
မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ် အောက်ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာ ၁ ရက် နေ့မှ စတင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ဘီးလင်းမြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက် အတွင်း ရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက် ညှာ ၊ မေးခိုင် ၊အသည်းရောင် အသားဝါ (ဘီ)ပိုး ၊ ဦးနှောက်အမြှေးရောင် ၊ (၅)မျိုးစပ် ကာကွယ်ဆေး ၊ ပိုလီယိုအကြောသေ ၊ ဝက်သက် ၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ပြင်းထန် ဝမ်းပျက် ဝမ်းလျှော ဖြစ်စေတတ်သော (Rota) ကာကွယ်ဆေး တိုက်ကျွေးခြင်း နှင့် ကိုယ်ဝန်ဆောင် မိခင် များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက် များနှင့်အညီထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
DOCA (မွန်)
