သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂.၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဓါတ်မြေဩဇာ အရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်အောင်မြို့နယ်အတွင်းရောင်းချနေသော ဓါတ်မြေဩဇာ များဖြစ်သည့် ယူရီးယား(လုံးကြီး) ၅၀ ကီလို တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ Rock phoaphate အခြေခံ ၅၀ ကီလိုတစ်အိတ်လျှင် ၁၂၄၀၀၀ ကျပ်နှင့် DIAmmonium phosphate ၅၀ ကီလိုတစ် အိတ်လျှင် ၁၃၅၀၀၀ ကျပ်ဖြင့်သာ ရောင်းချလျက်ရှိပြီး၊ လုပ်ငန်းရှင်များအနေဖြင့် သဘာဝမြေဩဇာကိုလည်း ထုတ်လုပ်နိုင်ခြင်း မရှိကြောင်းစိစစ်တွေ့ရှိရပါသည်။ ဓါတ်မြေဩဇာဈေးနှုန်းများမှာလည်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အရောင်းဆိုင်(၆)ဆိုင်အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးများဆောင်ရွက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

“ Call Center (1535) တွင် စားသုံးသူနစ်နာမှုများနှင့် စပ်လျဉ်း၍ တိုင်းကြားနိုင်ရေး အသိပညာပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦး သည် (၁၀.၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Center) ခန်းမ၌ အသိပညာပေး Call Center (1535) တွင် စားသုံးသူနစ်နာမှုများနှင့် စပ်လျဉ်း၍ ၍ တိုင်းကြားနိုင်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြပါသည်။

 စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦး က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့် စားသုံးသူကာကွယ်ရေး အဓိပ္ပာယ်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲ ပြဌာန်းရသည့် ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပါ က တိုင်ကြားနိုင်သသည့် နည်းလမ်းများ၊  Call Center တည်ဆောက်ရသည့်ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပါက Call Center (1535) ကို ဆက်သွယ်တိုင်းကြားနိုင်သည့်အပြင် ပြည်တွင်းကုန်သွယ်မှုနှင့် ပတ်သက်၍ သတင်းအချက်များကို လည်း ဖြေကြားပေးကြောင်း   ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘိလပ်မြေအရောင်းဆိုင်ကြီးများအားကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၂၇ ရက်နေ့၊ (၁၃း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ အနောက်ရပ်၊ ဆန်းချီလမ်းဆုံ၊ အခွန်လွတ်စျေး တို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ တိုင်းဒေသကြီးစျေးကွက်အတွင်း ဘိလပ်မြေ ပြတ်လပ်မှုရှိ/မရှိ၊ စျေးနှုန်း/စျေးကွက်အခြေအနေများနှင့် ဘိလပ်မြေလက်ကျန်အခြေအနေများအား အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ကြီးများအား စုံစမ်းမေးမြန်းခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းသို့ မြေပြင်စစ်ဆေးဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် ၂၇.၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၄၅)အချိန်တွင် မှတ်ပုံတင်လျှောက်ထားသည့် လှိုင်သာယာ မြို့နယ်ရှိ အမှတ်(က-၁၄၅၆)၊ ညောင်ပင်လမ်း၊ (၁၆)ရပ်ကွက်၊ အလှကုန်ပစ္စည်းများ ရောင်းချလျက် ရှိသည့် တင်ဇာလှိုင်အွန်လိုင်းလုပ်ငန်းသို့ မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင် ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်းရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ်ရောင်းချနေသော စာရင်း ကိုက်ညီမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကားနှင့်ဆက်စပ်ပစ္စည်းများ ရောင်းချသော Online Sales လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၇.၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင်  အိုင်ဘီဒီဖော်မြန်မာစင့် ၂၀၁၃ Online Sales လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီ မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ အမှတ်(၄၇၃-ခ)၊ မင်းဘူးလမ်း၊ (၉)ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်နေ ဒေါ်အေးခိုင်ဝင်း အွန်လိုင်းမှတ်ပုံတင်ရာတွင်ထည့်သွင်းလျှောက်ထားသည့်အချက်များနှင့် မြေပြင်စစ်ဆေးသည့်အချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

အကြီးအကဲ၏လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဦးစီးမှူး ဦးကျော်ခိုင်နှင့် ဝန်ထမ်းများသည် ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ဗဟန်းဈေး အတွင်းရှိ အမှတ်(၈/၉/၁၀) ဗဟန်းဈေးအတွင်းရှိ ဒေါ်ဟန်ယဉ်ယဉ်ဆန်ဆိုင်  နှင့်  အမှတ်(၁၅/၁၆)၊ နံရံကပ်၊ ဗဟန်းဈေးအတွင်းရှိ ဦးညီညီအောင်ဆန်ဆိုင်တို့အား ဗဟန်းဈေး တာဝန်ခံ ဦးတက်တိုးနှင့်အတူ ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးအသိပညာ ပေးမှုများအား ၂၈.၁.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

ထိုသို့  ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင် ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

နို့နှင့်နို့ထွက်ပစ္စည်းများ အားကွင်းဆင်းစစ်ဆေးခြင်း

          လူမျိုးမရွေးဘာသာမရွေးအသုံးပြုသည့် ကုန်စည်ဖြစ်ခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ် ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်သည့် နို့နှင့်နို့ထွက်ပစ္စည်းများအား ထုတ်ပြန်လျက်ရှိခြင်းတို့ ကြောင့်ရွေးချယ်ရခြင်းဖြစ်ပြီး စားသုံးသူပြည်သူများ ဘေးအန္တရာယ်မရှိစေရေးအတွက် ၂၀.၁.၂၀၂၅ ရက်နေ့တွင် အနောက်ပိုင်းခရိုင်မှ စစ်ဆေးရေးမှူး ဒေါ်ခင်မာဝေနှင့် ဝန်ထမ်းး (၂) ဦးတို့သည် ပန်းဘဲတန်းမြို့နယ် Market Place နှင့် ကျောက်တံတားမြို့နယ် စိန်ဂေဟာတို့တွင် အားမာန်(နွားနို့)၊ Fun Hwa(ကျိုချက်ပြီးနွားနို့)၊ Walco(နွားနို့)၊ Kyouk Sein(စတော်ဘယ်ရီနွားနို့)၊  Pep(နို့ဆီ)၊ One Tea(နို့ဆီ)၊ Milky Zone(အဆီထုတ်နို့ဒိန်ချဉ်)၊ SWIS Milk(နို့) စသည့် နို့နှင့်နို့ထွက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွဦပါဝင်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၂၁.၁.၂၀၂၅ ရက်နေ့ မှ ၂၇.၁.၂၀၂၅ ရက်နေ့ အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်း ဆိပ်ကမ်း၊ ထူးဆိပ်ကမ်း၊ နိုင်ဂရုဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်း အဖွဲ့များဖြင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသောတင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

DOCA(ရန်ကုန်)

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ “

သန်လျင်မြို့နယ်၊ ဇန်နဝါရီလ (၂၇) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြား တိုင်းဒေသကြီး ပြည်နယ် များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျှက်ရှိပါသည်။ စားအုန်းဆီ အား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီး ဌာန၊ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန် ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှ ကွင်းဆင်းကြပ်မတ်ဆောင်ရွက် လျှက်ရှိကြောင်းနှင့် (၂၀.၁.၂၀၂၅)ရက်နေ့မှ (၂၅.၁.၂၀၂၅) ရက်နေ့အထိ ဆီကုမ္ပဏီ(၂၁)ခုနှင့် စားအုန်းဆီတန်ချိန် (၄၃၄၇.၃၆၈)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သုံးခွမြို့နယ်အတွင်းအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင်ဘိလပ်မြေများပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

သုံးခွမြို့နယ်၊ ဇန်နဝါရီလ  (၂၇) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချ သောအရောင်းဆိုင်များတွင် ဘိလပ်မြေများပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိ အခြေအနေအား ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ ဇန်နဝါရီလ (၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးနှုန်းဈေးကွက်စုံစမ်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သုံးခွမြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများသည် အမှတ်(၄)ရပ်ကွက် အောင်ဇေယျလမ်းရှိ ဦးအင်းရွှေနှင့်ညီမ ဒေါ်အေးကြည်ဆိုင်၊ အမှတ်(၄)ရပ်ကွက် အနော်ရထာ လမ်းရှိ ဦးမောင်မောင်ကြီးဆိုင်၊ အမှတ်(၇)ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်ဘုရားလမ်းရှိ က္ကုစာ္ဆသယ အိမ်ဆောက်ပစ္စည်းဆိုင်နှင့် မိဘမေတ္တာအိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဘိလပ်မြေ များ ပစ္စည်း ပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိ၊ ဝယ်ယူရရှိမှုအခြေအနေနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချ နေမှုအခြေအနေတို့အား ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များအား မေးမြန်းစုံစမ်းခဲ့ရာတွင် မြို့နယ်အတွင်း အိမ်ရာအဆောက်အဦးအသစ် တည်ဆောက်ခြင်းနှင့် ပြန်လည်မွမ်းမံ ခြင်းများ အတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ဈေးနှုန်းအနေဖြင့်လည်း ဝယ်ယူရရှိသည့်ဈေးနှုန်း အပေါ်  သယ်ယူစရိတ်ပါ အမြတ်ရာခိုင်နှုန်းအနည်းငယ်ဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပြီး မြို့နယ်တာဝန်ခံမှ ဘိလပ်မြေ ပစ္စည်းများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ၊ ဈေးနှုန်းအဆမတန် မြှင့်တင် ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ