
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ (၂.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် မင်းဘူးမြို့ပေါ်ရှိ ဆေးဆိုင်(၅)ဆိုင်အား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် ဆေးဝါးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါ သည်။
ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်လုပ်ငန်းရှင်များအား သက်တမ်းလွန်ဆေးဝါးများ နှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
