သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူ စက်သုံးဆီဆိုင်များအား ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် မြို့ပေါ်ရှိ စက်သုံးဆီများ ရောင်းချနေသော ဓါတ်ဆီဆိုင်များအား ၂-၉-၂၀၂၅ ရက်နေ့ နေ့လည် ၃နာရီအချိန်က  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထို့သို့ စစ်ဆေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊  မီးသတ်ဦးစီးဌာနမှ  တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်- ဟင်္သတ္တ ကားလမ်းဘေးရှိ DENCO  စက်သုံးဆီဆိုင်နှင့် ထွန်း စက်သုံးဆီဆိုင်၊ ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်များတို့တွင် စက်သုံးဆီရောင်းဝယ်မှုနှင့် ပတ်သတ်၍ မေးမြန်းခြင်း၊ စက်သုံးဆီ အရည်အသွေးပြည့်မီမှုရှိ မရှိ စစ်ဆေးခြင်း၊ စက်သုံးဆီရောင်းချရာတွင် အချိန်တွယ်ပြည့်မပြည့် စစ်ဆေးခြင်း၊ ဆီနမူနာများ ရယူစစ်ဆေးပြီး မှတ်တမ်းဓာတ်ပုံရိုက်ခြင်း၊ မီးသတ်ဆေးဘူး ထားရှိမှုရှိ မရှိ၊ စက်သုံးဆီများအား ရောင်းဝယ်ရာတွင် စနစ်တကျ ဆီသိုလှောင်ကန်ထားမှုရှိ မရှိတို့ကို စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် အခြေခံစားကုန်ဖြစ်သော ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ ဈေးနှုန်း စာရင်းများ ကွင်းဆင်း မေးမြန်းစစ်ဆေး

  အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန် ပစ္စည်းဈေး နှုန်း များ တည်ငြိမ်မှု ရှိမရှိကို ခရိုင်ဦးစီးမှူးရုံးသို့ အပါတ်စဉ် သုံးသပ်တင်ပြနိုင်ရန်အတွက် ဓနုဖြူမြို့နယ်အတွင်း အခြေခံ စားသောက်ကုန်စုံဆိုင်ကြီးများအား ကွင်းဆင်းစုံစမ်း မေးမြန်းခြင်းလုပ်ငန်းကို ၃-၉-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်က ဓနုဖြူ မြို့မဈေး နှင့် ဇကာကြီးဈေးအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

   ကွင်းဆင်းဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှုးရုံးမှ ခိုင်လွမ်းမိုး အကြီးတန်းစာရေးက ဈေးအတွင်း ရောင်းချနေသော လုပ်ငန်းရှင်များကို ဆွေးနွေးရာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်ရာ၌ စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် မြေပြင်အခြေ အနေ အမှန်ကို ကွင်းဆင်းခြင်း ဖြစ်ကြောင်း၊ ဆန်၊ ကြက်သွန်ဈေး၊ အခြားသော စားသောက် ကုန်ခြောက် အမျိုးမျိုး၏ ဈေးနှုန်းများ၊ သား၊ ငါး၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်ဈေးနှုန်းများ စာရင်းကောက်ယူမေးမြန်းခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းလေ့လာဆောင်ရွက်ခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး မအူပင်မြို့နယ်မှ တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မြို့မဈေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးနှင့် ကမ်းနားလမ်းရှိ အခြေခံစားသောက်ကုန် ရောင်းချနေသော ဆိုင်ကြီးများမှ ရောင်းချနေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ကွင်းဆင်း၍ မေးမြန်းစုံစမ်းခြင်းလုပ်ငန်းကို ၃-၉-၂၀၂၅ ရက်နေ့ နေ့လည် ၂နာရီအချိန်က တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အပါတ်စဉ် ကုန်ဈေးနှုန်း သုံးသပ်တင်ပြနိုင်ရန် အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

   ကွင်းဆင်းဆောင်ရွက်ရာတွင် မအူပင်ခရီုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် အခြေခံ စားသောက်ကုန်များဖြစ်သည် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ခြောက်၊ငရုတ်အပွ၊ ကုလားပဲ၊ ဆီ၊ ဆား၊ ဂျင်း၊ အသားဈေးနှုန်းများ၊ ငါးဈေးနှုန်းများ၊ သစ်သီးဝလံဈေးနှုန်းများ၊ ဟင်းသီးဟင်းရွက် ဈေးနှုန်းများ ဈေးနှုန်းသုံသပ်ချက်စာရင်း စိစစ်တင်ပြနိုင်ရန်၊ ကွင်းဆင်းကောက်ခံခဲ့ကြပြီး ရောင်းချသူလုပ်ငန်းရှင်များကို ဈေးနှုန်းမြင့်တင်၍ ရောင်းချခြင်းများ မပြုရန်နှင့် သင့်တင့်မျှတသော ဈေးဖြင့် ရောင်းချရန်၊ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးဝါးရောင်းချသောဆိုင်များအား အသိပညာပေးဟောပြောပွဲ အခမ်းအနားပြုလုပ်ခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၄.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးဝါးရောင်းချသောဆိုင်များအား အသိပညာပေးဟောပြောပွဲ အခမ်းအနားပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ငပုတောမြို့နယ်ရှိ ဆေးရုံအုပ်ကြီးမှ အဖွင့်အမှာစကား ပြောကြားကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ပုသိမ်မြို့ရှိ အစားအသောက်နှင့်ဆေးဝါးကွက်ကဲ ရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဆေးဝါဥပဒေများအကြောင်း အသေးစိတ် ဆွေးနွေးပြီး FDA မှတာဝန်ရှိ သူတစ်ဦးကလည်း ဆေးဆိုင်များလိုင်စင်လျှောက်ထားရန်နှင့် လိုင်စင်ပါ စည်းကမ်းချက်များအား တိကျစွာ လိုက်နာနိုင်ရန် အသေးစိတ်ရှင်းလင်းပြောကြားပြီး ဟောပြေပွဲကို နေ့လည် (၁၂:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ ပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတက်ရောက်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ ပြုလုပ်သော ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ပုသိမ်ခရိုင် ငပုတောမြို့နယ်မှ တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများ သည် (၃.၉.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် Zoom Meeting ဖြင့် ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ အခမ်းအနားကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဟောပြောရာတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားပြီး ဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍လည်းကောင်း ဝန်ထမ်းတိုင်း ဝန်ထမ်းကျင်ဝတ်အပါး(၃၀) မြဲနေစေရန် လည်းကောင်းပြောကြားခဲ့ပါသည်။ ရုံးချုပ်စီမံရေးရာဌာနခွဲမှ ၈/၂၀၂၅၏အစည်းအဝေးတင်ပြချက်များအား ဖတ်ကြားပြီး ၉/၂၀၂၅၏ အစည်းအဝေးအကြိုတင်ပြချက်ကိုလည်း ဖတ်ကြားတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းနှင့်ပြည်နယ်များ ဖြစ်ကြသော ဦးစွာကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ နေပြည်တော် အစရှိသည့်တိုင်းနှင့်ပြည်နယ် အသီးသီးမှလိုအပ်သည်များကို ဆွေးနွေး တင်ပြခဲ့ကြပါသည်။  ဌာနခွဲခေါင်းဆောင်များအလိုက်ဆုံးဖြတ်ချက်များ အတည်ပြုဆောင်ရွက်ရမည့် လုပ်ဆောင် ချက်များကို မှတ်တမ်းတင်ဆောင်ရွက်ရန် ဌာနခွဲတာဝန်ခံများက တင်ပြလာသော ဆုံးဖြတ်ချက်များအား ပြန်လည်သုံးသပ်၍ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာကားပြောကြားကာ   နေပြည်တော်ရုံးချုပ်မှ ပြုလုပ် သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို နံနက် (၁၁:၅၀) အချိန်တွင်  ရုတ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်သို့ ပုသိမ်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် Aung Oo Thar Co..,Ltd မှ ငပုတောမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ စားအုန်းဆီ (၄)ပေပါ ပိဿာချိန် (၄၄၀)ပိဿာအား ငပုတောမြို့သို့ ရောက်ရှိလာခဲ့ပါသည်။

          အဆိုပါစားအုန်းဆီများကို ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များထံမှ သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးတွင် ကုန်မျိုးစုံရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၃.၉.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ငပုတောမြို့နယ် မြို့မဈေးတွင် ကုန်မျိုးစုံရောင်းချနေသောဆိုင်များအား စွန်ညီနောင်အမှတ်တံဆိပ် ခေါက်ဆွဲတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ မြို့မဈေးရှိ ကုန်မျိုးစုံ ရောင်းချနေသော ဒေါ်ခင်မာအေးကုန်စုံဆိုင်နှင့် ဒေါ်လှလှမြင့် ကုန်စုံဆိုင်တို့တွင် ရောင်းချနေသော စွန်ညီနောင်ခေါက်ဆွဲခြောက်ထုတ်များအား ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့် ခေါက်ဆွဲခြောက်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးတက်ရောက်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ (၃.၉.၂၀၂၅)ရက်နေ့ နေ့လည် (၁:၃၀) အချိန် တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

    ထိုအစည်းအဝေးပွဲ၌ တော်သလင်းလဆန်း(၁၄)ရက်နေ့ အဖိတ်နေ့တွင် ငပုတောမြို့ရှိ မြို့လုံးကျွတ် သံဃာအပါး (၁၈၀)ခန့်အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်နိုင်ရန်နှင့် ၂၀၂၅ခုနှစ် ရွေးကောက်ပွဲ ကို အောင်မြင်စွာကျင်းပနိုင်ရေး လမ်းညွှန်မှာကြားပြီး လုပ်ငန်းဌာနအသီးသီး၏ လုပ်ငန်း ဆောင်ရွက်ချက်များအား မေးမြန်းရှင်းလင်းခြင်း၊ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်း အမှိုက်သိမ်း” ဟူသောဆောင်ပုဒ်နှင့်အညီ မိမိရုံးဌာန အဆောက်အဦး သန့်ရှင်းဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ကြောင်း လိုအပ်သည်များကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ မိဘမေတ္တာ စက်သုံးဆီဆိုင် ကွင်းဆင်းစစ်ဆေးခြင်း

    ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးသည် ဧရာဝတီ တိုင်းဒေသကြီး မြန်မာ့ရေနံထွက် ကုန်ပစ္စည်းရောင်းဝယ်ရေးမှ တာဝန်ရှိသူများနှင့် စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ လှေကြီးတက် ကျေးရွာရှိ မိဘမေတ္တာစက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ဓာတ်ဆီဈေးနှုူန်း၊ ဒီဇယ်ဈေးနှုူန်း မှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်း၊ သတ်မှတ်အလေးချိန်နှင့် ရောင်းချခြင်းရှိ/မရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် ငဝန်ကြိုကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာရှိ ကုန်စုံဆိုင်ငယ်များ၌ ဓာတ်ဆီ၊ ဒီဇယ်ဆီ တရားမဝင်ရောင်းချသည့် ဆိုင်များအား သတိပေးမှတ်တမ်းရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (..၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် လယ်တော်အဝေးပြေးကားဝန်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံး၌ စားသုံးဆီ လက်လီ/လက္ကားအရောင်းဆိုင် လုပ်ငန်းရှင်များအား ကျေးရွာ လက်လီအရောင်းဆိုင်ရှင်များနှင့် ပြည်သူသို့ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချ ရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး ညှိနှိုင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားအုန်းဆီ ဖြန့်ဖြူးလျက်ရှိရာ စားသုံးသူ ပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရား မဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ စားအုန်းဆီ ဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ရပ်ကွက်အလိုက်  ဝယ်ယူရမည့်လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများ အတွက်  စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက် ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး၊ မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်စိုးက ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များ ဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့် ဆောင်ရွက်ကြစေရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ