သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေးဒရဲမြို့၊ ညောင်တပင်ကျေးရွာ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

       စားသုံးသူရေးရာဦးစီးဌာနမှ ဒေးဒရဲမြို့နယ် တာဝန်ခံဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် (၁.၉.၂၀၂၅) နေ့လယ်  (၁၄:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ ညောင်တပင်ကျေးရွာ အ.မ.က ကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တောင်းဆိုရယူတတ်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာဟောပြောခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိ ပြုရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လူကိုယ်တိုင် ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ဆရာ/မ နှင့် ကျောင်းသား/သူ (၇၂) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

မိဘမေတ္တာ ဆန်စက်သို့  MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

      ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် (၁.၉.၂၀၂၅) နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ကမ်းနားလမ်းရှိ “မိဘမေတ္တာ” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

          မြို့နယ်တာဝန်ခံမှ MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထား ရှိမှု အခြေအနေ၊ ထုတ်လုပ်ရာတွင် ဆန်အရည်အသွေး ပြည့်မီမှုရှိ/မရှိ ၊ ထုပ်ပိုးမှုနည်း စနစ်များ၊ ထုတ်ကုန်အရည်အသွေး ပြည့်ဝမှုရှိစေရေးနှင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် အရည်အသွေးပြည့်မီသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Talk Show ကျင်းပပြုလုပ်

       ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍(၁.၉.၂၀၂၅) နေ့လယ်  (၁၄:၃၀) နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ Talk Show တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ၊ ပုဒ်မ (၄၁) အရ ထားသိုသိမ်းဆည်းပုံ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်သည့် ရက်စွဲ၊ အလေးချိန် ဂရမ် စသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိရန်လိုကြောင်း၊ ပုဒ်မ (၄၃) အရ မြန်မာဘာသာဖြင့် ဖြစ်စေ၊ အခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားရှိမှသာ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း ၊ စားသုံးသူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

Gasifire ဆန်စက်များအား ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြိီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ (၁.၉.၂၀၂၅) နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာနှင့် လမုဝကျေးရွာရှိ  ဆန်စက်များသို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေးနှင့် Gasifire အသုံးပြုနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်ထုတ်လုပ်မှုနှင့် ပက်သက်၍ အရည်အသွေးပြည့်မီစေရေး၊ အချင်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ ၊ ဆန်စပါး ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ဈေးကွက်အတွင်းထုတ်လုပ်ရောင်းချတင်ပို့နိုင်မှု အခြေအနေတို့ကိုစစ်ဆေးခဲ့ သည်။ Gasifire အသုံးပြု၍ ဆန်စက်လည်ပတ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ အထူးအလေးထားဆောင်ရွက်ရန် ၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် လည်ပတ် မောင်းနှင်ရန်၊ Gasifire စနစ်မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေ၊စပါးခွံ ဂိုဒေါင်များ စနစ်ကျစွာ ဆောက်လုပ်ထားမှုရှိ/မရှိ တို့ကို ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိလပ်မြေဈေးနှုန်း ကွင်းဆင်းစစ်ဆေး

      ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍(၁.၉.၂၀၂၅)ရက်နေ့၊နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ပေါ်ရှိ ဘိလပ်မြေဆိုင်များသို့ ကွင်းဆင်း၍ ဘိလပ်မြေ ဈေးနှုန်းစုံစမ်းမေးမြန်းခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

          ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင်(၂၀၅၀၀) ကျပ်၊  Alpha ဘိလပ်မြေ တစ်အိတ်လျှင် (၂၀၅၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဩဂုတ်လ ပထမ ပတ်နှင့် ယခုပတ် ဘိလပ်မြေ ဈေးနှုန်းများ နှိုင်းယှဉ်ပါက ကြံ့နှစ်ကောင်ဘိလပ်မြေနှင့် Alpha ဘိလပ်မြေ တစ်အိတ်လျှင် (၂၅၀၀) ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သိရသည်။

(Doca ဧရာဝတီ)

 

စားအုန်းဆီအရောင်းဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေး

      ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် (၁.၉.၂၀၂၅) နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များသို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ဈေးကွက်အတွင်းစားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်မှုမရှိစေရေး လိုက်လံစစ်ဆေးခဲ့ရာ စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင်ရောင်းချလျက်ရှိကြောင်း ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Online Sale ရောင်းချသူလုပ်ငန်းများအား အသိပညာပေးဟောပြော

      ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးသိန်းမောင်သည် (၁.၉.၂၀၂၅) နေ့လယ်  (၁၂:၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ Online Sale ရောင်းချသူလုပ်ငန်းများအား မှတ်ပုံတင်လျောက်ထားခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က Online စနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်လက်မှတ်လျောက်ထားခြင်းဆိုင်ရာကိစ္စရပ်များ ၊ Online စနစ်နှင့် ပက်သက်၍ ကုန်သွယ်ရေး ဦးစီးဌာနမှ သတ်မှတ်ထားသော လျောက်လွှာပုံစံ၊ မှတ်ပုံတင်လက်မှတ်ပုံစံ၊ မှတ်ပုံတင်ကြေးနှင့် ဝန်ဆောင်ခတို့ကို သတ်မှတ်ထားပြီး မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို Online မှတ်ပုံတင် လက်မှတ်မရှိပဲ ရောင်းချမည်ဆိုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့မှု အပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် (၁.၉.၂၀၂၅) နံနက် (၈:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် ၊ လမုဝ ကျေးရွာ “အောင်နန်းတော်” ဆန်စက်မှ မြိတ်မြို့သို့ ဧည့်မထဆန် တင်ပို့လျက် ရှိသည့် လုပ်ငန်းများအား မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါ သည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အောင်နန်းတော် ဆန်စက်မှ ဧည့်မထဆန်(၂၈၀၀) အိတ်အား ရေယဉ်ပေါ်သို့ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက် များဖြင့် တင်ဆောင်ထားရှိမှု၊ တရားမဝင်ပစ္စည်းများ တင်ဆောင်မှု မရှိစေရေး၊ ရေယဉ်ကြံခိုင်မှုရှိ/ မရှိတို့အား တာဝန်ခံနှင့် ပြောဆိုဆွေးနွေးခဲ့ပြီး တရားဥပဒေနှင့်အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေး မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စားအုန်းဆီ နှင့်ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်(၁.၉.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစတင်၍ အခြေခံစားသောက် ကုန် ဆန်၊ဆီနှင့်ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ ဆန်နှင့် စားအုန်း ဆီများရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းနှင့် မြို့နယ် စားအုန်းဆီလက္ကားကိုယ်စားလှယ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် စားအုန်းဆီ (၅၀ ကျပ်သား)ဘူးခွံအပါ တစ်ဗူးလျှင် ၃၅၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၁၀)၊ ကြက်ဥ(၅)လုံးလျှင် (၂၀၀၀/-)ကျပ်ဖြင့် အလုံးရေ (၅၀၀)လုံး ရောင်းချပေးခဲ့ကြောင်း သိရှိရ ပါသည်။ ထိုသို့ရောင်းချခြင်းကို ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

EYDNS(DOCA ဧရာဝတီ)

အင်္ဂပူမြို့နယ် မြို့မစည်ပင်ဈေးအတွင်း တရားမဝင်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာန ဆိုင်ရာ များနှင့်ပူးပေါင်း၍(၁.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အင်္ဂပူမြို့နယ် မြို့မစည်ပင်ဈေးအတွင်း ရှိ ကုန်စုံဆိုင်များတွင် တရားမဝင်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် အင်္ဂပူမြို့နယ် မြို့မစည်ပင်ဈေးအတွင်း တရားမဝင်ကုန်စည်များ ရောင်း ချမှုမရှိခြင်း၊ ရောင်းချလျက်ရှိသော  အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာ ပြောင်းလဲ သွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချ မှုမရှိခြင်း၊ ဈေးကစားရန်သိုလှောင်သိမ်းဆည်းမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ အသင့်စားသောက် ကုန်စည် များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ