သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၅.၂.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆန်တန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး၌ မုန့်မျိုးစုံအရောင်းဆိုင်၊ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         ဟောပြောပွဲတွင် စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချသော ကုန်စည်အမျိုးအစားပေါ်တွင် သက်ဆိုင်ဌာနများ၏ ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသောကုန်စည်များကိုသာရောင်းချရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်း ပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေ အနေတို့ကို လည်းကောင်း၊ Consumer Call Center 1535 သို့ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းတွင်ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လျာထားချက်များထား၍ အခြေခံပညာကျောင်းများ ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ၊ ကောလိပ် စသည့် နေရာ များထံသို့ စားသုံသူအသိပညာပေး ဖြန့်ဝေသည်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘို နှင့်  ခေါင်းဆောင် သော အဖွဲ့သည် (၅.၂.၂၀၂၅) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ ဦးရေ(၆၅)ဦး ခန့်အား စားသုံးသူအခွင့်အရေးများ နှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ နှင့် စားသုံးသူ တို့၏ တာဝန်နှင့်ဝတ္တရား များကိုလည်း ဟောပြောဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)

လပွတ္တာမြို့နယ်ရှိ အ.ထ.က(၁) ကျောင်းတွင် စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာများ ဟောပြောပို့ချခြင်း

 (၄.၂.၂၀၂၅) ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေး နှင့်  ခေါင်းဆောင်သောအဖွဲ့သည် လပွတ္တာမြို့နယ်ရှိ အ.ထ.က(၁) ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ နှင့် ဆရာ/ ဆရာမ (၁၁၀) ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏ တာဝန်နှင့် ဝတ္တရား များ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှုအခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထား သည့် အရေးကြီးကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများအကြောင်း ၊  အရေးကြီး ဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှု အခြေအနေ များ ကိုလည်း ဟောပြောဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)

မော်လမြိုင်ကျွန်းမြို့နယ်ရှိ အ.ထ.က(၁)ကျောင်းတွင် စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာများ ဟောပြောပို့ချခြင်း

 (၄.၂.၂၀၂၅) ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ မော်လမြိုင်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ် နှင့်  ခေါင်းဆောင်သောအဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်ရှိ အ.ထ.က(၁)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများ နှင့် ဆရာ/ဆရာမ (၅၀) ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင် ၏တာဝန်နှင့်ဝတ္တရားများ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအခြေ အနေများ၊ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာဖော်ပြချက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများ အကြောင်း ၊  အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှုဆိုင်ရာများ နှင့် အရေးယူ ဆောင်ရွက်နေမှုအခြေအနေများကိုလည်း ဟောပြော ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

အိမ်မဲမြို့နယ်ရှိ အ.ထ.က(၂)ကျောင်းတွင် စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာများ ဟောပြောပို့ချခြင်း

 (၄.၂.၂၀၂၅) ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်း နှင့်  ခေါင်းဆောင်သောအဖွဲ့သည် အိမ်မဲမြို့နယ်ရှိ အ.ထ.က(၂)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ နှင့် ဆရာ/ ဆရာမ (၉၀) ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏ တာဝန်နှင့် ဝတ္တရား များ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြချက်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထား သည့် အရေးကြီးကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများအကြောင်း ၊  အရေးကြီး ဝန်ဆောင် မှOnline Sale မှတ်ပုံတင် လျှောက်ထားမှုဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှု အခြေအနေများ ကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၅.၂.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ဝိဇ္ဇာလမ်း၊ အမှတ်(၁)ရပ်ကွက်ရှိ   မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စားသုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ ပါသည်။

             ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့် အညီဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေ ရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကုန်မျိုးစုံရောင်းချနေသောလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာများ ဟောပြောပို့ချခြင်း

 (၃.၂.၂၀၂၅) ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ မော်လမြိုင်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ် နှင့်  ခေါင်းဆောင်သောအဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကုန်မျိုးစုံရောင်းချနေသောလုပ်ငန်းရှင် (၁၅) ဦးတို့အား စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရားများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီး ဝန်ဆောင်မှုများ အကြောင်း ၊  အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူဆောင်ရွက်နေမှုအခြေအနေများ ကိုလည်း ဟောပြောဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)

 

လပွတ္တာမြို့နယ်ရှိ အမှတ်(၂)မူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာများ ဟောပြောပို့ချခြင်း

 (၃.၂.၂၀၂၅) ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေး နှင့်  ခေါင်းဆောင်သောအဖွဲ့သည် လပွတ္တာမြို့နယ်ရှိ အမှတ်(၂)မူလတန်းလွန်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ နှင့် ဆရာ/ဆရာမ (၅၄) ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏ တာဝန်နှင့် ဝတ္တရားများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ် ကြေညာထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများ အကြောင်း ၊  အရေးကြီး ဝန်ဆောင်မှု Online Sale မှတ်ပုံတင် လျှောက်ထားမှု ဆိုင်ရာများ နှင့် အရေးယူ ဆောင်ရွက် နေမှုအခြေအနေများ ကိုလည်း ဟောပြောဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)

ဇီးဖြူကုန်း အ.မ.က ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူအခွင့်အရေး အကြောင်း သိကောင်းစရာဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၇.၂.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဇီးဖြူကုန်းကျေးရွာ အ.မ.က  ကျောင်း၌ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေး နွေးပွဲပြုလုပ်ခဲ့ပါသည်။
            အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့် အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား ကျောင်းသာ/ကျောင်းသူများ သိရှိနားလည်စေရန် ရှင်းလင်းပြောခြင်း၊ စားသုံးသူအခွင့် အရေးနစ်နာမှု ရှိလာပါက Consumer Call Center 1535 သို့ အလွယ်တကူ ဆက်သွယ်မေးမြန်း၍ တိုင်ကြား၍လည်း ရကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
            ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဒေသတွင်းထုတ်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ဒေသတွင်းထုတ်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက်သုတေသန ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား တာဝန်ရှိသူများက လာရောက်ရှင်းလင်းတင်ပြခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးအတွက် အကျိုးရှိစေမည့် စိုက်ပျိုးရေး သုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်လုပ်မှုသုတေသနနှင့် ဈေးကွက်သုတေနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စက်မှုလက်မှုနှင့် ကုန်သည်များအသင်းချုပ်နှင့် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ ဆရာမကြီးများပါဝင်သောအဖွဲ့အား သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါ ကြောင်း၊  သုတေသနလုပ်ငန်းများအား လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက်အသုံးချနိုင်ရန် သုတေသန ပြုလုပ်ပေးခဲ့သည့် သက်ဆိုင်သူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊  တိုင်းဒေ သကြီးနှင့် လူ့ဘောင်အဖွဲ့အစည်းကို အကျိုးပြုမည့် သုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးအတွက် လိုအပ်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သုတေသန လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် စက်မှုလက်မှုနှင့် ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌက  ပုသိမ်တက္ကသိုလ်နှင့် ဧရာဝတီ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်း ဆောင်ရွက် ခဲ့သည့် (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သုတေသန စာတမ်းဖတ်ပွဲတွင် ရရှိခဲ့သည့် ရလာဒ်များ၊ အဏုဇီဝမြေဩဇာထုတ်လုပ်နိုင်မှု၊ ဈေးကွက်သုတေသနဖော်ဆောင်နိုင်မှုကိုလည်းကောင်း၊ ဒေါက်တာနီလာသန်း၊ ပါမောက္ခ(ဌာနမှူး)၊ သတ္တဗေဒဌာနက စပါးခင်းများတွင်ပိုးသတ်ဆေးမသုံးဘဲ ပိုးအချင်းချင်း ထိန်းချုပ်သည့်နည်းလမ်း အသုံးပြု၍ စပါးအထွက်တိုးမှုကို လေ့လာခြင်းလုပ်ငန်း သုတေသနပြုလုပ်မှုကိုလည်းကောင်း၊ ဒေါက်တာစိုးစိုးထွေး၊ ပါမောက္ခ၊ သတ္တဗေဒဌာနက ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် အတွင်းရှိ တီကောင်မျိုးစိတ်များမှ တီကျစ်စာထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဒေါက်တာလှဆန်းရီ၊ ပါမောက္ခ၊ သတ္တဗေဒဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြက်နှင့်ငါးပေါင်းစုမွေးမြူထားသော ငါးမွေးကန် များ၏ ငါးများတွင် ကျရောက်ကပ်ပါး ကောင်များကို မျိုးခွဲရှာဖွေခြင်းနှင့် ၎င်းကပ်ပါးကောင်များကို ကာကွယ်ခြင်း၊ ကုသခြင်းနည်းလမ်းများကို ဖော်ထုတ်ခြင်း သုတေသန သုတေသနလုပ်ငန်း ဆောင်ရွက် မှုအခြေအနေများကိုလည်းကောင်း၊ ဒေါက်တာဇင်မေဦး၊ ပါမောက္ခ၊ ပထဝီဝင်ဌာနက ပုသိမ်မြို့နယ်၏ စပါးထုတ်လုပ်မှုနှင့် ကုန်သွယ်မှုအလား အလာပုံစံကို လေ့လာဆန်းစစ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဒေါက်တာခင်မေချစ်မောင်၊ တွဲဖက်ပါမောက္ခ၊ အဏ္ဏဝါ သိပ္ပံဌာနက ငါးအကြေးခွံကိုအသုံးပြု၍ တန်ဖိုးမြင့် ထုတ်ကုန်များ ဖန်တီးခြင်းနှင့်ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဒေါ်ခိုင်ဇာဝင်း၊ ကထိက၊ စီးပွားရေးပညာဌာနက ဧရာဝတီတိုင်းဒေသကြီးရှိ ရေချိုငါးမွေးမြူ ထုတ်လုပ်မှု၏ ဈေးကွက်ဖြန့်ဖြူး ခြင်းကို လေ့လာခြင်းသုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဒေါက်တာ အိအိခိုင်၊ ပါမောက္ခ၊ ဓာတုဗေဒဌာနက ကောက်ရိုးမှထုတ်ပိုးပစ္စည်းစက္ကူပြုလုပ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ဒေါက်တာဇော်လင်းမောင်၊ ရုက္ခဗေဒဌာနက အဏုဇီဝ မြေဩဇာကို မြေဆီမြေဩဇာထက်သန်စေရန် စိုက်ပျိုးသီးနှံများတွင်အသုံးပြုခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ဒေသတွင်းထုတ်ကုန်ပစ္စည်းများ သုတေသန နှင့် ဈေးကွက်သုတေသနကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကောက်ရိုးမှထုတ်ပိုး ပစ္စည်း စက္ကူပြုလုပ်ခြင်း သုတေသနလုပ်ငန်းမှ ပစ္စည်းနမူနာများကိုကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ