သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ် ကလေးဖြည့်စွက်စာ အာဟာရမှုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၈.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ စတိုးဆိုင်နှင့် ဆေးဆိုင်များတွင် ရောင်းချသော ကလေးဖြည့်စွက်စွာ အာဟာရမှုန့်များအား ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး  ကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်း အမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရ မည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် မြို့မဈေးအတွင်းရှိကုန်မျိုးစုံအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၁၀.၂.၂၀၂၅)ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် ဇလွန်မြို့နယ် မြို့မဈေးဈေးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်ဖော်ပြထား မှုရှိ/မရှိ၊ အခြေခံစားသောက်ကုန် ကုန်စည်များအား ဈေးနှုန်းမြှင့် တင်ရောင်းချမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထား သော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့)တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချစေရေး အသိပညာပေး ပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတခရိုင် မြန်အောင်မြို့နယ် စည်ပင်သာယာရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြာပွဲဆောင်ရွက်

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဗောဓိလမ်း၊ စည်ပင်ရုံး၌ ဒေသအတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသောက်ကုန်များ ဘေးအန္တရာယ်ကင်း ရှင်းစေရေးအတွက် ထုတ်လုပ်သူ၊ တင်သွင်းသူ၊ ဖြန့်ဖြူးရောင်းချသူများဖြစ်သည့် စီးပွားရေးလုပ်ငန်း ရှင်များမှ ကျင့်ဝတ်သိက္ခာရှိပြီး စားသုံးသူအကျိုးအတွက် အလေးထားသည့်သူများဖြစ်စေရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေဖော်ပြချက်ပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များကို လိုက်နာကျင့်သုံး နိုင်စေရန်ရည်ရွယ်၍ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုး စီးပွားများကို ကာကွယ်နိုင်ရန်အတွက် ဥပဒေ စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်ကာလများက စားသုံးသူများသည် မိမိတို့၏အခွင့်အရေး နှင့်အကျိုးစီးပွားများကို တောင်းဆိုရကောင်းမှန်းမသိရှိကြဘဲ သင့်တင့်မျှတသည့် အခွင့်အရေးများ ကိုဆုံးရှုံးခဲ့ကြပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ မိမိတို့၏အကျိုးစီးပွားကိုသာ ကြည့်ရှုရောင်းချ သူများမဖြစ်ကြစေရန်နှင့် စီးပွားရေးဆိုင်ရာကျင့်ဝတ်များ စောင့်ထိန်းပြီး စားသုံးသူအတွက် ထိခိုက် နစ်နာမှုမရှိစေရေး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စားသုံးသူပြည်သူများမှလည်း အစား အသောက်၊ ကုန်စည်၊ဝန်ဆောင်မှုများကို အလွယ်တကူဝယ်ယူစားသောက်သုံးစွဲလာကြသဖြင့် စီးပွား ရေးလုပ်ငန်းရှင်များကလည်း လူတို့၏လိုအပ်ချက်နှင့်အညီ အလွယ်တကူအသင့် စားသောက် အသုံးပြု နိုင်သည့်ကုန်စည်၊ ဝန်ဆောင်မှုများကို ထုတ်လုပ်လာကြပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် မိမိတို့ ထုတ်လုပ်သည့်ကုန်စည် များ၏သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြရန် လိုအပ်ပြီး စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပုဒ်မ(၄၁)တွင်ပါရှိသည့် ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းဆိုင်ရာ အချက်များ နှင့်စပ်လျဉ်းပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်ကိုက်ညီစွာ ဖော်ပြရမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်(၁၁)ချက်ကိုလည်း အသေးစိတ် ဆွေးနွေးဟောပြောခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဇလွန်မြို့နယ်တာဝန်ခံမှ ပဲ၊နှမ်းလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးမှု

          စားသုံးသူရေးရာဦးစီးဌာန ၊ ဇလွန်မြို့နယ်တာဝန်ခံမှ ( ၁၁ - ၂ - ၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၁:၀၀)နာရီတွင် ပဲနှမ်းလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဒေါ်မြင့်မြင့်စန်းနှင့် သွားရောက် တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးချက်များအရ ဇလွန်မြို့နယ်အနေဖြင့် မတ်ပဲသစ်များ စတင်ပေါ်ထွက်လာ သောကြောင့် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်နိုင်ရေးကို အသင်းသားအားလုံးနှင့် ကုန်စည် ဒိုင်တွင်တွေ့ဆုံကာ ဆွေးနွေးပြီး ဖေဖော်ဝါရီလဝက်မှစ၍ အရောင်းအဝယ်ကို စတင်မည်ဖြစ်ကြောင်း ၊ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ပြုလုပ်ရာတွင် မတ်ပဲဈေးကောင်းသောကြောင့် တောင်သူ၊ပွဲစား များမှာ မတ်ပဲများကို အရည်အသွေးကောင်းမွန်စေရန် သန့်စင်ပြီး ရောင်းချမှသာ အသင်းသားများ အားလုံး ဝယ်ယူကြမည်ဖြစ်ပြီး ဈေးနှုန်းမှန်ကန်ရေး၊အရည်အသွေး မှန်ကန်ရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကောင်းမွန်သော ကုန်စည်ဒိုင်တစ်ခုဖြစ်ပေါ်စေရေးအတွက် အသင်းသားများ စိတ်တူကိုယ်တူဖြင့် ပါဝင်ရန် လိုအပ်ပြီး လိုအပ်ချက်များရှိပါကလည်း သက်ဆိုင်ရာ ဌာန၊အဖွဲ့အစည်းများမှ ကူညီဆောင်ရွက်မှုများ ပြုလုပ်နိုင်ပါရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်၊ ဒူးယားလမ်း ပဲ၊ နှမ်းအသင်းကုန်စည်ဒိုင်၌ ပဲ၊နှမ်းလုပ်ငန်းရှင်များအား ဟောပြောပွဲဆောင်ရွက်

ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့  နေ့လည် ၁၂:၀၀ နာရီအချိန်တွင် လမ်းမတော်(မ)ရပ် ကွက်၊ ဒူးယားလမ်း ပဲ၊ နှမ်းအသင်း ကုန်စည်ဒိုင်၌ ပဲ၊ နှန်းလုပ်ငန်းရှင် (၇)ဦးအား စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးသန့်ဇင်ဦးနှင့် ဝန်ထမ်းများသည် ပဲ၊ နှမ်း လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉) ၊ ပုဒ်မ ၁၉ တွင်ဖော်ပြထားသည့် စား သုံးသူအခွင့်အရေး ၈ချက်အား အသေးစိတ်ဆွေးနွေးဟောပြောခဲ့ပြီး၊ စားသုံးသူများတွင် အခွင့်အရေး များရှိသကဲ့သို့ လိုက်နာဆောင်ရွက်ရမည့် တာဝန်များလည်းရှိကြောင်း ၎င်းတာဝန်များကို ပုဒ်မ ၂၀ တွင်ဖော်ပြထားကြောင်းနှင့် အခန်း(၁၀) ပုဒ်မ (၂၁)တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ ၏တာဝန် ၁၁ ချက်အား ဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူများဘက်မှလည်း လိုက်နာရမည့်တာဝန် များကို အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း လိုက်နာရမည့် တာဝန်များအား အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ ပြီး အစည်းအဝေးအား နေ့လည် ၁၃:၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

ကန့်ဘလူမြို့နယ်တွင် ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စစစနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် ကလေးသေးခံဘောင်ဘီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်း ရှင်များအနေဖြင့် ကုန်စည်များကို အွန်လိုင်းစနစ်ဖြင့်ရောင်းချမည်ဆိုပါက မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ ရောင်းချခွင့်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ ရောင်းချပါကဥပဒေ အရအရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ ပေါ်ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား  မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ၊ မြို့နယ် ရဲတပ်ဖွဲ့ စခန်း ၊ မြိုနယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအားကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်မှစီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေအရ အရေးယူ ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့် အသေးစိတ် စိစစ်ချက်များအတိုင်း ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရပြီး၊ ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး ဆေးပြတ်လတ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင် တင်သွင်းလာသော ဆေးဝါးများ၊ စံမညီ ဆေးဝါးများ၊ ဆေးဝါးအတုများ၊ စပ်ဆေးများ ၊ သက်တမ်းလွန် ဆေးဝါးများ နှင့် လိုင်စင်မဲ့ ဆေးဝါးများ ကိုလည်း ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြင့်ဝေပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

            စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဖေဖော်ဝါရီ လ ၅ ရက် နံနက် (၁၃:၀၀) နာရီအချိန်က မုံရွာမြို့၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထန်းသိမ်းရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

           အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက   တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ် လုပ်မှုနည်းပညာ သင်တန်းသား /သူများအား အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကား ပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန် များပြောကြားခဲ့ပြီးစားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များ ထုတ်လုပ်သင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင် သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများ အပေါ်ဌာနမှဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံ တင်ခြင်း အကြောင်းများကို သိပညာ ပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာသည့် ဝန်ထမ်းများ စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ အကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ သိလိုသည့် မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆပ်ပြာမှုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

(၁၀.၂.၂၀၂၅)ရက်နေ့ နံနက်(၉:၅၀)အချိန်တွင် လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးတာဝန်ခံ ပူးပေါင်းပါဝင်လျက် မြို့မဈေး အတွင်းရှိ ကုန်စုံဆိုင်များ တွင် ဆပ်ပြာမှုန့်ရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာတွင် ဆပ်ပြာမှုန့်အမျိုးမျိုးတွင် မြန်မာစာကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ဦးစားပေးကုန်စည်ဖြစ်သည့် ကုန်စည်(၁၀)မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ထုတ်ပြန်ထားသဖြင့် ဆပ်ပြာမှုန့် အမျိုးမျိုးပါဝင်သောကြောင့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ရောင်းချမည့်ကုန်စည်မှာ မြန်မာလိုကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လွယ်ကူအဆင်ပြေစေရန် ထုတ်ပြန် ထားသည့်အတိုင်း ကိုက်ညီသောကုန်စည်များကိုသာ လုပ်ငန်းရှင်များက ရောင်းချရန် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆပ်ပြာမှုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/မရှိစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၀.၂.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၅၀)အချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ဆပ်ပြာမှုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးတာဝန်ခံ ပူးပေါင်းပါဝင်လျက် ကုန်မျိုးစုံဆိုင်များဖြစ်သော ဦးကျော်ကျော်ထူး၊ ဦးခင်ဝင်း၊ ဒေါ်မိမိခိုင်၊ ဒေါ်ခိုင်စိမ့်စိမ့်ဖြိုးဆိုင်များတွင် ဆပ်ပြာမှုန့် အမျိုးအစား (၄)မျိုးကိုရောင်းချလျက်ရှိပြီး ဆပ်ပြာမှုန့်အားလုံးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်း ထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပြီး ဆိုင်ရှင်များအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိသော ကုန်စည်များကိုသာ စားသုံးသူပြည်သူများလက်ဝယ် အရောက်ဘေးကင်းလုံခြုံစွာ ဖြန့်ဖြူးရောင်းချရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့် အချက်များကိုလည်း လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ