(Myro)တွင်မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

       (၂၄.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍  မော်တင်ဆိပ်ကမ်းဝန်း၊ လမ်းမတော်မြို့နယ်ရှိ ဆန်သို လှောင်ရုံများသို့ မြန်မာဆန်/စပါးအွန်လိုင်း(Myro) တွင်မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျစာရင်းပြုစု မှတ်ပုံတင်ပြုစုထားနိုင်ရေးတို့အတွက် ပြည်တွင်း၌စီးပွားဖြစ် ဆန်စပါး သိုလှောင်ထားသူများအနေဖြင့် ဆန်စပါးသိုလှောင်ရုံများကို မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးတစ်နှစ်ကြာလျှင် သိုလှောင်ရုံအား သက်တမ်းတိုးရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီး ဆန်စပါးသိုလှောင်ရုံများတွင် လစဉ်လတိုင်း ဆန်စပါး အသွင်း၊ အထုတ်၊ လက်ကျန်စာရင်းများကို ထည့်သွင်းပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး  ထိုလုပ်ငန်းစဉ်များကို မလုပ်ဆောင်ပါကသို လှောင်ရုံပိတ်သိမ်းခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)