သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့ ကမ်းနားစျေးအတွင်းရှိ စျေးဆိုင်များသို့သွားရောက်၍ ကုန်‌စျေးနှုန်းအခြေအနေများ စုံစမ်းမေးမြန်းခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ နံနက်(၈း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်‌ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့ တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ ကမ်းနားစျေးအတွင်းရှိ စျေးဆိုင်များသို့ သွားရောက်၍ ကုန်စျေးနှုန်း အခြေအနေများနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     မေးမြန်းစုံစမ်းရာတွင် စျေးကွက်အတွင်းရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများ၏ ယခင်စျေးနှုန်းများနှင့် လက်ရှိစျေးနှုန်းများအား စုံစမ်းမေးမြန်းခြင်း၊ စျေးနှုန်းများ မြင့်တက်လာခြင်း များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

“ ကော့မှူးမြို့နယ်တောင်သူများသို့သီးနှံပေါ်ပေးစနစ်ဖြင့်သွင်းအားစုဓာတ်မြေဩဇာများ စာချုပ်ချုပ်ဆိုဖြန့်ဖြူးပေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကျုံးမဝင်သော မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ယူရီးယားကွန်ပေါင်း ဓာတ်မြေဩဇာ သွင်းအားစုများကို စက်တင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စာချုပ်ချုပ်ဆို ဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ဖြန့်ဖြူးပေးခဲ့ရာတွင် ကော့မှူးမြို့နယ်အနေဖြင့် ဓာတ်မြေဩဇာ လက်ခံဖြန့်ဖြူးရေး ကြီးကြပ်မှုအဖွဲ့များအား သက်ဆိုင်သောဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်လျက်ရှိရာ ဓာတ်မြေဩဇာ လက်ခံဖြန့်ဖြူးရေး ကြီးကြပ်မှုအဖွဲ့(၂)မှ အဖွဲ့ခေါင်းဆောင် မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဌာနများမှ မြို့နယ်အဆင့်တာဝန်ရှိသူများသည် ဇရပ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးထားသည့်သီးနှံများ သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိစေရေး Seeder တိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့အတွက် ယူရီးယား(၈၄)အိတ်၊ ကွန်ပေါင်း (၇၁)အိတ် စုစုပေါင်း (၁၅၅)အိတ်အား ကျေးရွာအုပ် စုအတွင်းရှိ မိုးစပါးစိုက် တောင်သူများ၏ စိုက်ပျိုးထားသော စိုက်ဧကများအလိုက် သွင်းအားစု ဓာတ်မြေဩဇာအိတ်များအား သီးနှံပေါ်ပေးစနစ် စာချုပ်ချုပ်ဆို ဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့၊ အမှတ်(၇)၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြော

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြိတ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီ အချိန်တွင် မြိတ်မြို့၊ မြို့သစ်ရပ်ရှိ အမှတ်(၇)၊ အခြေခံပညာအထက်တန်းကျောင်းသို့သွား ရောက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမတို့အား ကျန်းမာရေးဆိုင်ရာဗဟုသုတများနှင့် စားသုံးသူများဘေးအန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

          အသိပညာပေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမျိုးဝင်းက စားသုံးသူ ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များနှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများ အကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး အတွက် လိုက်နာဆောင်ရွက်ရမည့်အချက် များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း နှင့် နစ်နာမှုရှိပါကတိုင်ကြားနိုင်သော နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီး ဌာနက ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေးစစ်ဆေးပေးခြင်နှင့် ရာသီပေါ်ရောဂါများ အကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါအသိပညာပေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမဦးရေ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

 

 

မြိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဒူးရင်းလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဒူးရင်းလုပ်ငန်းရှင်တို့ တွေ့ဆုံ ပြီး ဒူးရင်းအနှစ်ထုတ်ကုန်ထုတ်လုပ်နိုင်ရေး လိုအပ်သောအချက်များနှင့် ကုန်အညွှန်းအမှတ်အသား အကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    ဒူးရင်းအနှစ်ထုတ်ကုန်အနေဖြင့် စားသောက်ကုန်ထောက်ခံချက်ပြုလုပ်ပြီး မြန်မာဘာသာ ဖြင့် ကုန်အမှတ်တံဆိပ်၊ အမျိုးအစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဘေးထွက် ဆိုးကျိုးစသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပြည့်စုံပါက ရုံးသို့လာရောက်လျှောက်ထားနိုင်ကြောင်း လက်ကမ်းစာစောင်များဖြန့်ဝေ၍ ဘေးအန္တရာယ်ကင်းရှင်စွာထုတ်လုပ်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တန‌င်္သာရီ)

 

 

 

 

တနင်္သာရီတိုင်း မြိတ်ခရိုင်သို့ရောက်ရှိလာသော ဆန်လှေများအားကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုရှိ Lucky -7 တံတားနှင့် ကျောက်ဖျာကျေးရွာရှိ OK ဆန်စက်တံတားသို့ ရောက်ရှိလာသော ဆန်လှေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါလှေများသည် ဧရာဝတီတိုင်းတွင် ဆန်များဝယ်ယူ၍ရောက်ရှိလာပြီး မြိတ်မြို့ရှိ Lucky -7 တံတားနှင့် OK ဆန်စက်တံတားတွင် ကမ်းကပ်ခဲ့ကြောင်းသိရှိရပါသည်။ Lucky -7 တံတားတွင် အောင်ရတနာသန်းလှေဖြင့် ဆန်တန် (၁၂၅)တန်နှင့် Mv-သန်းတိုးအောင်လှေဖြင့် ဆန်တန်(၂၀၀)တို့ ရောက်ရှိလာပြီး OK ဆန်စက်တံတားတွင် Mv-ရွေလမင်း(၅)လှေဖြင့် ဆန်တန် (၅၅၀)နှင့် Mv ရွေလက်ဝါးလှေဖြင့် ဆန်တန်(၃၀၀) ရောက်ရှိလာကြောင်း သိရှိရပါသည်။

          DOCA(တန‌င်္သာရီ)

 

 

 

 

 

 

မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တနင်္သာရီတိုင်း)အသင်းအား ဖွဲ့စည်းခြင်းဆောင်ရွက်မှုအား မြိတ်ခရိုင်မှ ပူးပေါင်းဆောင်ရွက်

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်နှင့်အတူ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းစိုက် ပျိုးရေးဦးစီးဌာနတို့မှ မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တနင်္သာ ရီတိုင်း)အသင်းအား ဖွဲ့စည်းနိုင်ရေးအတွက် Zoom Meetingဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုကြီးကြပ်‌ဦးစီးဌာနတို့အပါအဝင် ဒူးရင်း စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများနှင့်အတူ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်း အဝေး ခန်းမတွင် အတူတကွ တက်‌ရောက်၍ မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ (တနင်္သာရီတိုင်း)အသင်းအား ဖွဲ့စည်းခြင်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

    ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(တနင်္သာရီတိုင်း)အသင်းအားဖွဲ့စည်း ဆောင်ရွက်ရာတွင် ဒေသထွက်ကုန်များ ပြည်ပတင်ပို့ရာတွင် လွယ်ကူချော့မွေ့စေရေး၊ အစုအဖွဲ့များ ဖြင့်ဆောင်ရွက်ပါက ပိုမိုတိုးတက်လာပြီး အောင်မြင်စေရန်နှင့် အခွင့်အလမ်းကောင်းများရှိနိုင် ကြောင်းတို့ကိုပြောကြားခဲ့ပြီး စိုက်ပျိုးရေး နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက်ကြိုးစားအား ထုတ်ပြီး အမြို့မြို့၊ အနယ်နယ်မှ အဖွဲ့အစည်းများဖြင့် ဆက်သွယ်မှုအားကောင်းစေရေး ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်များဖြင့် ရွေးချယ်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တန‌င်္သာရီ)

ရွာသစ်ရပ်ကွက် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်(၅.၉.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြံခင်းမြို့ ရွာသစ်ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ် ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။

  ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့်ဆန်များ ဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည် ညွှန်းဈေးထက် ကျော်လွန် ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဒေသထွက် စားသုံးဆန်များအား ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အရည် အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးခဲ့ပါသည်။ ဈေးကွက်အတွင်း ရောင်းချ နေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချလျက်ရှိပြီး ဈေးကစားလို သောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟုသတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

နန်းထိုက်သူ (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၀.၉.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ နန်းထိုက်သူ (ကုန်စုံဆိုင်)သို့ ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ CHAOKOH အမှတ်တံဆိပ်ပါ အုန်းနို့ခရင်မ်/အရည် သည် နို့နှင့်နို့ ထွက်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာ ဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖာ်ပြချက် နှင့် ကြိုတင်သတိပေးချက် တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန် စည်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး) သည် (၁၀..၂၀၂၅) ရက်နေ့ (၁၀:၀၀) အချိန်တွင် မိုးညှင်းမြို့၊ နမီးစုရပ်ကွက်ရှိ ကားဆိုဖာအပိုပစ္စည်း အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များအား မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ အသိပညာပေး  ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊အွန်လိုင်းမှလိမ်လည်မှုပုံစံ(၂) မျိုး၊ အွန်လိုင်း ရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာ ဆောင်ရွက်ရန် ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System ၏ Report နှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများ၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင် ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချခြင်းပြုရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါ သည်။

DOCA(ကချင်)

                                                                                                                                     

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၁၀.၉.၂၀၂၅ ရက်နေ့၊ ၁၁:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ စည်ပင်သာယာဈေးတိုက်တန်းရှိ ဦးဝင်းထွန်း(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စည်သွပ်အစားအစာအမျိုးမျိုးတွင် ပါဝင်သည့် OK အမှတ်တံဆိပ်ပါ ဝက်သားစည်သွပ်ဘူးတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ