
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး မြစ်သားမြို့နယ် ၊ ကူမဲမြို့ရှိ ပြုံးပန်းတစ်ထောင်ဆန်စက်အား မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့် ကုန်ရ၊ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများ ဖြည့်သွင်းနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online My Ro)တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅)နှင့်အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသောသိုလှောင်ရုံများအား သက်တမ်းပြန်လည်တိုးရန်နှင့် ဆန်စပါးသိုလှောင်မှု လုပ်ငန်းစဉ်များ၏ ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် စာရင်းများအား လစဉ် ၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်အတွင်း Update ဖြည့်သွင်းခြင်းလုပ်ငန်းများအား လိုက်နာဆောင်ရွက်ရန် နှင့် လိုက်နာဆောင်ရွက်မှု မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
