကြမ်းအဖြစ်အနည်းငယ် သာ စိုက်ပျိုးပြီး သရက်ကြမ်းကိုလည်း အလေအလွင့်မရှိအောင် စားသောက်ကုန် အမျိုးမျိုးပြုလုပ်၍ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိအောင် တောင်သူများအနေနှင့် လုပ်ဆောင်ကြပါသည်။ သရက်ခြံစိုက် တောင်သူများအနေဖြင့် တစ်ရာသီလျှင် (၇)လနီးပါးပြုစုပျိုးထောင် ဆောင်ရွက်ခြင်းများလုပ်ကိုင်ကြရပြီး  မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ခရမ်း၊ ငရုတ်၊ ရုံးပတီ၊ ပဲတောင့်ရှည်၊ ချဉ်ပေါင်ရွက်အစ ရှိသည့်သီးနှံများကိုလည်းစိုက်ပျိုး၍ ရောင်းချရောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ၏ သစ်သီးဝလံများတင်ပို့မှုတွင် သရက်သီး နိုင်ငံခြားဝင်ငွေအများဆုံးရရှိခြင်းကြောင့် အဓိကအရေးကြီးသော သီးနှံတစ်မျိုးဖြစ်ပြီး သရက်သီးပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် အခြေခံအကျဆုံး စိုက်ပျိုးထုတ်လုပ်သည့်အပိုင်းသည် အရေးကြီးသကဲ့သို့  သရက်သီးတင်ပို့မှု၊ ရောင်းဝယ်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အရည်အသွေးပြည့်ဝသည့် သရက်သီးစိုက်ပျိုးထုတ်လုပ် နိုင်ရေးပင်ဖြစ်ပါသည်။ သရက်ပင်အား ကြိုတင်ပြင်ဆင်မှုများ အများအပြားဆောင်ရွက်နိုင်မှသာ သရက်သီး ပြည်ပတင်ပို့မှုသည် မြှင့်တက်လာနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေအထူးရှာဖွေပေးနိုင်သော သစ်သီးဝလံများ၏ ပြည်ပတင်ပို့မှု ကဏ္ဍတွင် သရက်သည်အရေးကြီးသော သီးနှံတစ်မျိုးဖြစ်သည့်အတွက် သရက်စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးအတွက် ပုဂ္ဂလိကနှင့်အစိုးရ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှသာ နိုင်ငံတော်မှ

မျှော်မှန်းထားသည့်ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း လေ့လာ တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

ဓနုဖြူမြို့နယ်အတွင်း စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း

         ဓနုဖြူမြို့အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးရန်မသင့်သည့် စားသောက်ကုန် ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ၂၇.၁.၂၀၂၅ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ရှိ စည်ပင်သာယာဈေး ရှိကုန်စုံဆိုင်များအား စည်ပင်သာယာရေးအဖွဲ့ ဖိတ်ကြားချက်အရ ပူးပေါင်းကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့လိုက်လံစစ်ဆေးရာတွင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခ ံဦဝင်းမငိးစိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန စည်ပင်သာယာရေးအဖွဲ့ ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အဖွဲ့များလိုက်ပါလျက် ဓနုဖြူမြို့ပေါ်ရှိ ရောင်းချလျက်ရှိသည့် စားသောက်ကုန်အရောင်း ဆိုင်များနှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ မဖော်ပြသည့် ကုန်ပစ္စည်း များရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ် လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံဆိပ်၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းများ၊ အစရှိသည့်အသေးစိတ်အချက်အ လက်များကို ဖော်ပြထားခြင်းရှိ/မရှိ၊ Mistine အလှကုန်ပစ္စည်းများ FDA ညွှန်ကြားချက်အတိုင်း လိုက်နာမှုရှိ/ မရှိနှင့် Ajinomoto ဟင်းခတ်အချိုမှုန့်များ ရောင်းချခြင်းရှိ/မရှိ လိုက်လံ စစ်ဆေးပညာ ပေး ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များက သက်ဆိုင်ရာဌာနတို့၏ အမိန့်ညွှန်ကြားချက် များလိုက်နာဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုချက်၊ ထောက်ခံချက်ပါဝင်သော ကုန်စည်ကိုဦးစီးပေးရောင်းချရန်၊ လိုက်နာမှုမကြောင်း စိစစ်ဆွေ့ရှိရပါက သက်ဆိုင်ရာဌာနတို့၏ ဥပဒေအတိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA((ဧရာဝတီ)

ကယားပြည်နယ်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ လုပ်ငန်းဆောင်ရွက် နိုင်မှု အခြေအနေ

စာသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ် အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်နှင့်ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သော်လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍သိရှိစေရန်အတွက်သော်လည်းကောင်း၊ အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြော ဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး ခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည်ပြည့်ဝ စေရန် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေး စိစစ်ဆောင်ရွက်ပေးခြင်း၊ Online စနစ်ဖြင့် Talk Show များ ဆွေးနွေးဆောင်ရွက်ခြင်း၊ အငြင်းပွားမှုများ အရေးဆိုတိုင်တန်းလာပါက ညှိနှိုင်းဖြေရှင်း ပေးနိုင်ရန် စားသုံးသူရေးရာကော်မတီ အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း စသည့်လုပ်ငန်းများ ကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကာလဒေသအခြေအနေအရ ပြည်နယ်တစ်ခုလုံးလွှမ်းခြုံနိုင်မှု မဆောင်ရွက်နိုင်သော်လည်း လုပ်ငန်းများဆောင်ရွက်နိုင်သည့် လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် မြို့ပေါ် ရပ်ကွက်များအတွင်းရှိ ဈေးများ၊ စာသင်ကျောင်းများ ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များ၊ လည်ပတ်လျက်ရှိသည့်ဆီစက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့ထံသို့ သွားရောက်၍ အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောက်ရွက်လျက် ရှိပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဒီဇင်ဘာလ ကာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို အခြေခံပညာအထက်တန်း ကျောင်းများနှင့်မူလွန်ကျောင်းများတွင်(၈)ကြိမ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း(၃)ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁၄)ကြိမ်၊ ကော်မတီအစည်းအဝေး(၁)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်(၁)ဦးမှ ကုန်စည်အမျိုးအစား(၂)မျိုးအား မြန်မာနိုင်ငံစားသုံး သူ ကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်ပါ အချက်အလက်များနှင့်ကိုက်ညီမှုရှိ ကြောင်း အတည်ပြုပြန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဖြစ်၍ သက်ဆိုင် ရာ အစိုးရဌာန၊ အသင်းအဖွဲ့၊ လုပ်ငန်းရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲတတ်လာပြီး၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကျင့်ဝတ်၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အတူ အရည်အသွေးပြည့်မီပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီသောကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး တင်သွင်းရောင်းချပါက ဒေသတွင်း စီးပွားရေး ပိုမိုတိုးတက်လာဖြစ်ပြီး ဈေးကွက်ဝေစုများပိုမို ရရှိကာ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်မှာလည်း ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ကယား)

စားအုန်းဆီဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရေးကွင်းဆင်းကြပ်မတ်

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက် နေ့၊ နံနက်(၀၈;၃၀)နာရီအချိန်တွင် ကယားပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော စားအုန်းဆီများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ်ပြည့်မီ မှုရှိ/မရှိကို မြို့နယ်စားအုန်းဆီနှင့်ဆန်ရောက်ရှိမှု စိစစ်ကြီးကြပ်ရေး အဖွဲ့ဖြင့်ပူးပေါင်း၍ ကွင်းဆင်း ကြပ်မတ်ခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၂)မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၀) ရက်နေ့အထိ လက်ကားရည်ညွှန်း ဈေးအပေါ်အခြေခံ၍ ဒေသအရောက်ဈေးထပ်ပေါင်းပြီး တစ်ပိဿာလျှင် (၈၂၀၀)ကျပ်ဖြင့် လူ တစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ထို့ပြင် စားအုန်းဆီများရောင်းချရာတွင်အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ ဝန်ထမ်းများနှင့် ပြည်သူများလက်ဝယ်သို့ သက်သာသောနှုန်းထားဖြင့် အမှန်တကယ်ရောင်းချစေရေး၊ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှု မရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ်တိုက်ရိုက်ရောက်ရှိစေရေးတို့အတွက် စားအုန်းဆီ ရောင်းချလျက်ရှိသော  အရောင်းဆိုင်များအား မြေပြင်အခြေအနေ ကွင်းဆင်းကြပ်မတ်မှုများ    ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဆေးဆိုင်နှင့် ဟင်းခတ်အမွေးအကြိုင် အရောင်းဆိုင်များမှ ရောင်းချနေသော ကုန်စည်များကို စစ်ဆေးဆောင်ရွက်ခြင်း

 

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ဆေးဝါးဌာနခွဲ) နှင့် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့သည် (၂၃.၁.၂၀၂၅) ရက်နေ့ တွင်  (၇)ရပ်ကွက် မျိုးအောင်၊ နှင့် (၃)ရပ်ကွက် မြို့မဈေး လမင်းရောင်ဆေးဆိုင်၊  (၄)ရပ်ကွက် ၈လမ်းဈေးမှ စိန်ဒိုးလေးဆေးဆိုင်၊ (၃)ဆိုင်နှင့် ဟင်းခတ်မှုန့် အရောင်းဆိုင်(၄)ဆိုင်မှ ရောင်းချနေသောကုန်စည်များ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

         ကွင်းဆင်းစစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် မြို့နယ်ဦးစီးမှူးနှင့်    အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ တာဝန်ရှိသူတို့ ဆေးဆိုင်(၃)ဆိုင်နှင့် ဟင်းခတ်မှုန့် အမျိုးမျိုးရောင်းဆိုင်(၄)ဆိုင်မှ ရောင်းချနေသော ဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင် ထားခြင်းမရှိ သည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး စစ်ဆေးခြင်း၊ ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး၊ အိမ်သုံးဆေးဝါး တိုင်းရင်းဆေးများတွင် ထုတ်လုပ် ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ မှတ်ပုံတင်အမှတ်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ၊ ဟင်းချက်ရာတွင် အရောင်၊ အနံ့။ အရသာများတွင် ထည့်သွင်းအသုံးပြုသော ဟင်းခတ်အမွှေး အကြိုင်များတွင် ကုန်အညွှန်းအမှတ်အသား မြန်မာစာဖြင့်ဖော်ပြပါဝင်ခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များကို သက်ဆိုင်ရာဌာနဆို့၏ သတ်မှတ်ချက်၊ အမိန့်ညွှန်ကြားချက်များအတိုင်း လိုက်နာ၍ သတ်တမ်းလွန်ကုန်စည် ရောင်းချနေခြင်း၊ ကုန်ဈေးနှုန်း ကစားခြင်း များပြုလုပ်ပါက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအရသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေအရသော်လည်းကောင်း အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ