
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆီထွက် သီးနှံဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆီထွက် သီးနှံ မြေပဲ၊ နှမ်း၊ နေကြာမျိုးစေ့များအား တောင်သူများထံပေးအပ်လျက်ရှိပါကြောင်း၊ ဆီထွက် သီးနှံဇုန်ကြီးနှစ်ဇုန်အား ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် သတ်မှတ်အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် နေကြာ စိုက်ဧက(၂)သိန်း(၂) သောင်း(၆)ထောင်အား စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ နေကြာစတင်စိုက်ပျိုး သည့်အချိန်မှ အထွက်နှုန်းများတိုးတက်လာသည်ကိုတွေ့ရပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် နိုဝင်ဘာလတွင် အကောင်းဆုံးဖြစ်ပါကြောင်းနှင့် အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲခင်းများပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ခြင်းလည်းဖြစ်ပါကြောင်း၊ ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း စိုက်ပျိုး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဟင်္သာတမြို့နယ်သည် ပဲပုပ်-ပဲကြီး ရောနှောစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းသည်ကိုလည်း တွေ့ရပါကြောင်း၊ ဆီဖူလုံရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများသည် ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာ ( Drum Seeder) ပေးအပ်ခဲ့ကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)
