
ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍(၁၉-၁၁-၂၀၂၅) ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီ အချိန် တွင်ဒေးဒရဲမြို့အမှတ်၁ရပ်ကွက်ရှိ အေးမေတ္တာစတိုး၊ဖူးပွင့်စံစတိုး၊ရွှေနန်းထွဋ် စတိုးဆိုင်များတွင် ရောင်းချသော Baby Mildအမှတ်တံဆိပ်ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းများအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက်ဈေး ကွက်အတွင်းရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများတွင် ကုန်စည်အမျိုးအစား အလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး
စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပုဒ်မခွဲ၄၁၊၄၂၊၄၃နှင့်အညီကုန်အညွှန်းအမှတ်အသား ပြည့်
စုံစွာဖော်ပြထားသောကုန်စည်များကိုရောင်းချလျက်ရှိကြောင်း သတင်းရရှိရပါသည်။
DOCA(ဧရာဝတီ)
