မရမ်းကုန်းရပ်ကွက်၊ ဖက်တန်းရပ်ကွက်၊ မန္တလေးရပ်ကွက်များတွင် စားအုန်းဆီရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် ဦးစီးအရာရှိ ဦးမျိုးလွင်နှင့် ဝန်ထမ်းများသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ မရမ်းကုန်းရပ်ကွက်၊ ဖက်တန်းရပ်ကွက်၊ မန္တလေးရပ်ကွက်များတွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)