သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေးဒရဲမြို့ ထောက်မှူးချောင် (အ.မ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

            ကျိုက်လတ်မြို့ ထောက်မှူးချောင်ကျေးရွာ အခြေခံမူလတန်းကျောင်းတွင်  ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက် နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ကျောင်းသား/ကျောင်းသူ (၅၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောကျင်းပခဲ့ကြောင်းသိရသည်။

             အဆိုပါဟောပြောပွဲတွင် စားသုံသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဦးသိန်းမောင်သည် စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ် မျှော်မှန်းချက်၊ ရည်မှန်းချက်အား ပြောကြားခြင်း၊ ကျောင်းသား/ကျောင်း သူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၉) ပုဒ်မ(၁၉) ပါ အကြောင်းအရာများအရ စားသုံးသူများ လိုက်နာရမည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ကုန်အညွန်းအမှတ်အသားဆိုင်ရာနှင့် အစားအသောက်များအား ရွေးချယ်စားသောက်ရမည့် သိကောင်းစရာများအား ပြောကြားခြင်း၊ ကုန်စည်/ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာမှုများရှိပါက “၁၅၃၅” သို့ ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြိုနယ်ရှိ အ.ထ.က(၁)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ နှင့် Online Sale မှတ်ပုံတင်ခြင်း ဆိုင်ရာများ ဟောပြောပို့ချခြင်း

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် များနှင့် သိပ္ပံများ စသည့်နေရာများထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေ သည် လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၉.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီး ဌာန၊ ကျောင်းကုန်းမြို့နယ် တာဝန်ခံဦးတင်ကိုနှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ရှိသော အ.ထ.က(၁)ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ(၁၉၈)ဦးခန့် နှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်း စားသုံးသူအခွင့်အရေးများ နှင့် တိုင်ကြားနိုင်သည့် နည်း လမ်းများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြချက်များ၊ စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရားများ နှင့် အရေးကြီးဝန်ဆောင်မှု Online Sale လုပ်ငန်းများ မှတ်ပုံတင်ခြင်း နှင့်ပတ်သက်၍ လည်း ဟောပြောဆွေးနွေး ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကျုံပျော်မြိုနယ်ရှိ စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့်ဆင့်ပွားသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ နှင့် Online Sale မှတ်ပုံတင်ခြင်း ဆိုင်ရာများ ဟောပြောပို့ချခြင်း

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် များနှင့် သိပ္ပံများ စသည့်နေရာများထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေ သည် လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၈.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီး ဌာန၊ ကျုံပျော်မြို့နယ် တာဝန်ခံဒေါ်ခင်မေဝင်းနှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ရှိသော အ.ထ.က(၁)ကျောင်းတွင်ကျင်းပသည့် စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့်ဆင့်ပွားသင်တန်းငို့ တက်ရောက်လာသော ဆရာ/ဆရာမများ (၈၀)ဦးခန့် နှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်း စားသုံးသူအခွင့်အရေးများ နှင့် တိုင်ကြားနိုင်သည့် နည်း လမ်းများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြချက်များ၊ စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရားများ နှင့် အရေးကြီးဝန်ဆောင်မှု Online Sale လုပ်ငန်းများ မှတ်ပုံတင်ခြင်း နှင့်ပတ်သက်၍ လည်း ဟောပြောဆွေးနွေး ခဲ့ပါသည်။

DOCA(ဧရာဝတီ)

“လင်းလင်းဇော်”မုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

             ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  (၁၇)ရပ်ကွက်ရှိ လင်းလင်းဇော် မုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

             မြို့နယ်တာဝန်ခံမှ  မုန့်တွင်ပါရှိသည့် ပါဝင်ပစ္စည်းများမေးမြန်းခြင်း၊ အသာတင် အလေးချိန် စမ်းသပ်စစ်ဆေးခြင်း၊ ထုတ်လုပ်ရက်စွဲနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ စစ်ဆေးခြင်း၊ လက်လီ/လက်ကား ဈေးနှုန်းဈေးကွက်အခြေအနေ မေးမြန်းခြင်း၊ online မှ ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ၊ ရောင်းချမှုရှိပါကမှတ်ပုံတင်ထားရှိရမည် ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၀) ပုဒ်မ (၂၁)မှ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များအား အသိပေးပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြိုနယ်ရှိ အ.လ.က(၁)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ နှင့် Online Sale မှတ်ပုံတင်ခြင်း ဆိုင်ရာများ ဟောပြောပို့ချခြင်း

၆.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီး ဌာန၊ ဘိုကလေးမြို့နယ် တာဝန်ခံဒေါ်ခင်စန်းအေး နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၉)ရပ်ကွက်တွင် ရှိသော အခြေခံပညာအလယ်တန်း အ.လ.က(၁)ကျောင်းတွင် ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၉၆)ဦးခန့် နှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်း စားသုံးသူအခွင့်အရေးများ နှင့် တိုင်ကြားနိုင်သည့် နည်း လမ်းများ၊ စားသုံးသူ၏တာဝန်နှင့် ဝတ္တရားများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြချက်များ၊ စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရားများ နှင့် အရေးကြီးဝန်ဆောင်မှု Online Sale လုပ်ငန်းများ မှတ်ပုံတင်ခြင်း နှင့်ပတ်သက်၍ လည်း ဟောပြောဆွေးနွေး ခဲ့ပါသည်။

DOCA(ဧရာဝတီ)

“အောင်ချမ်းသာ”ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခြင်း

               ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင်  ဒေးဒရဲမြို့ရှိ “အောင်ချမ်းသာ” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

             မြို့နယ်တာဝန်ခံမှ ခေတ်မီ စက်ယူနစ်များ တပ်ဆင်အသုံးပြု မှုအခြေအနေ၊ လက်ရှိ ဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဆန်စပါး သိုလှောင် ထားရှိမှုအခြေအနေ၊ ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းရှိ/မရှိ အခြေ အနေ၊ ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး အရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပက်သက်၍ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပြည်ထောင်စုနေ့အကြို လူငယ်စကားဝိုင်း နှင့် ပဒေသာကပွဲတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်

၇.၂.၂၀၂၅ ရက်နေ့တွင် မအူပင်တက္ကသိုလ်တွင်ကျင်းပသည့် (၇၈)နှစ်မြောက် ပြည်ထောင်စု နေ့အကြိုပွဲ အခမ်းအနားအား ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင်  လူငယ်စကားဝိုင်းများ ကျင်း ပခြင်း၊ ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မအူပင် ခရိုင် ဦးစီးမှူး ဦးဇော်မင်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ပဒေသာကပွဲ များ ကျင်းပ အပြီး နေ့လယ်ပိုင်းတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်း(မြိတ်)မြို့သို့ ထွက်ခွာမည့် ဆန်တင်ရေယာဉ်အား စစ်ဆေးဆောင်ရွက်ခြင်း

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော ဆန်များကို မြိတ်ဆန်ကုန် သည် များအသင်းမှဝယ်ယူ၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ရှိဒေသခံပြည်သူများကို ဆေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ရောင်းချပေးလျက်ရှိပါသည်။ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း သို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဝယ်ယူ ထားသော ဆန်အိတ်(၉၅၀၀)အိတ်အား MV-မြမြမွန်ရေယာဉ်ဖြင့် တင်ပို့မည် ဖြစ်သော ကြောင့် အဆိုပါရေယာဉ်အား သက်ဆိုင်ရာ ခရိုင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဆန်စက်လုပ်ငန်းရှင်အသင်းအဖွဲ့ဝင်များ ၊ အခြားသောသက်ဆိုင်ရာဌာနများအပါအဝင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန တို့မှ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်တွင် Online Sale လုပ်ငန်းများ မှတ်ပုံတင်ခြင်းအပါအဝင် စားသုံးသူ ကာကွယ်ရေး ဆိုင်ရာအသိပညာများ အား Talk Show ဆောင်ရွက်ခြင်း

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေး လုပ်ငန်းများအား ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်ရန်ရည်ရွယ်၍ (၆.၂.၂၀၂၅) ရက်နေ့တွင် ဇလွန်မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးသည် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးမှ တာဝန်ရှိသူများ နှင့် ပူးပေါင်း၍ စားသုံးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ နှင့် အရေးကြီးဝန်ဆောင်မှု Online Sale လုပ်ငန်းများ မှတ်ပုံတင် ဆောင်ရွက်မှုများ ခေါင်းစဉ် နှင့် Talk Show ဆွေးနွေးမှုကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးသည့် အစီအစဉ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူအခွင့် အရေးများ ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီး ဝန်ဆောင်မှုများ အကြောင်း ၊  အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှုအခြေအနေများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ ကိုလည်း  ဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)

ငပုတောမြိုနယ်ရှိ စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့်ဆင့်ပွားသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ နှင့် Online Sale မှတ်ပုံတင်ခြင်း ဆိုင်ရာများ ဟောပြောပို့ချခြင်း

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် များနှင့် သိပ္ပံများ စသည့်နေရာများထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေ သည် လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၈.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီး ဌာန၊ ငပုတောမြို့နယ် တာဝန်ခံ ဒေါ်ချယ်ရီမြင့် နှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ရှိသော အခြေခံပညာအထက်တန်း(မြို့မ)ကျောင်းတွင် ကျင်းပသည့် စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့်ဆင့်ပွားသင်တန်းသို့ တက်ရောက်လာသော ဆရာ/ဆရာမ (၆၀)ဦးခန့်နှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်း စားသုံးသူအခွင့် အရေးများ နှင့် တိုင်ကြားနိုင်သည့် နည်း လမ်းများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြချက်များ၊ စားသုံးသူတို့၏ တာဝန်နှင့်ဝတ္တရားများ နှင့် အရေးကြီးဝန်ဆောင်မှု Online Sale လုပ်ငန်းများ မှတ်ပုံတင်ခြင်း နှင့်ပတ်သက်၍ လည်း ဟောပြောဆွေးနွေး ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ