သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စော်ဘွားကြီးကုန်းဝင်းအတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

၂၇.၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမျိုးအေး၊ ဒုခရိုင်ဦးမှူးပါ (၃)ဦးတို့သည် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရှိ ဘိလပ်မြေအရောင်းဆိုင် များသို့ ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဘိလပ်မြေလက်လီ/လက်ကား အရောင်းဆိုင်များဖြစ်သော မဟာဖန်တီးရှင်၊ အဲဗား၊ ရတနာတောင်၊ ကောင်းကြွယ်လှ၊ New Power နှင့် မင်းမင်း (နိုင်မိသားစု) ဆိုင်များ၌ အမျိုးအစား၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ဈေးနှုန်းအတတ်အကျဖြစ်ရသည့် အကြောင်းအရင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ လက်ရှိရောင်းချနေသောအခြေအနေများနှင့် မြေပြင် လက်ကျန် အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဆန်ဆိုင်ကြီးများနှင့် ဆန်ဂို‌ဒေါင်များအား ကွင်းဆင်းစစ်ဆေးခြင်း

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ အခွန်လွတ်စျေးရှိ ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေး ချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ  စစ်ဆေး ခြင်းများ၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားရှိရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့သို့ စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ(၈၄)ပေပါ တို့ကို ယာဉ်အမှတ် 1F/2267 နှင့် ယာဉ်အမှတ် 3L/2665  ဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်း မြို့သို့ (၂၉.၁.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိ သူများနှင့်အတူသွား ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီးအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC)(၁/၂၀၂၅) သို့ တက်ရောက်ခြင်း

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့၊ နံနက် ၉း၀၀ အချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) (၁/၂၀၂၅) အား တိုင်းဒေသကြီးဝန်ကြီးချုပ်မှတက်ရောက်၍ သင်တန်းအဖွင့်မိန့်ခွန်းပြောကြား ဖွင့်လှစ်ခဲ့ပါသည်။

          ဆက်လက်၍ သင်တန်းအား ထားဝယ်မြို့၊ ဆန်းချီရပ်ကွက် မူလတန်းကြိုကျောင်းတွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ သင်တန်းအချိန်ဇယားအတိုင်း ပို့ချသင်ကြားဖွင့်လှစ်သွား မည်ဖြစ်ပြီး သင်တန်းတွင် တိုင်းအဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့်အတူ စားသုံးသူရေးရာဦးစီး ဌာနမှလည်း တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့ပေါ်ရှိ ဘိလပ်မြေလက်လီ/လက်ကားဆိုင်များသို့ ကွင်းဆင်းခြင်း

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံး မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် မုံရွာမြို့ပေါ်ရှိ ဘိလပ်မြေလက်လီ/ လက်ကားဆိုင်များသို့ (၂၇.၁.၂၀၂၅) ရက်နေ့တွင်   ဈေးကွက်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းကြီးမြှင့်မှု ရှိ/ မရှိ ကွင်းဆင်းစုံစမ်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

           ထိုသို့ ကွင်းဆင်းစုံစမ်းရာတွင် မုံရွာမြို့ရှိ ဘိလပ်မြေလက်လီ/ လက်ကားအရောင်းဆိုင်များတွင် ပစ္စည်းပြတ်လတ်မှုမရှိကြောင်း ၊ ဘိလပ်မြေ ကြံ့နှစ်ကောင်(၁) အိတ်လျှင် ၂၁၀၀၀ ကျပ်၊ အပါချီ (၁) အိတ်လျှင် ၂၁၀၀၀ ကျပ် ရှိကြောင်း၊ ဈေးနှုန်းများအား ယခင်လနှင့် ယခုလနှိုင်းယှဉ်ကြည့်လျှင် ဘိလပ်မြေ(၁)အိတ်လျှင် (၁၀၀၀) ကျပ် ဈေးနှုန်းမြှင့်တက်နေကြောင်း  စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ La La” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦး တို့သည်  ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ချောင်းဦးမြို့ရှိ “ La La” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) အရကုန် အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြား ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်

          တိုင်းဒေကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၄.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးရာရှိ၊  မုံရွာခရိုင်ဦးစီးမှူး ရုံးမှ ခရိုင်ဦးစီးမှူး၊ နှင့်  မုံရွာမြို့နယ်တာဝန်ခံတို့သည် Online Sales မှတ်ပုံတင်ထားသော မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ကျောက္ကာလမ်းပေါ်ရှိ Yati Bakery &  Flocal Supply Online Sales လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မုံရွာမြို့၊ ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်ကွက် ဒေါ်ဝေဝေမွန်၊ Yati Bakery &  Flocal Supply Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်းလျှောက်ထားသည့်အချက်များ (၁၈)ချက်နှင့် မြေပြင်တွင် သွားရောက်စစ်ဆေးသည့်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကော့သောင်းမြို့ ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်းခြင်း

ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် စားသုံးသူရေးရာဦးစီးဌာန(ရုံးချူပ်)မှ ညွှန်ကြားလာသည့် ဘိလပ်မြေထုတ်လုပ်နေသည့် စက်ရုံများနှင့်ဘိလပ်မြေရောင်းချနေသည့် ဆိုင်များအား ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ၊ စျေးနှုန်းကြီး မြှင့်မှုရှိ/မရှိ စျေးကွက်အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးရန်ညွှန်ကြားလာမှုအပေါ် ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဘိလပ် မြေအရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်းရာတွင် မြေပြင်တွင်ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း  သိရှိရပါသည်။

ကွင်းဆင်းစုံစမ်းရာတွင် ဘိလပ်မြေစျေးနှုန်းမှာ ယခင်လတွင် ဘိလပ်မြေအမှတ်တံဆိပ် ထိုင်းဆင် (SCG)  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၈၅၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းဆင် (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၉၁၄၀ ကျပ် ဖြစ်ပေါ်လျက်ရှိပြီး၊ ဘိလပ်မြေ အမှတ်တံဆိပ် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၂၅၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၅၀၀ကျပ် ဖြစ်ပေါ်လျက်ရှိရာ ယခင်လနှင့်ယခုလ နှိုင်းယှဉ်ပါက အနည်းငယ်မြှင့်တက်လျက်ရှိကြောင်းသိ ရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၂၄ ရက်နေ့၊ (၁၄:၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့၊ စားသုံးသူရေးရာဦးစီဌာနခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အွန်လိုင်း ရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ကော့‌သောင်းမြို့ပေါ်ရှိ စားသောက်ကုန် လုပ်ငန်းရောင်းချလျက်ရှိသည့် Online လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလို အပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာများနှင့် ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ရွှေဘိုခရိုင်၏ (၁/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

           ရွှေဘိုခရိုင်အနေဖြင့် (၁/၂၀၂၅)လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ Top Star (ကလေးကစားစရာနှင့် မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်)အားလည်းကောင်း၊ မနီနီအောင် (မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်)အားလည်းကောင်း၊ ဦးသန်းကျော် (ကုန်မျိုးစုံရောင်းဝယ်ရေး) ဆိုင်အားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ TK(မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်)အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ