
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၂.၁၂.၂၀၂၅ ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ရန်ကင်းအထက (၁)တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဟောပြောပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး )က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင်တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page၊ DOCA Myanmar Page၊ CICC (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်းဖုန်းခေါ်ဆိုမေးမြန်း တိုင်ကြားးနိုင်ပါကြောင်း တိုင်ကြားနိုင်သည့်နည့်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး ဆရာ/ ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)
