သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ ပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ၊ ပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်း တံတား၊  ရွှေတောင်တန်းရိပ်သာတွင် ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်း များနှင့် ရေထွက်ကုန်ပစ္စည်းများ၊ ပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည်  ဆန်၊ စပါး ထွက်ကုန်များ၊ ပီလောပီနံ၊ ပဲ၊ ပြောင်း၊ ငရုတ်စသည့် သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပါကြောင်း၊ ထိုသို့တင်ပို့လျက်ရှိရာတွင် ပို့ကုန်များ ပိုမိုတိုတက်ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်နှစ်ဆတင်ပို့နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကုန်ကြမ်းများဝယ်ယူစုဆောင်းထားရှိမှု၊ အမှာစာရရှိမှုအခြေအနေများ တင်ပြဆွေးနွေးပေးစေ လိုကြောင်းနှင့် ယခုနှစ်တွင်ပို့ကုန်များ ပိုမိုတင်ပို့နိုင်မှုအခြေအနေများ စနစ်တကျမှတ်တမ်း ထားရှိရန်နှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေးဆောင်ရွက်ရန်မှာ ကြားခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့် ကဏ္ဍစုံ တင်ပို့နေသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များက ဆန်နှင့် ဆန်ကွဲ ပို့ကုန်တင်ပို့မှု၊ ပေါင်းဆန်ထုတ်လုပ်မှု၊  ပဲမျိုးစုံတင်ပို့ ရောင်းချမှု၊ အစေ့ထုတ်ပြောင်းတင်ပို့ ရောင်းချမှု၊ ရေထွက်ကုန်ပစ္စည်း တင်ပို့ ရောင်းချမှု၊ အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန် ၂ အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)စံပြ စိုက်ခင်းများကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ဆီထွက် သီးနှံအထူးဇုန် ၂ အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာရှိ တောင်သူ ဦးသိန်းဇော်ဝင်း၏ နေကြာပန်းတိုင် အထွက်နှုန်းရရှိရေးစံပြကွက် (၂၀)ဧကတွင် အိန္ဒိယစပ်မျိုး နေကြာစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် နေကြာစပ်မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (၁)ဧကကိုလည်းကောင်း၊ တောင်သူ ဦးသာစိုး၏ ဆောင်းနေကြာစံပြကွက် (၅)ဧကတွင် Supersun 41 မျိုး နေကြာ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ တောင်သူ ဒေါ်သန်းသန်းအေး၏ ဆောင်းနေကြာစံပြကွက် (၅)ဧကတွင် Supersun 41 မျိုး နေကြာစိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ တောင်သူ ဦးမြင့်သန်း၏ ဆောင်းနေကြာစံပြကွက် (၅)ဧကတွင် အိန္ဒိယစပ်မျိုး နေကြာ စိုက်ပျိုးထားရှိမှုကို လည်းကောင်း လိုက်လံကြည့်ရှုခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ရေပေးသွင်းခြင်း၊ ပေါင်းမြက်နှိမ်နှင်းခြင်းနှင့် မြေဩဇာ အချိန် ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေး၊ စားသုံးဆီဖူလုံရေး၊ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအားများ တိုးတက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေး အတွက် ကြိုးစားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန်-၂ အတွင်းရှိ မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စုတွင် ဆီထွက် သီးနှံ နေကြာစိုက်ဧက (၂၅၀)ကျော် စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ကုမ္ပဏီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စပါးခွံ လောင်စာသုံး boiler နင့် turbine အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေး လုပ်ငန်းခွင် အတွင်း စပါးခွံသိုလှောင်ရုံတည်ဆောက်ပြီးစီးနေမှုအခြေအနေများ၊ စပါးခွံနှင့် အခြားဇီဝ လောင်စာများ သယ်ယူရန် conveyor စနစ်၊ တနာရီ ၆၅ တန် ရေနွေးငွေ့ဘွိုင်လာ ၂ လုံး၊  flue gas တွင် ပါလာနိုင်သည့် အမှုန်များကို သိမ်းဆည်းပေးသည့် Electrostatic Precipitators (ESP)၊ Turbine အဆောက်အဦအတွင်း 30 MW လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် 15 MW Steam turbines generators ၂ စုံနှင့် ဆက်စပ်စက်ပစ္စည်းများ၊ ပိုက်လိုင်းများတပ်ဆင်နေမှု၊ လျှပ်စစ် panel များတပ်ဆင်နေမှု လုပ်ငန်းများအားရှင်းလင်းတင်ပြခဲ့ပြီး စပါးခွံသယ်ယူရာတွင် ပိုမိုလျင်မြန်စေရန် လေစုပ်စက်စနစ်ဖြင့် အသုံးပြုရန် စက်ပစ္စည်းရောက်ရှိနေမှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် Gasifier control room တွင် gasifier နှင့် gas purification system တို့ကို computer control system ဖြင့် ထိန်းချုပ် လည်ပတ်သည့်စနစ်ကို စတင်စမ်းသပ်သုံးစွဲနေမှု၊ ဘေးထွက်ပစ္စည်းများအနက်မှ biochar များကို  အသုံးပြု၍ အကျိုးပြု ဇီဝပိုးမွှားများပါဝင်သည့် မြေဩဇာများထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှု၊ အခြားဘေးထွက်ပစ္စည်းများဖြစ်သည့် စပါးခွံပေါင်းခံရည်ကိုလည်း ဇီဝပိုးပြေးဆေး အနေဖြင့် အသုံးပြုနိုင်ရန်နှင့် bio tar များကို ဆောက်လုပ်ရေးလုပ်ငန်းသုံး သုတ်ဆေးတွင် အသုံးပြုနိုင်ရန်  စမ်းသပ်ဆောင်ရွက်မှုအခြေအနေများ၊ 12 MW လျှပ်စစ်ဓါတ်အားထုတ်နိုင်မည့် gasifier နှင့် gas engine သုံး  လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် လျှပ်စစ်ဓါတ်အား စမ်းသပ်ထုတ်လုပ်နေမှုနှင့် ရောက်ရှိထားသော gas engine ၂၁ လုံး၊ ဆက်စပ်စက်ပစ္စည်းများနှင့် ပိုက်လိုင်းများ တပ်ဆင်ရေး ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးအသားလွာ ပြုပြင်ထုတ်လုပ်မှု နှင့် အအေးခန်းသိုလှောင်ရုံတို့တွင် အပူချိန်ထိမ်းနံရံများတပ်ဆင်ရေးဆောင်ရွက်နေမှုများ၊ zero degree အအေးခန်း တည်ဆောက်နေမှု ၊ အနှုတ် ၂၅ degree automated cold storage warehouse စနစ်တည်ဆောက်ပြီးစီးနေမှုများ၊ automated warehouse system ကို အသုံးပြု၍ အလိုအလျောက် ပစ္စည်းများကို သိုလှောင်ထားရှိနိုင်မှုနှင့် ထုတ်ယူနိုင်မှုစနစ်များအတွက်  စက်ပစ္စည်းများ တပ်ဆင်ထားမှုအခြေအနေများကိုကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် သိပ္ပံနည်းကျ အဆင့်မြင့်နည်းပညာအသုံးပြု၍ လှောင်ကန်များဖြင့် အဆင့်ဆင့် မွေးမြူမည့် စနစ်ကိုကျင့်သုံးထားသည့် (၁)ကီလို အရွယ်အစားရှိအကောင်ရေ တစ်သန်း၊ (၁.၅) ကီလိုအရွယ် အစားရှိ အကောင်ရေ (၆)သိန်း မွေးမြူနိုင်သည့် ငါးမွေးကန် ၁၂ စုံ တည်ဆောက် နေမှု လုပ်ငန်းများသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက် နေမှုများအား ရှင်းလင်းပြသမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပြီး လိုအပ်သည်များ တင်ပြမှုများ အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့နယ် စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန အင်္ဂပူမြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅) ရက်နေ့ ၊ နံနက် (၉:၃၀) အချိန်တွင်အင်္ဂပူမြို့နယ်၊အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်ဦးစီးမှူးရုံး၌စားသုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးဆီရောင်း ချသော လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်းဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူ ဆောင်ရွက် နိုင်သည့် အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးဆီအရောင်းဆိုင် လုပ်ငန်းရှင် များဘက်မှလည်း သိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် တလုတ္ထော်မြို့ရှိ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုအားကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်(၃.၂.၂၀၂၅)ရက်နေ့နေ့လည်(၁၄:၀၀) အချိန်တွင်  ဟင်္သာတခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ တလုတ္ထော်မြို့ အုပ်ချုပ် ရေးမှူး၊ တလုတ္ထော်တိုက်နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၌ စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ခင်းသို့ ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

          အဆိုပါ ဆောင်းနေကြာစိုက်ခင်းသည် ဟင်္သာတမြို့နယ် ၊ တလုတ္ထော်မြို့ ၊အမှတ်(၂) ရပ်ကွက်ရှိ တောင်သူ ဦးမောင်ရှင်၏  ဆောင်းသီးနှံနေကြာ စိုက်ခင်း(၄) ဧက၌ စိုက်ပျိုးထားသော Supersun 41 အမျိုးအစား စိုက်ခင်းတွင် ပျားပုံးထားရှိမှု၊  အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ပြီး၊ အဆိုပါ ဆောင်းနေကြာသီးနှံကို ၂၀၂၅ ခုနှစ် မတ်လ နောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်း ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် “အောင်သုခ” ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆွေးနွေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၃.၂.၂၀၂၅)ရက်နေ့ ၊နေ့လည် (၁၃:၃၀) အချိန်တွင် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “အောင်သုခ”ဆန်စက်၌ ဆန်စက်လုပ်ငန်း ရှင် ဦးသိန်းစိုးဦးနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး နှင့်SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုကမြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် MRF မှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များ ဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်း ဈေးထက် အမြတ် ၈% ထက်ကျော်လွန်ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက် အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကိုဦးစားပေးရောင်းချပေးစေလိုကြောင်း၊  စပါးဝယ် ယူရရှိမှု အခြေအနေ၊ကြိတ်ခွဲ မှုပုံစံ၊ အခြောက်ခံမှု၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှု၊ အကျိုးအမြတ်တို့ကို ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေးနှုန်း အနိမ့်အမြင့် အပေါ် ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် ဇလွန်မြို့၊ ဒူးယားလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့နယ် ပဲ၊နှမ်းအသင်းကုန်စည်ဒိုင်၌ ပြည်သူ(၄၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါ သည်။

ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ် ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူ တတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာ စွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်း အမှတ် အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစား နိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ ကိုလည်း ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် စဉ်ဆက်ပညာရေးသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေသင်တန်းပို့ချခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း ၍ (၄.၂.၂၀၂၅)ရက်နေ့၊နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် ၊ နတ်မော်လမ်းရှိ အမှတ်(၅) အခြေခံပညာအထက်တ်းကျောင်း၌ စဉ်ဆက်ပညာရေးလုပ်ငန်း၊ မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား၌ ဆရာ၊ဆရာမ (၉၈)ဦးအား စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်ပတ်သက်၍ သင်တန်းပို့ချ ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါသင်တန်းဖွင့်ပွဲတွင် ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေး ဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်း များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲ သင့်ကြောင်း၊ထို့နောက်စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းစားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ် ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကိုလည်းကောင်း ဖုန်းနံပါတ်များကိုလည်း အသေး စိတ်ပြောကြားခဲ့ပြီး နေ့လည်(၁၄:၀၀) နာရီအချိန် တွင် သင်တန်းပို့ချခြင်းကို ရပ်နားခဲ့ပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် အခြေခံပညာဦးစီးဌာန ကျောင်းဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၃၀) အချိန်တွင် အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ငုရွှေဝါခန်းမတွင် ၂၀၂၅ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမ(၈၈)ဦးအား စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောခြင်းတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ် ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ ကာကွယ် ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူ တတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာ စွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်း အမှတ် အသားများ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဖြစ်စေ အွန်လိုင်း စနစ်မှ တစ်ဆင့် ဝန်ဆောင်မှုရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ အွန်လိုင်း မှတစ်ဆင့် ဝယ်ယူခြင်းတွင် အားသာချက်နှင့်အားနည်းချက်ဟူ၍ ယှဉ်တွဲဖော်ပြထားပြီး၊ ၎င်းတို့အား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ် ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားးသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၃.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊သပြေကုန်းကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးမျိုးတင့်နှင့်တွေ့ဆုံ၍ အသင်းမှ လက်ရှိလှုပ်ရှားဆောင်ရွက်နေမှု များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

             ထိုသို့ဆွေးနွေးခဲ့ရာတွင် အသင်းမှ ဒု- ဥက္ကဌ ဦးမျိုးတင့်က လက်ရှိတွင်ကော်မတီအဖွဲ့ဝင်( ၁၁) ဦးရှိပြီး အသင်းအနေဖြင့် ရန်ကုန်ကုမ္ပဏီများမှ ထုတ်ယူရရှိသော စားအုန်းဆီများအား လက္ကား ကိုယ်စား လှယ်(၆)ဦးမှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် လက်လီကိုယ်စားလှယ်များ၊ ကုန်စုံဆိုင်များနှင့်  စားသုံးသူ ပြည်သူများလက်ဝယ်ရောက်ရှိစေရေး၊ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ မြန်အောင် မြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာများရှိ အိမ်ထောင်စုတိုင်း ဆီလုံလောက်စွာရရှိနိုင်ရန် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ အသင်းအနေဖြင့်လည်း လိုအပ်ချက်များ ရှိလာပါက အသင်းအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ