သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် (၁၀.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၃၀)အချိန်တွင် အနောက်ပိုင်းရပ်ကွက်မြို့မ ဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်(၄)ဆိုင် ပန်းတနော်ဘုရင်နောင်လမ်းမပေါ်ရှိ စတိုးဆိုင်(၄)ဆိုင်တို့အား  စားသုံးသူရေး ရာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဦးစားပေးကုန်စည် ထုတ်ပြန်ထားပြီး ၎င်းကုန်စည်များထဲမှ အမှတ်စဉ်(၉) ကလေး အာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးဇော်မင်းနှင့် ဝန်ထမ်းများ သက်ဆိုင်ရာအဖွဲ့ဝင်များသည် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) မြန်မာဘာသာဖြင့် ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော စာလုံးအရွယ်အစားများ ကြည်ရှုစစ်ဆေးခြင်း၊ ကလေးအဟာရ ဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာန၏ ခွင့်ပြုချက်၊ ထောက်ခံချက်အမှတ်ပါဝင်မှု ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ် ဖြစ်စေနိုင်သော ဖြည့်စွက်စာ များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန် ကုန်စည်များ ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး စစ်ဆေးခဲ့သော ကုန်မျိုးစုံ အရောင်းဆိုင်မှ ဖြည့်စွပ်စာ များသည် သတ်မှတ်ချက် အတိုင်းကိုက်ညီမှု ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာန၊  တို့ပါဝင်ကြပြီး ကုန်စုံဆိုင်၌ ရောင်းချနေသော ဆိုင်ရှင်များကို ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့် ဖြည့်စွက် စာများကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် ကို အသိပညာပေး ပြောကြားခဲ့ ကြောင်းသိရသည်။

DOCA (ဧရာဝတီ)

ကလေးအဟာရ ဖြည့်စွပ်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိ သူများနှင့် ပူးပေါင်း၍ ၁၁.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ  (၈)လမ်းမှ လင်းတာရာ စတိုး၊ ကျောင်းလမ်းမှ နန်းထိုက်အောင် စတိုး၊ ရေလဲလမ်းမပေါ်ရှိ တော်ဝင်သူစတိုး၊ မင်းလမ်းမ ရှိ အာဂျီးမားစတိုး၊ ရေလဲလမ်းရှိ GoodChoice စတိုး စသော မုန်မျိုးစုံနှင့်  ကလေး အာဟာရ ဖြည့်စွက် စာအမျိုးမျိုး အရောင်းဆိုင် (၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     စစ်ဆေးခဲ့သော အရောင်းဆိုင် (၅)ဆိုင်တွင် ဖြန့်ဖြူးရောင်းချနေသော  ကလေးအာဟာရ ဖြည့်စွက် စာအမျိုးမျိုးနှင့် စပ်လျဉ်း၍ ကလေးဖြည့်စွက်အာဟာရ မှုန့်ဘူးများတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ် ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း စစ်ဆေး တွေ့ရှိ ရပါသည်။ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးနှင့် စစ်ဆေးရေးအဖွဲ့ဝင်တို့သည် ဆိုင်ပိုင်ရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)အရ မြန်မာဘာသာ ဖြင့် ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ကုန်အညွှန်း အမှတ် အသား ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ ရောင်းချရန် နှင့် မှာယူရောင်းချသော ကလေး အဟာရဖြည့်စွပ်စာအမျိုးမျိုးသည် သက်ဆိုင်ရာထောက်ခံချက်များပါသော၊ ကုန်အညွှန်း အမှတ် အသား ပါဝင်သော တရားဝင်ခွင့်ပြုကုန်စည်များ ရောင်းချဖြန့်ဖြူးသူ ကုမ္ပဏီများ ထံမှသာ ဝယ်ယူရောင်း ချရန်ကိုလည်းကောင်း  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

နေကြာစိုက်ပျိုး တောင်သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဆီထွက်သီးနှံ မျိုးသန့်ရရှိနိုင်ရေး ရှင်းလင်း ဆွေးနွေး

မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၀.၂.၂၀၂၅ ရက်နေ့က ချောင်းစောက်ကျေးရွာအုပ်စု၊ နေကြာစိုက်ပျိုးသူ လုပ်ငန်းရှင် (၁၃)ဦးအား စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် နှင့် ဆီထွက်သီးနှံ အထွက်တိုးစေရေးကို အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြသည်။

ရှင်းလင်းဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်ကိစ္စရပ် ကိုရှင်းလင်း ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ ကိုရှင်းလင်းခြင်း၊ နေကြာစိုက်ပျိုးရာတွင် လိုအပ်၍ သုံးစွဲရန် မြေဩဇာများ ဝယ်ယူအသုံးပြု သည့်အခါ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်နှင့် စပ်လျဉ်း၍ ကုန်စည်အုပ်စုအလိုက် မြန်မာစာဖြင့် ရေးသာဖော်ပြသော ကုန်စည်လမ်း ညွှန်ချက်များအတိုင်း လိုက်နာသုံးစွဲ ရွေးချယ် ဝယ်ယူရန်အတွက် သတိပြုသင့်သည့်အချက်များ အကြောင်းကို လုပ်ငန်းရှင်များ အား ရှင်လင်းရှင်းလင်းခြင်း၊ ဆီထွက်သီ’နှံ နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ မိုးနှောင်းရာသီများတွင် စိုက်ပျိုးသောနေကြာများကို မျိုးသန့်ပွားများရေးလုပ်ငန်းကို ကြိုတင်လေ့လာ ဆောင်ရွက်နိုင်ရန်၊  နေကြာသီးနှံ မျိုးစေ့ထုတ်လုပ်ငန်းကို ဌာနပိုင်ခြံများတွင် မျိုးသန့်မျိုးပွားမှုလုပ်ငန်း အဆင့်အလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လေ့လာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နေကြာမျိုးစေ့ ဖူလုံရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းနှင့် ဆီစက်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်မှသာ ဘေးအန္တရာယ်ကင်းပြီး ဆီဖူလုံစွာဖြင့် ဈေးကွက်ရရှိနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်နှင့် ပြည်တွင်းဒေသစိုက်ပျိုး သီးနှံ ဈေးကွက် ဈေးနှုန်း အခြေအနေများကို လေ့လာသိရှိလိုပါက  အလွယ်တကူဆက်သွဘ်လို့ရသည့် နံပတ် တစ်ခုဖြစ်သော Consumer Call  Center 1535 ကို ဆက်သွယ်၍ မေးမြန်းဆောင်ရွက် လို့ရသည့်အကြောင်းကို လုပ်ငန်းရှင်များအား အသိပေးပြော ကြားခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

တာပါတ်အရှေ့ ကုန်မျိုးစုံ လုပ်ငန်းရှင်များအား လုပ်ငန်းရှင် အသိပညာပေး ဟောပြော ဆွေးနွေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် ၁၀.၂.၂၀၂၅ ရက်နေ့က စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မအူပင်မြို့ တာပါတ်အရှေ့ ကျေးရွာ ဓမ္မာရုံတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင် (၁၂)ဦးနှင့်တွေ့ဆုံ၍  လုပ်ငန်းရှင်အသိပညာပေးခြင်း ဟောပြော ဆွေးနွေးခဲ့ကြသည်။

     အဆိုပါဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်အကြောင်း ကိုလည်းကောင်း ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ကုန်စည်အုပ်စု အလိုက် သတ်မှတ်ချက်များအတိုင်း ဖော်ပြပါဝင်သော ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းချရန်၊ ဈေးကွက်ဖြန့်ချီသည့်အခါ ဌာနဆိုင်ရာများ သတ်မှတ်ချက်အတိုင်းလိုက်နာ ဆောင်ရွက် သည့် ဘေးအန္တရာယ်ကင်းစွာ ထုတ်လုပ်ဖြန့်ချီတင်သွင်းရောင်းချရန်၊  စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် စီးပွားရေးလုပ်ငန်းရှင် သိကောင်းစရာများနှင့် ပတ်သက်၍ အသေးစိတ်ရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းရှင်တို့ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များကို ဂရုပြုလိုက်နာဆောင်ရွက်ရန်တို့ကို လုပ်ငန်းရှင်များသိရှိနိုင်စေရန် အသိပညာပေးခဲ့ကြောင်း သိရပါ သည်။

 

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် ကလေးဖြည့်စွက်စာ အာဟာရမှုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၈.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ စတိုးဆိုင်နှင့် ဆေးဆိုင်များတွင် ရောင်းချသော ကလေးဖြည့်စွက်စွာ အာဟာရမှုန့်များအား ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး  ကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်း အမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရ မည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် မြို့မဈေးအတွင်းရှိကုန်မျိုးစုံအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၁၀.၂.၂၀၂၅)ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် ဇလွန်မြို့နယ် မြို့မဈေးဈေးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်ဖော်ပြထား မှုရှိ/မရှိ၊ အခြေခံစားသောက်ကုန် ကုန်စည်များအား ဈေးနှုန်းမြှင့် တင်ရောင်းချမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထား သော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့)တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချစေရေး အသိပညာပေး ပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတခရိုင် မြန်အောင်မြို့နယ် စည်ပင်သာယာရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြာပွဲဆောင်ရွက်

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဗောဓိလမ်း၊ စည်ပင်ရုံး၌ ဒေသအတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသောက်ကုန်များ ဘေးအန္တရာယ်ကင်း ရှင်းစေရေးအတွက် ထုတ်လုပ်သူ၊ တင်သွင်းသူ၊ ဖြန့်ဖြူးရောင်းချသူများဖြစ်သည့် စီးပွားရေးလုပ်ငန်း ရှင်များမှ ကျင့်ဝတ်သိက္ခာရှိပြီး စားသုံးသူအကျိုးအတွက် အလေးထားသည့်သူများဖြစ်စေရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေဖော်ပြချက်ပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များကို လိုက်နာကျင့်သုံး နိုင်စေရန်ရည်ရွယ်၍ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုး စီးပွားများကို ကာကွယ်နိုင်ရန်အတွက် ဥပဒေ စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်ကာလများက စားသုံးသူများသည် မိမိတို့၏အခွင့်အရေး နှင့်အကျိုးစီးပွားများကို တောင်းဆိုရကောင်းမှန်းမသိရှိကြဘဲ သင့်တင့်မျှတသည့် အခွင့်အရေးများ ကိုဆုံးရှုံးခဲ့ကြပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ မိမိတို့၏အကျိုးစီးပွားကိုသာ ကြည့်ရှုရောင်းချ သူများမဖြစ်ကြစေရန်နှင့် စီးပွားရေးဆိုင်ရာကျင့်ဝတ်များ စောင့်ထိန်းပြီး စားသုံးသူအတွက် ထိခိုက် နစ်နာမှုမရှိစေရေး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စားသုံးသူပြည်သူများမှလည်း အစား အသောက်၊ ကုန်စည်၊ဝန်ဆောင်မှုများကို အလွယ်တကူဝယ်ယူစားသောက်သုံးစွဲလာကြသဖြင့် စီးပွား ရေးလုပ်ငန်းရှင်များကလည်း လူတို့၏လိုအပ်ချက်နှင့်အညီ အလွယ်တကူအသင့် စားသောက် အသုံးပြု နိုင်သည့်ကုန်စည်၊ ဝန်ဆောင်မှုများကို ထုတ်လုပ်လာကြပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် မိမိတို့ ထုတ်လုပ်သည့်ကုန်စည် များ၏သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြရန် လိုအပ်ပြီး စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပုဒ်မ(၄၁)တွင်ပါရှိသည့် ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းဆိုင်ရာ အချက်များ နှင့်စပ်လျဉ်းပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်ကိုက်ညီစွာ ဖော်ပြရမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်(၁၁)ချက်ကိုလည်း အသေးစိတ် ဆွေးနွေးဟောပြောခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဇလွန်မြို့နယ်တာဝန်ခံမှ ပဲ၊နှမ်းလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးမှု

          စားသုံးသူရေးရာဦးစီးဌာန ၊ ဇလွန်မြို့နယ်တာဝန်ခံမှ ( ၁၁ - ၂ - ၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၁:၀၀)နာရီတွင် ပဲနှမ်းလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဒေါ်မြင့်မြင့်စန်းနှင့် သွားရောက် တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးချက်များအရ ဇလွန်မြို့နယ်အနေဖြင့် မတ်ပဲသစ်များ စတင်ပေါ်ထွက်လာ သောကြောင့် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ပြုလုပ်နိုင်ရေးကို အသင်းသားအားလုံးနှင့် ကုန်စည် ဒိုင်တွင်တွေ့ဆုံကာ ဆွေးနွေးပြီး ဖေဖော်ဝါရီလဝက်မှစ၍ အရောင်းအဝယ်ကို စတင်မည်ဖြစ်ကြောင်း ၊ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ပြုလုပ်ရာတွင် မတ်ပဲဈေးကောင်းသောကြောင့် တောင်သူ၊ပွဲစား များမှာ မတ်ပဲများကို အရည်အသွေးကောင်းမွန်စေရန် သန့်စင်ပြီး ရောင်းချမှသာ အသင်းသားများ အားလုံး ဝယ်ယူကြမည်ဖြစ်ပြီး ဈေးနှုန်းမှန်ကန်ရေး၊အရည်အသွေး မှန်ကန်ရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကောင်းမွန်သော ကုန်စည်ဒိုင်တစ်ခုဖြစ်ပေါ်စေရေးအတွက် အသင်းသားများ စိတ်တူကိုယ်တူဖြင့် ပါဝင်ရန် လိုအပ်ပြီး လိုအပ်ချက်များရှိပါကလည်း သက်ဆိုင်ရာ ဌာန၊အဖွဲ့အစည်းများမှ ကူညီဆောင်ရွက်မှုများ ပြုလုပ်နိုင်ပါရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်၊ ဒူးယားလမ်း ပဲ၊ နှမ်းအသင်းကုန်စည်ဒိုင်၌ ပဲ၊နှမ်းလုပ်ငန်းရှင်များအား ဟောပြောပွဲဆောင်ရွက်

ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့  နေ့လည် ၁၂:၀၀ နာရီအချိန်တွင် လမ်းမတော်(မ)ရပ် ကွက်၊ ဒူးယားလမ်း ပဲ၊ နှမ်းအသင်း ကုန်စည်ဒိုင်၌ ပဲ၊ နှန်းလုပ်ငန်းရှင် (၇)ဦးအား စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးသန့်ဇင်ဦးနှင့် ဝန်ထမ်းများသည် ပဲ၊ နှမ်း လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉) ၊ ပုဒ်မ ၁၉ တွင်ဖော်ပြထားသည့် စား သုံးသူအခွင့်အရေး ၈ချက်အား အသေးစိတ်ဆွေးနွေးဟောပြောခဲ့ပြီး၊ စားသုံးသူများတွင် အခွင့်အရေး များရှိသကဲ့သို့ လိုက်နာဆောင်ရွက်ရမည့် တာဝန်များလည်းရှိကြောင်း ၎င်းတာဝန်များကို ပုဒ်မ ၂၀ တွင်ဖော်ပြထားကြောင်းနှင့် အခန်း(၁၀) ပုဒ်မ (၂၁)တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ ၏တာဝန် ၁၁ ချက်အား ဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူများဘက်မှလည်း လိုက်နာရမည့်တာဝန် များကို အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း လိုက်နာရမည့် တာဝန်များအား အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ ပြီး အစည်းအဝေးအား နေ့လည် ၁၃:၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

ကန့်ဘလူမြို့နယ်တွင် ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စစစနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် ကလေးသေးခံဘောင်ဘီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်း ရှင်များအနေဖြင့် ကုန်စည်များကို အွန်လိုင်းစနစ်ဖြင့်ရောင်းချမည်ဆိုပါက မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ ရောင်းချခွင့်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ ရောင်းချပါကဥပဒေ အရအရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ