သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်ဦးမြို့ရှိ သောက်ရေသန့်စက်ရုံများအား ဆက်လက်ကွင်းဆင်းစစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်း၍(၂၂.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

            ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့ရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ထုတ်လုပ်ပုံနည်းလမ်းမှန်ကန်မှုရှိ/ မရှိ၊ ဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ၊ လုပ်သားများ၏ ကျန်းမာရေးဆေးစစ်မှုအခြေအနေများ၊ စက်ယူနစ်အစိတ်အပိုင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျှောက်ကိုင်တွယ်မှု၊ ထည့်သွင်းမှု၊ ထုပ်ပိုးမှုနှင့်ဗူးခွံများ ပြန်လည်ဆေးကျောသန့်စင်မှုများ၊ ရေဆိုးထုတ်လုပ်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြမှုအခြေအနေများအား သက်ဆိုင်ရာဌာနများအလိုက် စစ်ဆေးမှုများဆောင်ရွက်၍ လုပ်ငန်းရှင်များအား ၎င်းတို့ထုတ်လုပ်နေ သောကုန်စည်သည် လူသားအားလုံးအတွက် မရှိမဖြစ် နေ့စဉ်အချိန်နှင့်အမျှ လိုအပ်ကုန်စည်ဖြစ်၍ သောက်ရေသန့်ဆိုသည့်အတိုင်း သတ်မှတ်ထားသောစံချိန်စံညွှန်းများ၊ အရည်အသွေးများပြည့်မီရန်လိုအပ်ပါကြောင်း၊ သယ်ယူပို့ဆောင် ဖြန့်ဖြူးရောင်းချမှုများတွင် စနစ်တကျသယ်ယူပို့ဆောင်ရန် လိုအပ်ပါကြောင်း၊ ရေသည် လူသားအားလုံး အတွက်ကျန်းမာရေးအတွက် ဆေးကောင်းတစ်ခုဖြစ်၍ သောက်သုံးနေရသောရေသည် သန့်ရှင်းစင်ကြယ်ရန်အထူးလိုအပ်၍ သန့်ရှင်းသော၊ ကောင်းမွန်သော သောက်ရေသန့်များထုတ်လုပ်ခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသည့်အတိုင်း ရေအကျိုးဆယ်ပါး ကုသိုလ်များကိုရရှိပြီး မိမိတို့၏ အကျိုးစီးပွားများလည်းဖြစ်ထွန်းလာမည်ဖြစ်၍ စားသုံးသူများ၏ ကျန်းမာရေးကိုရှေးရှု့ပြီး စိတ်စေတနာအပြည့်အဝထားကာ ဥပဒေများနှင့်အညီထုတ်လုပ်ကြရန် ဆွေးနွေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး၍ မျိုးစေ့ချကရိယာနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

           မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ၁၉.၈.၂၀၂၅ ရက်နေ့၊ မွန်းလွဲ(၁၃:၅၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ဆင်တိုင်းကန်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူဦးအောင်မောင်း စိုက်ပျိုးထားသည့် ရွှေဒင်္ဂါးမျိုး ပဲစဉ်းငုံစိုက်ခင်းအား ကြည့်ရှု့အားပေးခဲ့ကြောင်း၊ ယင်းနောက် ကိုင်းကျေးရွာအုပ်စုသို့ရောက်ရှိပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ (Drum Seeder)နှင့် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်၍ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ စပါးစိုက် တောင်သူများအတွက် မျိုးစေ့ချကရိယာ(Drum Seeder)နှင့် ယူရီးယားဓာတ်မြေဩဇာများပေးခဲ့ကြပြီး စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၂) စက်မှုလယ်ယာစခန်းမှ မျိုးစေ့ချကရိယာ(Drum Seeder)များနှင့် မိုးစပါးစိုက်ပျိုးသရုပ်ပြခြင်းကို ကြည့်ရှု့အားပေးခဲ့ပါသည်။ အဆိုပါ မျိုးစေ့ချကရိယာ (Drum Seeder) နှင့်ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲနှင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသခြင်း အခမ်းအနားကို မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူ(၂၆၃)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အပတ်စဉ် တနင်္လာနေ့တိုင်း ပလပ်စတစ်/ကြွပ်ကြပ်အိတ်မသုံးစွဲရနေ့ တွင်ပူးပေါင်းဆောင်ရွက်

        မန္တလေးတိုင်းဒေသကြီးအား ပလပ်စတစ် အမှိုက်ကင်းစင်ပြီး သန့်ရှင်းသာယာလှပသော တိုင်းဒေသကြီးတစ်ခုဖြစ်စေရန်နှင့် ပလပ်စတစ်ညစ်ညမ်းမှုလျော့ချရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများ၊ ကျောင်းသားကျောင်းသူများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထု အားလုံးပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  ပလပ်စတစ်/ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးအား အပတ်စဉ် တနင်္လာနေ့တိုင်း(Monday Stop)အား ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၅.၈.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့များပူးပေါင်း၍ ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးရှိ လမ်းဘေးဝဲယာဈေးဆိုင်များအား သတ်မှတ်လမ်းညွှန်ချက်များကို လိုက်နာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အပတ်စဉ်တနင်္လာနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ နေ့လယ်(၁၄း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများရှိ/မရှိနှင့် ဝိသမလောဘဖြင့်သိုလှောင်မှုများရှိ/မရှိ စစ်ဆေး ခြင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားရှိနိုင်စေရေး လိုအပ်သည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ  ဆန်စပါးကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးထံသို့ သွားရောက်တွေ့ဆုံခြင်း

    ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊နေ့လယ်  ( ၁၄း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးသည်  ဆန်စပါးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးစီးပွား‌ရေးရာဝန်ကြီးထံ သွားရောက်တွေ့ဆုံခဲ့ပါသည်။

    တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့လစဉ် အစည်းအဝေးကျင်းပပြုလုပ်ရန်နှင့် စားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၊ စက်မှုူလုပ်ငန်းသုံးစားအုန်းဆီ ထုတ်ယူဖြန့်ဖြူးကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန်ကိစ္စများအား သွားရောက်တင်ပြဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ညောင်ဦးမြို့ရှိ မြေပဲဆုံဆီ လုပ်ငန်းများသို့ကွင်းဆင်း၍ ကုန်စည်နမူနာ ကောက်ယူခြင်းများဆောင်ရွက်

          ပြည်တွင်းပြည်ပထုတ်လုပ်မှုကုန်စည်များ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ ဘေးအန္တရာယ်ရှိ/ မရှိကို ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးအခြေအနေများ၌လည်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အာမခံချက်ရှိပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များဖော်ဆောင်ဖြည့်ဆည်းပေး၍ ပြင်တွင်းကုန်စည် ထုတ်လုပ်မှုများ တိုးတက်ကောင်းမွန်လာပြီး ပြင်းတွင်းဈေးကွက်မှတဆင့် ပြည်ပဈေးကွက်သို့တိုင်အောင် ထိုးဖောက်၍ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုအားကောင်းလာပြီး နိုင်ငံခြားငွေရရှိစေနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသလို မိမိတို့၏ကိုယ်ပိုင်စီးပွားရေးများလည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါသဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များသည် စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ကျေနပ်မှုရှိစေရေး၊ မှန်ကန်မှုရှိစွာထုတ်လုပ် ရောင်းချမှုရှိစေရေးအတွက် ညောင်ဦးမြို့နယ်အတွင်းရှိ ဆုံဆီထုတ်လုပ်မှုများအား မြေပြင်ကွင်းဆင်း၍ ထုတ်လုပ်မှုကုန်စည်ဖြစ်သော ဆုံဆီများအား စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ရှိ/ မရှိနှင့် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချနိုင်ရေး ကုန်စည်နမူနာများကောက်ယူခြင်းများကို ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ထားဝယ်မြို့တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ သြဂုတ်၂၆ ရက်နေ့ ၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် ဆက်သွယ်‌ရေးဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထားဝယ်မြို့ရှိ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            စစ်ဆေးရာတွင် အင်တာနက်လိုင်းများ ပြတ်တောက်ခြင်းများနှင့်စပ်လျဉ်း၍ စစ်ဆေး ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးကုမ္ပဏီများမှ ပေးအပ်ထားသည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပညာပေးခြင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်‌ တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၆ ရက်နေ့၊နေ့လယ် (၁၃း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   တွေ့ဆုံဆွေးနွေးရာတွင် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌမှ ဒေသတွင်းအမျိုးအစားညံ့ ငစိန်ဆန်များအား တိရစ္ဆာန်အစာအဖြစ် အခြားဒေသသို့ တင်ပို့နိုင်ရေးကိစ္စ၊ ဆန်စက်များလည်ပတ်ရာတွင် လိုအပ်သော စက်သုံးဆီများရရှိ‌ရေးကိစ္စရပ်များအား လာရောက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ ဖြူသန့် သောက်ရေသန့်စက်ရုံအား စျေးကွက်မရောက်မီစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ သြဂုတ်၂၆ ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ ဆန်းချီရပ်ရှိ  ဖြူသန့် သောက်ရေသန့် စက်ရုံအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းဖြန့်ဖြူးမရောင်းချမီ သောက်ရေသန့် အမျိုးမျိုးတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သောက်ရေသန့်ထုတ်လုပ် ပုံအဆင့်ဆင့်၊ သောက်ရေသန့်များအားထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နေမှုများ ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဖုန်းဆိုင်များတွင် တရားမဝင်ဆင်းကတ်ရောင်းချနေမှုများအား စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အတွင်းရေးမှူးအဖြစ်ပါဝင်သော ထားဝယ်မြို့နယ် တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့သည် စျေးကွက်အတွင်းရောင်းချလျက်ရှိသော ဆင်းကတ်များအား သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များကို စနစ်တကျ မှတ်ပုံတင် ရောင်းချနိုင်ရန်နှင့် တရားမဝင်ဆင်းကတ်ရောင်းချမှုများကို တားဆီးကာကွယ်နိုင်ရန်အတွက်  ထား ဝယ်မြို့ပေါ်ရှိ ဖုန်းဆိုင်များသို့ သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ