ပခုက္ကူမြို့၊ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံ ဒေါ်တင်တင်မော် နှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားရေးကိုကာကွယ်ရန်အတွက် ရည်ရွယ်၍ (၂.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်()အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ()ဦး၊ ကျောင်းသား/သူ (၂၂၀) ဦး၊ စုစုပေါင်း(၂၂၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့် အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း ကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံ ဒေါ်တင်တင်မော်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်းသည့်အကြောင်းအရာကို လည်းကောင်း၊ သတင်း/နည်းဌာနခွဲတာဝန်ခံ ဒေါ်သူဇာကျော်က စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း(၁၉)ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းကိုလည်း ကောင်း ဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)